• Follow Us on

Home တာတိုပစ္ပဲ့ထိန္းဒံုးပ်ံေတြပါတဲ့စစ္ေရးေလ့က်င့္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္ ႀကီးၾကပ္စစ္ေဆး

တာတိုပစ္ပဲ့ထိန္းဒံုးပ်ံေတြပါတဲ့စစ္ေရးေလ့က်င့္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္ ႀကီးၾကပ္စစ္ေဆး

Share this post

ၿပံဳယန္း၊ မတ္ ၁၀

တစ္ပတ္အတြင္း ဒုတိယအႀကိမ္ေျမာက္ တာတိုပစ္ပဲ့ထိန္းဒံုးက်ည္ေတြပါ၀င္တယ္လို႔ထင္ရတဲ့ ပစ္လႊတ္မႈပါ၀င္ၿပီး ပစ္စြမ္းအား တိုက္ခိုက္မႈလို႔နာမည္ေပးတဲ့ စစ္ေရးေလ့က်င့္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္က တနလၤာေန႔ မတ္ ၉ ရက္မွာ ကိုယ္တိုင္ၾကည့္႐ွဳစစ္ေဆးခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရပိုင္သတင္း KCNA သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

စစ္ေရးေလ့က်င့္မႈတစိတ္တပိုင္းအေနနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံဟာ တနလၤာေန႔မွာ ပင္လယ္ထဲဒံုးက်ည္ေတာ္ေတာ္မ်ားမ်ား ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္ဘက္ကေျပာပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴကလီးယားနဲ႔ ဒံုးက်ည္အစီအစဥ္ေတြ ရပ္ဆိုင္းေရးေဆြးေႏြးမႈေတြျပန္လာဖို႔ အေမ ရိကန္နဲ႔တ႐ုတ္က ေတာင္းဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားျပည္သူ႔တပ္မေတာ္ရဲ႕တပ္မွဴးႀကီးေတြကလည္း ကင္နဲ႔အတူ႐ွိခဲ့ၿပီး ရလဒ္အတြက္ ေတာ္ေတာ္ေလးစိတ္ေက်နပ္ ေၾကာင္းေျပာခဲ့ၾကတယ္လို႔ KCNA က ေဖာ္ျပပါတယ္။

စစ္ေရးေလ့က်င့္မႈရဲ႕ရည္႐ြယ္ခ်က္က ေ႐ွ႕တန္းမွာ႐ွိတဲ့ တာေ၀းပစ္အေႁမွာက္တပ္ဖြဲ႕ေတြရဲ႕ ႐ုတ္တရက္တံု႔ျပန္တိုက္ခိုက္ႏိုင္စြမ္း ကို ၾကည့္႐ွဳစစ္ေဆးဖို႔ျဖစ္တယ္လို႔လည္း ပါ၀င္ပါတယ္။

KCNA ထုတ္ျပတဲ့ပံုေတြမွာေတာ့ အေျမာက္ဆံေတြကို တပ္ဖြဲ႔ေတြပစ္လႊတ္တာနဲ႔ ပစ္လႊတ္စင္ ၄ စင္က ဘက္စံုပစ္ဒံုးက်ည္စနစ္ (MLRS) ေတြကေန ဒံုးပ်ံေတြပစ္လႊတ္တာေတြပါ၀င္ပါတယ္။

ဒံုးပ်ံေတြက ကီလိုမီတာ ၂၀၀ ေလာက္အေ၀းေရာက္ခဲ့ၿပီး အျမင့္ ၅၀ မီတာေလာက္အထိေရာက္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္ ဦးစီးခ်ဳပ္ကေျပာပါတယ္။

Ref: North Korea leader Kim Jong Un oversaw latest missile launch: State media

#PeopleMedia #Missile #DPRK

(Unicode)
တာတိုပစ်ပဲ့ထိန်းဒုံးပျံတွေပါတဲ့စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် ကြီးကြပ်စစ်ဆေး
…………………………………………………………

ပြုံယန်း၊ မတ် ၁၀

တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေပါဝင်တယ်လို့ထင်ရတဲ့ ပစ်လွှတ်မှုပါဝင်ပြီး ပစ်စွမ်းအား တိုက်ခိုက်မှုလို့နာမည်ပေးတဲ့ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က တနင်္လာနေ့ မတ် ၉ ရက်မှာ ကိုယ်တိုင်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်သတင်း KCNA သတင်းအေဂျင်စီကဖော်ပြပါတယ်။

စစ်ရေးလေ့ကျင့်မှုတစိတ်တပိုင်းအနေနဲ့ မြောက်ကိုရီးယားနိုင်ငံဟာ တနင်္လာနေ့မှာ ပင်လယ်ထဲဒုံးကျည်တော်တော်များများ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ဘက်ကပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ ရပ်ဆိုင်းရေးဆွေးနွေးမှုတွေပြန်လာဖို့ အမေ ရိကန်နဲ့တရုတ်က တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားပြည်သူ့တပ်မတော်ရဲ့တပ်မှူးကြီးတွေကလည်း ကင်နဲ့အတူရှိခဲ့ပြီး ရလဒ်အတွက် တော်တော်လေးစိတ်ကျေနပ် ကြောင်းပြောခဲ့ကြတယ်လို့ KCNA က ဖော်ပြပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်က ရှေ့တန်းမှာရှိတဲ့ တာဝေးပစ်အမြှောက်တပ်ဖွဲ့တွေရဲ့ ရုတ်တရက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း ကို ကြည့်ရှုစစ်ဆေးဖို့ဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။

KCNA ထုတ်ပြတဲ့ပုံတွေမှာတော့ အမြောက်ဆံတွေကို တပ်ဖွဲ့တွေပစ်လွှတ်တာနဲ့ ပစ်လွှတ်စင် ၄ စင်က ဘက်စုံပစ်ဒုံးကျည်စနစ် (MLRS) တွေကနေ ဒုံးပျံတွေပစ်လွှတ်တာတွေပါဝင်ပါတယ်။

ဒုံးပျံတွေက ကီလိုမီတာ ၂၀၀ လောက်အဝေးရောက်ခဲ့ပြီး အမြင့် ၅၀ မီတာလောက်အထိရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ် ဦးစီးချုပ်ကပြောပါတယ်။

Ref: North Korea leader Kim Jong Un oversaw latest missile launch: State media

#PeopleMedia #Missile #DPRK


Share this post