• Follow Us on

Home တာလီဘန်များ ကတိချိုးဖောက်မှု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

တာလီဘန်များ ကတိချိုးဖောက်မှု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံမှ တာဘီဘန်များ၏ အမျိုးသမီးမျာအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လက်တုံ့ပြန် သတ်ဖြတ်မှုများအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ရှဲဘတ်ချီလက်တ်က ပြင်းပြင်းထန် ထန်ဝေဖန်ကာ ပြစ်တင်ရှုတ်ချလိုက်သည်။

 

တာလီဘန်များ၏ လူသားအားလုံးသာတုူညီမျှထောက်ပံ့ရေးတွင် အခွင့်အလမ်းတူညီစွာရရှိနိုင်ရေး ထောက်ပံ့ ရန်ပျက်ကွက်မှုနှင့် အာဖဂန်ပြည်သူများ၏ လူ့အခွင့်အရေးကို လေးစားရန်ပျက်ကွက်မှုတို့အတွက် စိတ်ပျက်မိ ကြောင်း တနင်္လာနေ့ ကပြောကြားခဲ့သည့်မိန့်ခွန်းတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြင်း ပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။

 

တာလီဘန်များ အာဏာထိန်းချုပ်ခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှ ယနေ့အထိ ပေးထားသောကတိကဝတ်များ ချိုးဖောက်ခဲ့မှုများအတွက် သူမကထောက်ပြဝေဖန်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံတွင်းရှိ အမျိုးသမီး များ၊ တိုင်းရင်းသားလူနည်းစုများနှင့် မတူကွဲပြားသော ဘာသာရေးအုပ်စုများ ၎င်းတို့အခွင့်အရေးအတွက် စိုးရိမ် ကြောက်ရွံ့နေရသည့် အလွန်အန္တရာယ်ရှိသောအခြေအနေသစ်တစ်ရပ်ကို ရောက်ရှိနေကြောင်း သူမကပြော သည်။

 

“ကတိပေးခဲ့တာတွေနဲ့ ဆန့်ကျင်နေတာတွေကိုပြောရမယ်ဆိုရင် တာလီဘန်တွေဟာ လွန်ခဲ့တဲ့သီတင်းပတ် သုံး ပတ်အတွင်း အမျိုးသမီးအခွင့်အရေးတွေကို လေးစားပါ့မယ်လို့ပြောခဲ့တယ်။ လက်ရှိမှာ အဲဒီလိုလေးစားပါ့ မယ် ဆိုတဲ့အစား အမျိုးသမီးတွေကိုလူမှုအသိုင်းအဝိုင်းထဲကနေ ဘေးဖယ်ထုတ်ထားခဲ့တယ်” ဟုသူမကပြောသည်။

 

ပက်ရှ်ထွန်လူမျိုးများလွှမ်းမိုးထားသည့် အစိုးရအဖွဲ့သစ်ထဲတွင် အမျိုးသမီးများပါဝင်ခြင်းမရှိသည်ကို အထူးစိုးရိမ် ဖွယ်ရာအခြေအနေတစ်ရပ်အဖြစ် သူမက ထောက်ပြပြောဆိုခဲ့သည်။ ယခင်အစိုးရလက်ထက်က နယ်ဘက်ဝန် ထမ်းများနှင့် အရာရှိများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပါမည်ဆိုသောကတိနှင့် တစ်အိမ်တက်ဆင်းလိုက်လံရှာဖွေ ခြင်းမပြုလုပ်ပါဟူသောကတိများကိုလည်း တာလီဘန်များချိုးဖောက်ခဲ့ကြောင်း သူကကထောက်ပြသည်။

 

အဓိကလုပ်ငန်းများတွင် အမျိုးသမီးများအလုပ်လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ တာလီဘန်အစိုးရသစ်၏ ကန့်သတ် ချက်များကို အစိုးရမဟုတ်သောအဖွဲ့အစည်းများကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။  “တာလီဘန်တွေက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့လို အကူအညီပေးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတွေ ကိုလည်း ပိတ်ပင်တားမြစ်တယ်။” ဟု အာဖဂန်နစ္စတန်နိုင်ငံမှ Caritas အဖွဲ့၏ ဌာနေကိုယ်စားလှယ် စတီဖင် ရက်ကာက ပြောသည်။

 

Ref: UN rights chief slams Taliban over broken promises

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: UN rights chief slams Taliban over broken promises

 

#PeopleMedia


Share this post