• Follow Us on

Home တာလီဘန်များ အိုင်အက်စ်ကိုတိုက်ခိုက်မည်ဆိုသည်ကို အမေရိကန်သံသယရှိ

တာလီဘန်များ အိုင်အက်စ်ကိုတိုက်ခိုက်မည်ဆိုသည်ကို အမေရိကန်သံသယရှိ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)

 

တာလီဘန်အဖွဲ့နှင့် အိုင်အက်စ်အဖွဲ့သည် တစ်ဖက်နှင့်တစ်ဖက် အသေအကြေတိုက်ခိုက်ကြမည့် ရန်သူများဖြစ် သည်ဟုဆိုသည့်တိုင် အိုက်အက်စ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရန် တာလီဘန်အဖွဲ့တွင် စွမ်း ရည်ရှိမရှိ မသေချာကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

 

တာလီဘန်များသည် အိုင်အက်စ်များကို လိုက်လံချေမှုန်းရန် အထူးပင်စိတ်ဓာတ်တက်ကြွလျက်ရှိကြောင်း၊ သို့ သော်လည်း ယင်းသို့လုပ်ဆောင်နိုင်ရန်မှာ စဉ်းစားတွက်ချက်ရန်လိုအပ်ကြောင်း မူဝါဒရေးရာကာကွယ်ရေး အ တွင်းဝန်၏အကြံပေးအရာရှိဖြစ်သူ ကောလင်းခါးလ်က စက်တင်ဘာလ ၂၆ ရက်နေ့က ကွန်ဂရက်ကော်မတီသို့ တင်ပြခဲ့သည်။

 

အိုင်အက်စ်အဖွဲ့သည် တာလီဘန်များ အာဖဂန်နစ္စတန်တွင်အာဏာရပြီးကတည်းက ပြင်းထန်ဆိုးရွားလှသော တိုက်ခိုက်မှုများကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ် သည်။ ယင်းတိုက်ခိုက်မှုများတွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သည့် ကန်ဒတ်နှင့် ကန်ဒါဟာ ပြည်နယ်များ တွင် လူပေါင်း ၁၅၀ နီးပါးသေဆုံးခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုများလည်း ပါဝင်သည်။

 

အမေရိကန်တပ်ဖွဲ့ဝင်များအားလုံး သြဂုတ်လအကုန်တွင်ပြန်လည်ဆုတ်ခွာမှုများမပြုလုပ်မီ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အာဖဂန်အရပ်သား ၁၇၀ သေဆုံးခဲ့သည့် ကဘူးလေဆိပ်အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့လက် ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာခဲ့သည်။

 

လက်ရှိအချိန်တွင် အိုင်အက်စ်အဖွဲ့မှာ အာဖဂန်နစ္စတန်နိုင်ငံတွင်း အင်အားထောင်ဂဏန်းမျှသာရှိသော်လည်း ယင်းအဖွဲ့သည် ခြောက်လအတွင်း အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်လာနိုင်ကြောင်း အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီကြားနာပွဲတွင် ကောလင်းခါးလ်က တင်ပြခဲ့သည်။

 

အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်သည် အ ခြားတိုင်းပြည်များကို အကြမ်းဖက်အဖွဲ့အစည်းများမှတိုက်ခိုက်ရန် ခြေကုပ်ယူနေသည့်နိုင်ငံအဖြစ်မခံနိုင်ကြောင်း တာလီဘန်အစိုးရ၏ ခေတ္တနိုင်ငံခြားရေးဝန်ကြီး အေမီယာခမ်းမတ်တာကီကပြောသည်။

 

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ယခုလအစောပိုင်းက ကျင်းပခဲ့သောအစည်းအဝေးတွင် အမေရိကန်အရာရှိများနှင့် တာလီဘန်ထိပ်တန်းခေါင်းဆောင်များသည် အစွန်းရောက်အုပ်စုများ ထိန်းချုပ်ရေးခေါင်းစဉ်ကဲ့သို့ အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

 

တာလီဘန်များအနေဖြင့် အိုက်အက်စ်အဖွဲ့၊ ဆက်စပ်အဖွဲ့များနှင့် အခြားအစွန်းရောက်အုပ်စုများကို ထိန်းချုပ်ရာ တွင် အမေရိကန်ပြည်ထောင်စုနှင့်ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဘဲ တာဘီဘန်တစ်ဖွဲ့တည်းသာ လွတ်လပ်စွာ ထိန်းချုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်ဆူဟေးလ်ရှာဟန်းကပြောသည်။

 

Ref: Pentagon Official Raises Doubts About Taliban’s Ability To Fight Islamic State In Afghanistan

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Pentagon Official Raises Doubts About Taliban’s Ability To Fight Islamic State In Afghanistan

 

#PeopleMedia


Share this post