• Follow Us on

Home တာလီဘန်များ အာဖဂန်နစ္စတန်ကိုသိမ်းပိုက်လိုက်ခြင်းသည် အနောက်အုပ်စုကို အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲ သတိပေး

တာလီဘန်များ အာဖဂန်နစ္စတန်ကိုသိမ်းပိုက်လိုက်ခြင်းသည် အနောက်အုပ်စုကို အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲ သတိပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၁ (People Media)

 

တာလီဘန်များ အာဖဂန်နစ္စတန်နိုင်ငံကိုသိမ်းပိုက်လိုက်ခြင်းသည် အခြားနေရာများကိုတိုက်ခိုက်ရန် ကြံစည်နေ သည့် အစွန်းရောက်ဝါဒီများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးလိုက်ခြင်းဖြစ်ပြီး 9/11 ဖြစ်စဉ်ကဲ့သို့ တိုက်ခိုက်မှု မျိုး လုပ်ဆောင်လာရန် တစ်ဖန်ပြန်လည်အခြေချခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန် MI5 ထောက်လှမ်းရေးအ ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ကန်မက်ကောလမ်က သြဂုတ်လ ၁၀ ရက်နေ့ကပြောကြားလိုက်သည်။

 

“အစွန်းရောက်ဝါဒကို အနိုင်ယူဖို့နဲ့ အကြမ်းဖက်ဝါဒကို ဂရုတစိုက်စောင့်ကြည့်ဖို့ နိုင်ငံတကာကြိုးပမ်းမှုတစ်ရပ်ကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရပါမယ်” ဟု အမေရိကန်တိုက်ခိုက်ခံရသည့် ၂၀၀၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်နေ့ နှစ်ပတ်လည်အကြိုနေ့ အင်တာဗျူးတစ်ခုတွင် ကန်မက်ကောလမ်က ပြောသည်။

 

ဗြိတိန်နိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် တိုက်ခိုက်မှုနှစ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ မန်ချက်စတာမြို့ရှိ စင်တင်တေးဂီတ ဖျော်ဖြေပွဲတစ်ခုတွင် ဗုံးပေါက်ကွဲခဲ့ပြီး လန်ဒန်မြို့ တံတားနှစ်ခုတွင် ဓားသမားနှစ်ဦး၏တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ ရသည်။ လွန်ခဲ့သည့်လေးနှစ်ကတည်းက ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် ဗြိတိန်နိုင်ငံကိုတိုက် ခိုက်မည့် လုပ်ကြံမှုအစီအစဉ် ၃၁ ခုကို တားဆီးနိုင်ခဲ့ကြောင်း၊ ယင်းစစ်သွေးကြွများကို တာလီဘန်တို့၏အောင် မြင်မှုများက လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်ကြောင်း ကန်မက်ကောလမ်က ပြောသည်။

 

“ဗြိတိန်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ အစွန်းရောက်ဝါဒီတွေကို နေ့ချင်းညချင်းဆိုသလို စိတ်ဓာတ်မြှင့်တင်မှု တွေ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သတိဝီရိယရှိဖို့လိုပါတယ်။ လတ်တလောကာလ အာဖဂန်နစ္စတန်ကအဖြစ်အပျက်တွေဟာ အဲဒီအစွန်းရောက်ဝါဒီတွေကို အားပေးအားမြှောက်လုပ်ပြီး ရဲဆေး တင်ပေးနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး” ဟု ၎င်းကပြောသည်။

 

တာလီဘန်များကမူ ၎င်းတို့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအား အိုစမာဘင်လာဒင်၏ 9/11 တိုက်ခိုက်မှုဖြစ်စဉ် ပြုလုပ်ခဲ့သလိုအဖြစ်မျိုး အဖြစ်ခံမည်မဟုတ်ကြောင်း၊ အာဖဂန်နစ္စတန်ကိုအခြေချ၍ အနောက်နိုင်ငံများကိုတိုက် ခိုက်ရန်ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ သို့သော် ကန်မက်ကောလမ်ကမူ နောက်ထပ် ဘာဖြစ်လာမည်ဆိုသည်ကိုစောင့်မျှော်နေရခြင်းမှာ စွန့်စားခန်းတစ်ရပ်ပင်ဖြစ်ကြောင်းပြောသည်။

 

“တိုက်ရိုက်စေ့ဆော်တဲ့အကျိုးသက်ရောက်မှုဟာ အန္တရာယ်တစ်ခုပဲဗျ။ ဘာအန္တရာယ်လဲဆိုတော့ အကြမ်းဖက် သမားတွေ ပြန်လည်စုစည်း ပြီး 9/11 တုန်းက ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ အကြမ်းဖက်လုပ်ကြံမှုထက် ပိုပြီး ခေတ်မီအဆင့်မြင့်တဲ့အကြမ်းဖက်မှုမျိုးကို နောက်တစ်ခါ ကြုံရနိုင်ပါတယ်” ဟု ကန်မက်ကောလမ်က ပြော သည်။

 

Ref: UK spy chief warns Taliban’s takeover of Afghanistan could fuel terror plots against West

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 

Ref: UK spy chief warns Taliban’s takeover of Afghanistan could fuel terror plots against West

 

#PeopleMedia


Share this post