• Follow Us on

Home တာလတ်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို အစ္စရေးနှင့် အိန္ဒိယပူးပေါင်းစမ်းသပ်မှုအောင်မြင်

တာလတ်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို အစ္စရေးနှင့် အိန္ဒိယပူးပေါင်းစမ်းသပ်မှုအောင်မြင်

Share this post

ဂျေရုဆလင်၊ ဇန်နဝါရီ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အစ္စရေးလေကြောင်းလုပ်ငန်းစု IAI နှင့် အိန္ဒိယအစိုးရ၏ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ DRDO က တာလတ်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် MRSAM ကို အောင်အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့သည်။

MRSAM ကို IAI နှင့် DRDO တို့က ပြီးခဲ့သည့်နှစ်ပေါင်းများစွာအတွင်းပူးပေါင်းဖန်တီးနေခြင်းဖြစ်ပြီး ဒီဇင်ဘာ လကုန်တွင် အိန္ဒိယနိုင်ငံ၌ စမ်းသပ်ခဲ့ကြောင်း IAI ကပြောသည်။

၂၀၁၇ ခုနှစ်တွင် IAI နှင့် အိန္ဒိယတို့က အိန္ဒိယမြေပြင်တပ်ဖွဲ့များတွင်အသုံးပြုမည့် MRSAM စနစ်အတွက် ဒေါ်လာသန်း ၁၆၀၀ တန်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

ထိုလုပ်ရပ်သည် ကာကွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် “အိန္ဒိယတွင်လုပ်သည်”မူဝါဒအရ ဖက်စပ်လုပ်ငန်း တခုဖြစ်သည်။

ယခုဒုံးကျည်စနစ်သည် အိန္ဒိယနိုင်ငံ၏တာလတ်ဒုံးကျည်လိုအပ်ချက်ဖြစ်သော ကီလိုမီတာ ၇၀ ကိုပြည့်မီသည်။

စမ်းသပ်မှုတွင် ရွေ့လျားဒုံးကျည်ပစ်စင်နှင့် ဘက်စုံရေဒါများပါဝင်သည်။

MRSAM ကို အိန္ဒိယလေတပ်နှင့်ရေတပ်တို့က အသုံးပြုမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်က ဒေါ်လာသန်းထောင်ချီတန်ဖိုးရှိသဘောတူစာချုပ်တွင် စနစ်မည်မျှပါဝင်မည်ဖြစ်ကြောင်း အစ္စရေး ကုမ္ပဏီကမပြောချေ။

အိန္ဒိယနိုင်ငံ၏ စစ်တပ်အရွယ်အစား၊ နိုင်ငံ၏မြေပြင်အနေအထားနှင့် မကြာသေးမီကထိပ်တိုက်တွေ့ဆုံမှုများ ကြောင့် လက်နက်ဝယ်ယူမှုများမြင့်တက်နေသည်။

Ref : Israel and India test MRSAM air defense system

#PeopleMedia

(unicode)
………………………………………











Ref : Israel and India test MRSAM air defense system

#PeopleMedia


Share this post