• Follow Us on

Home တာလီဘန်များအား တိုက်ခိုက်ရန် အာဖဂန်အမျိုးသမီးတစ်ဦး တပ်သားသစ်စုဆောင်း

တာလီဘန်များအား တိုက်ခိုက်ရန် အာဖဂန်အမျိုးသမီးတစ်ဦး တပ်သားသစ်စုဆောင်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇ (People Media)

 

 

အမျိုးသားများလွှမ်းမိုးထားသည့် အာဖဂန်နစ္စတန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦးဖြစ်သူ ဆာလီမာ မာဇာရီသည် တာလီဘန်များအားတိုက်ခိုက်ရန် တပ်သားသစ်များစုဆောင်းလျက်ရှိကြောင်းသိရသည်။

 

မေလအစောပိုင်းကာလကတည်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်၏အရှည်ကြာဆုံးသောစစ်ပွဲ ကိုရပ်တန့်ရန်ပြောဆိုပြီး အမေရိကန်စစ်သည်များ မိခင်နိုင်ငံသို့ပြန်လာရန် အမိန့်ပေးခဲ့သည့်အချိန်တွင် တာလီ ဘန်များမှာ အာဖဂန်ကျေးလက်ဒေသအများအပြားကို အလျင်အမြန်ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။

တာလီဘန်သူပုန်များသိမ်းပိုက်ထားသော နယ်မြေအများအပြားတွင် အပြောင်းအလဲမရှိသလောက်ဖြစ်ပြီး မာဇာ ရီအုပ်ချုပ်နေသော ချာကန့်ခရိုင်မှာ အန္တရာယ်မှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိသည်။ ချာကန့်ခရိုင်မှာ ဘဲက် ပြည်နယ်၊ မာဇာအီရှာရစ်မြို့၏ တောင်ဘက်တစ်နာရီခန့်ကြာမြင့်သောအကွာအဝေးရှိ ကျောက်ဆောင်/ ကျောက်ကမ်းပါးပေါများထူထပ်သည့် တောင်တန်းများပေါ်တွင် တည်ရှိသည်။

 

“တာလီဘန်တွေဟာ လူ့အခွင့်အရေးကို နင်းချေစော်ကားနေသူတွေပါ” ဟု သူမကပြောသည်။

 

တာလီဘန်အစိုးရလက်ထက်တွင် မိန်းမများနှင့် အမျိုးသမီးငယ်များမှာ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ကိုင် ခွင့်မရရှိပေ။ သို့သော် လက်နက်ကိုင်များကျဆုံးခဲ့ကြသည့် ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် သဘောထားအမြင်များ မှာ တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

“လူမှုရေးနယ်ပယ်မှာတော့ လူတွေက အမျိုးသမီးတစ်ယောက်ခေါင်းဆောင်လုပ်တာကို လက်ခံဖို့ အဆင်သင့် မဖြစ်ကြသေးဘူး” ဟု မာဇာရီက အေအက်ဖက်ပီသတင်းဌာနကိုပြောသည်။

 

မာဇရီမှာ သူမခေါင်းကို လိပ်ပြာ ပုံစံအမြောက်အမွှမ်းများပါသည့် တဘက်ပဝါဖြင့် လွှမ်းခြုံထားပြီး သူမမျက်လုံး များကို နေကာမျက်မှန်ကြီးအောက်တွင် ဖုံးကွယ်ထားသည်။

မာဇာရီသည် ဆွန်နီတာလီဘန်များက မိစ္ဆာဒိဋ္ဌိဂိုဏ်းခွဲဟုသတ်မှတ်ထားသော ရှီယာမူဆလင်အများစုဖြင့်ဖွဲ့စည်း ထားသည့် ဟာဇာရာဂိုဏ်းဝင်တစ်ယောက်လည်းဖြစ်ပြီး ၎င်းအဖွဲ့ဝင်များမှာ တာလီဘန်များက ပုံမှန်ပစ်မှတ် ထားခံနေရသူများဖြစ်သည်။

မာဇာရီအုပ်ချုပ်နေသည့်ခရိုင်ဧရိယာထက်ဝက်ခန့်မှာ တာလီဘန်တို့လက်အောက်တွင်ရောက်ရှိနေပြီးဖြစ်သဖြင့် လက်ကျန်နယ်မြေများကိုကာကွယ်ရန် သူမက အချိန်ပေး၍ လူသစ်စုဆောင်းနေခြင်းဖြစ်သည်။

လယ်သမားများ၊ သိုးကျောင်းသားများနှင့် အလုပ်သမားများအပါအဝင် ဒေသခံရာပေါင်းများစွာတို့မှာ သူမထံပူး ပေါင်းပါဝင်လာကြသည်။ “ကျွန်မတို့လူထုမှာ လက်နက်မရှိဘူး။ ဒါပေမဲ့ သူတို့ လက်နက်လိုချင်ကြတယ်။ ဒါ့ ကြောင့် သူတို့ နွားတွေ၊ သိုးတွေ၊ လယ်ယာမြေတွေကိုတောင် လက်နက်ဝယ်ဖို့ ရောင်းကြတယ်” ဟု သူမက ပြောသည်။ “သူတို့ ဘာအသိအမှတ်ပြုမှု၊ ဘာလစာမှမရဘဲနေ့ရောညပါ ရှေ့တန်းစစ်မျက်နှာကိုရောက်နေကြ တယ်” ဟု သူမကပြောသည်။

 

မာဇာရီတို့အောင်ပွဲမှာ ပြည်သူများ၏ထောက်ပံ့မှုကြောင့်ဖြစ်လာရခြင်းဖြစ်ကြောင်းသူမကပြောသည်။ ယနေ့ အ ချိန်အထိ ဒေသခံလူသစ် ၆၀၀ ခန့်စုဆောင်းရရှိပြီးဖြစ်ကြောင်းသိရသည်။ ချာကန့်ခရိုင်ရှိ ကျေးလက်ပြည်သူ များမှာ တာလီဘန်များလက်ထက်က အိပ်မက်ဆိုးများကို သတိရနေဆဲဖြစ်သည်။ ၂၀၀၁ ခုနှစ် အမေရိကန်ဦး ဆောင်သော ကျူးကျော်မှုဖြင့် အစ္စလာမစ်အစိုးရကိုဖြုတ်မချခင် အာဖဂန်နစ္စတန်အားတာလီဘန်တို့ အုပ်ချုပ်ခဲ့ ခြင်းဖြစ်သည်။

 

တာလီဘန်များပြန်လည်ဝင်ရောက်လာပါက ယခုကဲ့သို့ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို မည်သို့မျှ သည်းခံနိုင် မည်မဟုတ်ကောင်း မာဇာရီသိသည်။ “အမျိုးသမီးတွေကို ပညာသင်ကြားခွင့်ပိတ်ပင်ထားတယ်။ ကျွန်မတို့ လူ ငယ်တွေဟာ အလုပ်လုပ်ကိုင်ခွင့်လည်းမရကြပါဘူး” ဟု နောက်ထပ်တိုက်ပွဲတစ်ပွဲဆင်နွှဲရန် ပြည်သူ့စစ်ခေါင်း ဆောင်များနှင့် အစည်းအဝေးပြုလုပ်နေစဉ်အတွင်း သူမကပြောသည်။

 

Ref: On the frontline: Afghan woman governor recruits anti-Taliban militia

 

#PeopleMedia #International

 

(unicode)


………………………………………………………

 


 

 


 


 


 


 


 

 


 


 

 


 

 


 

 


 


 


 

Ref: On the frontline: Afghan woman governor recruits anti-Taliban militia

 

#PeopleMedia #International


Share this post