• Follow Us on

Home တာလီဘန်တိုက်ခိုက်ရေးသမားအမြောက်အများ ပန်းရှီယာတောင်ကြားသို့ ချီတက်သွား

တာလီဘန်တိုက်ခိုက်ရေးသမားအမြောက်အများ ပန်းရှီယာတောင်ကြားသို့ ချီတက်သွား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃ (People Media)

 

တာလီဘန်တိုက်ခိုက်ရေးသမားအမြောက်အများသည် တာလီဘန်အဖွဲ့ မထိန်းချုပ်နိုင်သေးသည့် နယ်မြေများ ထဲမှ နယ်မြေတစ်ခုဖြစ်သော ပန်းရှီယာတောင်ကြားသို့ ဦးတည်ချီတက်သွားကြောင်း တာလီဘန်အဖွဲ့က စနေ နေ့ကပြောကြားလိုက်သည်။

 

တာလီဘန်များအာဖဂန်နစ္စတန်နိုင်ငံကိုသိမ်းပိုက်လိုက်သည့်အချိန်မှစ၍ တာလီဘန်ဆန့်ကျင်သည့်နေရာအဖြစ် လူသိများသော ကဘူးမြို့၏မြောက်ဘက်ရှိ ပန်းရှီယာတောင်ကြားတွင် အစိုးရတပ်ဖွဲ့ဝင်ဟောင်းများပါဝင်သည့် တာလီဘန်ဆန့်ကျင်သည့်အုပ်စု၏ ခုခံတော်လှန်မှုမှာ ကြိုကြားကြိုကြားပေါ်ထွက်လာခဲ့သည်။

 

“ပန်းရှီယာပြည်နယ်က ဒေသအာဏာပိုင်တွေက အဲဒီဒေသကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့တဲ့ အ တွက် အစ္စလာမ်မစ်စော်ဘွားများနိုင်ငံက မူဂျာဟစ်ဒင်တိုက်ခိုက်ရေးသမားအများအပြားဟာ ပန်းရှီယာပြည်နယ် ဘက်ကို ဦးတည်ထွက်ခွာသွားပါပြီ။” ဟု တာလီဘန်အဖွဲ့၏တွစ်တာတွင် အာရပ်ဘာသာဖြင့်ဖော်ပြထားသည်။

 

တာလီဘန်များနိုင်ငံကို ထိန်းချုပ်လိုက်ကတည်းက အာဖဂန်ပြည်သူထောင်ပေါင်းများစွာ ပန်းရှီယာပြည်နယ် ဘက်သို့ထွက်ပြေးလာကြကြောင်း တာလီဘန်ဆန့်ကျင်ရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အလီမိုင်ဆမ်နာဇရီက ပြော သည်။ ပန်းရှီယာပြည်နယ်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်မှုမတိုင်မီ နှစ်ရက်အလိုတွင် အယ်ကိုင် ဒါအဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့သော ထင်ရှားသည့်မူဂျာဟစ်ဒင်ခေါင်းဆောင် အာမက်ရှာမာဆွတ်၏ သားဖြစ်သူ  အာမက်မာဆွတ်သည် တာလီဘန်များကိုဆန့်ကျင်တိုက်ခိုက်ရန် တိုက်ခိုက်ရေးအင်အား ၉,၀၀၀ ဝန်းကျင် စုစည်းရှာဖွေထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

 

တပ်သားသစ်အများအပြား ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလုပ်နေကြပြီး သံချပ်ကာကားတချို့မှာ ကဘူး မြို့၏အရှေ့မြောက်ဘက်တောင်ကြားကို ဖြတ်သန်းမောင်းနှင်နေကြကြောင်း AFP သတင်းတွင်ရေးသားဖော် ပြထားသည်။ တာလီဘန်ဆန့်ကျင်ရေးအုပ်စုမှာ အစိုးရပုံစံသစ်တစ်မျိုးကိုလိုချင်နေကြသော်လည်း လိုအပ်ပါက တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း အလီမိုင်ဆမ်နာဇရီကပြောသည်။ “အာဖဂန်ပြည်နယ်သုံးလေးခုက အစိုးရစစ် သားတွေက ပန်းရှီယာပြည်နယ်ကိုရောက်လာကြပါတယ်” ဟု တာလီဘန်ဆန့်ကျင်ရေးအုပ်စုခေါင်းဆောင် အာ မက်မာဆွတ် ကပြောသည်။

 

“တာလီဘန်တွေ ဒီလမ်းကြောင်းအတိုင်းဆက်သွားရင် သက်ဆိုးရှည်မှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ အာဖ ဂန်နစ္စတန်ကိုကာကွယ်သွားဖို့အသင့်ရှိနေပါတယ်။ သွေးချောင်းစီးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သတိပေးချင်ပါတယ်။” ဟု အာ မက်မာဆွတ်ကပြောသည်။

 

Ref: Taliban says ‘hundreds’ of fighters head for holdout Panjshir Valley

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

Ref: Taliban says ‘hundreds’ of fighters head for holdout Panjshir Valley

 

#PeopleMedia


Share this post