• Follow Us on

Home တာလီဘန်အဖွဲ့က သုံးလအတွင်း ကဘူးလ်မြို့တော်အား သိမ်းပိုက်နိုင်ဟု မီဒီယာအချို့ ဖော်ပြ

တာလီဘန်အဖွဲ့က သုံးလအတွင်း ကဘူးလ်မြို့တော်အား သိမ်းပိုက်နိုင်ဟု မီဒီယာအချို့ ဖော်ပြ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်အဖွဲ့က ရက် ၉၀ အတွင်း ကဘူးလ်မြို့တော်အား ထိန်းချုပ်နိုင်ကြောင်း အမေရိကန်မီဒီယာသတင်းများက ဖော်ပြသည်။

 

ယခုလမကုန်မီ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာမှုမပြီးစီးမီ တာလီဘန်တိုက်ခိုက် ရေးသမားများက အစိုးရတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်မှု အရှိန်မြှင့်လျက်ရှိသည်။

 

တာလီဘန်အဖွဲ့က မကြာသေးမီရက်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်မြို့တော်များစွာအား သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

ကဘူးလ်မြို့တော်က တစ်လအတွင်း အဆက်အသွယ် ဖြတ်တောက်ခံရနိုင်ပြီး ရက် ၉၀ အတွင်း တာလီ ဘန်အဖွဲ့၏ လက်တွင်းသို့ ရောက်ရှိနိုင်ကြောင်းထောက်လှမ်းရေးသတင်းများကို အခြေခံကာ ဝါရှင်တန်ပို့စ်နှင့် အခြားမီဒီယာများက အမေရိကန်အစိုးရ တာဝန်ရှိသူများကို ကိုးကား၍ ဖော်ပြသည်။

 

ကဘူးလ်မြို့ သိမ်းပိုက်ခံရမှုအပါအဝင် မည်သည့်အခြေအနေမျှ ဖြစ်မလာနိုင်ဟု မပြောနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘီက သြဂုတ်လ ၁၁ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

“ဒါက အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်ပိုင်းအပေါ် မူတည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမှုကို ကာကွယ်ပြောဆိုခဲ့သော်လည်း အာဖဂန်န စ္စတန်နိုင်ငံ၌ လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း မီဒီယာအချို့က ဖော်ပြကြ သည်။

 

Ref; Reports: Afghan capital could fall within 90 days

 

#PeopleMedia #EPN #international #အာဖဂန်နစ္စတန်

 

(unicode)


…………………………………………………..

 


 


 


 


 


 


 


 


 

Ref; Reports: Afghan capital could fall within 90 days

 



Share this post