• Follow Us on

Home တာချီလိတ်မြို့ လ-ဝ-ကရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး (၂) ဦးနှင့် (၄) နှစ် အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

တာချီလိတ်မြို့ လ-ဝ-ကရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး (၂) ဦးနှင့် (၄) နှစ် အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၁၁ (People Media)

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးကို ယမန်နေ့ ည (၇) နာရီကျော် အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ အမျိုးသမီး (၂) ဦးနှင့် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ညပိုင်းက အမည်မသိသူ လူတစ်ချို့မှ ဆိုင်ကယ်ဖြင့် လ-ဝ-ကရုံးရှေ့သို့ လာရောက်ပြီး နောက် ရုံးအတွင်းကို လက်ပစ်ဗုံး ပစ်သွင်းပြီး ထွက်ပြေးမောင်းနှင်သွားသည်။

 

လက်ပစ်ဗုံး ပစ်ခတ်သွားခြင်းကြောင့် (၄၉) နှစ်အရွယ် အမျိုးသမီး (၁) ဦးတွင် ဝဲခြေဖမိုးနှင့် ခြေကွက်ကြား၊ ယာဒူးနှင့် နို့အုံဘေး၊ ဒဏ်ရာရရှိခဲ့သလို (၂၄) နှစ်အရွယ် အမျိုးသမီး (၁) ဦးတွင်လည်း နှာခေါင်း၊ ဝဲပေါင်၊ ဝဲရင်ဘက် ဒဏ်ရာရရှိခဲ့ပြီး၊ အသက် (၄)နှစ်အရွယ် ကလေးငယ် (၁) ဦးတွင်လည်း ဝဲနား၊ ဝဲရင်ညွန့်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 

ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး (၂) ဦးနှင့် ကလေးငယ်တစ်ဦးကို တာချီလိတ်ခရိုင် ဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့ပြီး၊ အခင်းဖြစ်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးခဲ့ရာ ပေါက်ကွဲခဲ့သည့် လက်ပစ်ဗုံးမှာ 91 M167 အမျိုးအစား လက်ပစ်ဗုံးဖြစ်သည်။

 

Photo – Credit

 

#PeopleMedia #တာချီလိတ် #လဝက

 

(unicode)

တာခြီလိတျမွို့ လ-ဝ-ကရုံး လကျပဈဗုံးဖွင့ျ ပဈပေါကျတိုကျခိုကျခံရမှုကွောင့ျ အမြိုးသမီး (၂) ဦးနှင့ျ (၄) နှဈ အရှယျ ကလေးငယျတဈဦး ထိခိုကျဒဏျရာရရှိခဲ့

……………………………………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post