• Follow Us on

Home တာလီဘန်အဖွဲ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားလိုဟုဆို

တာလီဘန်အဖွဲ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားလိုဟုဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

နယူးယောက်မြို့တော်၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၎င်းတို့ခန့်အပ်သည့် နိုင်ငံခြား ရေးဝန်ကြီးက အာဖဂန်နစ္စတန်နိုင်ငံအား ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခွင့်ပြုရန် တာလီဘန်အဖွဲ့က ကုလ သမဂ္ဂထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် အထွေထွေညီလာခံ၌ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက ယမန်နေ့မှစ၍ မိန့်ခွန်းများ ပြောကြားခဲ့သည်။

 

ညီလာခံ နောက်ဆုံးရက်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးလည်း မိန့်ခွန်ပြောကြားရန် စီစဉ် ထားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် စက်တင်ဘာလ ၂၀ ရက်က တာ လီဘန် ယာယီအစိုးရအဖွဲ့ထံမှ စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း ကုလသမဂ္ဂလက်ထောက်ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

 

အဆိုပါစာအား တာလီဘန်ယာယီအစိုးရအဖွဲ့ သံတမန်ဌာနတာဝန်ခံ အန်မီယာခန်းမွတ်တာကီက လက် မှတ်ရေးထိုးထားပြီး စာအတွင်း ၎င်းအနေဖြင့် အစည်းအဝေးတက်ရောက်လိုကြောင်း ဖော်ပြထားသည်။

 

တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဆူဟေးလ်အား ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန် သံ အမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း စာအတွင်း ဖော်ပြထားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ တရားဝင်အုပ်ချုပ်သူများအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းမှုဖြစ်ကြောင်း လေ့လာစောင့်ကြည်သူများက ပြောသည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ပြီးခဲ့သောအပတ်အတွင်း လက်ရှိ ကုလသ မဂ္ဂဆိုင်ရာ အာဖဂန်သံအမတ်ကြီး ဂူလ်အမ်အိုင်စက်ဇိုင်းထံမှ အထွေထွေညီလာခံတက်ရောက်မည့် ကိုယ်စား လှယ်စာရင်းတစ်ခုကိုလည်း လက်ခံရရှိခဲ့သည်။

 

အာဖဂန်နစ္စတန်သမ္မတဟောင်း အက်ရှ်ရက်ဂါနီက ၎င်းအား အဆိုပါရာထူးနေရာတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဂါနီဦးဆောင်သော အစိုးရအဖွဲ့က ပြီးခဲ့သောလအတွင်း အာဏာလက်လွှတ်ခဲ့ရသည်။

 

ကုလသမဂ္ဂ အသိအမှတ်ပြုမှု ရွေးချယ်ရေးကော်မတီက ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်မည့် အာဖဂန်နစ္စတန်နိုင်ငံ ကိုယ်စားလှယ်ရွေးချယ်မှုကိစ္စရပ်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

 

photo-ဆင်ဟွာ

 

ကိုးကား – အန်အိတ်ချ် ကေ

 

Ref; Taliban want to address UN General Assembly

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref; Taliban want to address UN General Assembly

 

#PeopleMedia


Share this post