• Follow Us on

Home တာလီဘန္အက်ဥ္းသားမ်ားျပန္လႊတ္ေပးေရးအစီအစဥ္ အာဖဂန္နစၥတန္ဆက္လုပ္

တာလီဘန္အက်ဥ္းသားမ်ားျပန္လႊတ္ေပးေရးအစီအစဥ္ အာဖဂန္နစၥတန္ဆက္လုပ္

Share this post

ကဘူးလ္၊ စက္တင္ဘာ ၂

အျငင္းပြားဖြယ္တာလီဘန္အက်ဥ္းသားရာခ်ီလႊတ္ေပးသည့္အစီအစဥ္ကို အာဖဂန္နစၥတန္ႏိုင္ငံက ျပန္စခဲ့သည္။

တနလၤာေန႔မွစတင္၍ အက်ဥ္းသား ၂၀၀ ခန္႔ကို အာဖဂန္အာဏာပိုင္မ်ားကလႊတ္ေပးလိုက္ေၾကာင္း တာလီဘန္အရာ႐ွိတစ္ေယာက္က AFP သတင္းေအဂ်င္စီကိုေျပာၿပီး တာလီဘန္မ်ားကလည္း အာဖဂန္အေသခံတပ္သား ၄ ေယာက္ကိုလႊတ္ေပးလိုက္ေၾကာင္းေျပာသည္။

တာလီဘန္အက်ဥ္းသားမ်ားကိုျပန္လႊတ္ေပးေရးသည္ ႏိုင္ငံအတြင္း ၁၉ ႏွစ္ေက်ာ္ၾကာေနသည့္ပဋိပကၡမ်ားကိုအဆံုးသတ္ရန္ ၫွိႏႈိင္းေဆြးေႏြးမႈမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ထားရသည့္လုပ္ငန္းစဥ္ျဖစ္သည္။

အျပည့္အ၀လႊတ္ေပးၿပီးပါက ရက္ပိုင္းအတြင္း ကာတာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားစတင္မည္ျဖစ္သည္။

အာဖဂန္သမၼတေဟာင္း ဟာမစ္ ကာဇိုင္းက အက်ဥ္းသားမ်ားျပန္လႊတ္ေပးျခင္းအေပၚ ခ်ီးက်ဴးေျပာဆိုခဲ့သည္။

ေဖေဖာ္ဝါရတြင္ အေမရိကန္ႏွင့္တာလီဘန္မ်ားအၾကားရခဲ့သည့္ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အရ တာလီဘန္အက်ဥ္းသား ၅၀၀၀ ကို အာဖဂန္အစိုးရကလႊတ္ေပးရမည္ျဖစ္ၿပီး တာလီဘန္မ်ားႏွင့္အာဖဂန္အစိုးရၾကားၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ လမ္းဖြင့္ေပးလိုက္ျခင္းျဖစ္သည္။

Ref : Afghanistan resumes Taliban prisoner release

#PeopleMedia

(unicode)
တာလီဘန်အကျဉ်းသားများပြန်လွှတ်ပေးရေးအစီအစဉ် အာဖဂန်နစ္စတန်ဆက်လုပ်
…………………………………….

ကဘူးလ်၊ စက်တင်ဘာ ၂

အငြင်းပွားဖွယ်တာလီဘန်အကျဉ်းသားရာချီလွှတ်ပေးသည့်အစီအစဉ်ကို အာဖဂန်နစ္စတန်နိုင်ငံက ပြန်စခဲ့သည်။

တနင်္လာနေ့မှစတင်၍ အကျဉ်းသား ၂၀၀ ခန့်ကို အာဖဂန်အာဏာပိုင်များကလွှတ်ပေးလိုက်ကြောင်း တာလီဘန်အရာရှိတစ်ယောက်က AFP သတင်းအေဂျင်စီကိုပြောပြီး တာလီဘန်များကလည်း အာဖဂန်အသေခံတပ်သား ၄ ယောက်ကိုလွှတ်ပေးလိုက်ကြောင်းပြောသည်။

တာလီဘန်အကျဉ်းသားများကိုပြန်လွှတ်ပေးရေးသည် နိုင်ငံအတွင်း ၁၉ နှစ်ကျော်ကြာနေသည့်ပဋိပက္ခများကိုအဆုံးသတ်ရန် ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြိုတင်ပြင်ဆင်ထားရသည့်လုပ်ငန်းစဉ်ဖြစ်သည်။

အပြည့်အဝလွှတ်ပေးပြီးပါက ရက်ပိုင်းအတွင်း ကာတာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများစတင်မည်ဖြစ်သည်။

အာဖဂန်သမ္မတဟောင်း ဟာမစ် ကာဇိုင်းက အကျဉ်းသားများပြန်လွှတ်ပေးခြင်းအပေါ် ချီးကျူးပြောဆိုခဲ့သည်။

ဖေဖော်ဝါရတွင် အမေရိကန်နှင့်တာလီဘန်များအကြားရခဲ့သည့်ငြိမ်းချမ်းရေးသဘောတူညီချက်အရ တာလီဘန်အကျဉ်းသား ၅၀၀၀ ကို အာဖဂန်အစိုးရကလွှတ်ပေးရမည်ဖြစ်ပြီး တာလီဘန်များနှင့်အာဖဂန်အစိုးရကြားငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

Ref : Afghanistan resumes Taliban prisoner release

#PeopleMedia


Share this post