• Follow Us on

Home တာလီဘန်အဖွဲ့က မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ အာဏာရယူနိုင်ခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဝန်ခံ

တာလီဘန်အဖွဲ့က မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ အာဏာရယူနိုင်ခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဝန်ခံ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်အဖွဲ့ အာဏာပြန်လည်ရရှိလာမှုအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ရှိအချိန်ထိ မည်သည့်မှတ်ချက်မျှ မပေးသေးပေ။

 

သို့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အာဖဂန်နစ်စတန်နိုင်ငံရှိ အခြေအ နေကို အမေရိကန်နိုင်ငံ၏ အကဲဖြတ်မှုက အကောင်းမြင်လွန်းကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

 

အာဖဂန်တပ်မတော်က တိုင်းပြည်ကို မကာကွယ်နိုင်ခဲ့သလို တာလီဘန်အဖွဲ့၏ အာဏာထိန်းမှုက မျှော် လင့်ထားသည်ထက် ပိုမို မြန်ဆန်ခဲ့ကြောင်း အန်တိုနီဘလင်ကန်က ဆိုသည်။

 

အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံရှိ ကျန်ရှိသောတပ်ဖွဲ့များကို ယခုလမကုန်မီ ရုတ်သိမ်းမည်ဖြစ်သည်။

 

ထိုသို့ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမည့်အစီအစဉ်က အပြောင်းအလဲမရှိကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

 

နိုင်ငံတကာအကြမ်းဖက်အုပ်စု အယ်လ်ခိုင်ဒါအဖွဲ့အား ချေမှုန်းရန် အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန် နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုမစ်ရှင်က အောင်မြင်ခဲ့ကြောင်း ဘလင်ကန်က ပြောသည်။

 

၎င်းက အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းမှုကို ကာကွယ်ပြောကြားကာ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိ ကန်တပ်ဖွဲ့များထားရှိခြင်းက မိမိတို့၏ အကျိုးစီးပွားမဟုတ်ဟု ဆိုသည်။

 

အမေရိကန်အစိုးရက ယခုအခါ အဓိက စိန်ခေါ်မှုတစ်ရပ် ရင်ဆိုင်နေရသည်။ နှစ် ၂၀ ကျော်ကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးက ဖြုန်းတီးမှုဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ၌ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

 

နိုင်ငံတကာအသိုင်းအဝိုင်းက တာလီဘန်အဖွဲ့အား အာဖဂန်အစိုးရအဖြစ် အသိအမှတ်ပြုစရာမလိုဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်သည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယနေ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားသည်။

 

လူ့အသက်များကို ကာကွယ်နိုင်ရေး အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် အခြားသူများကို တိုက်တွန်းခဲ့သည်။

 

Ref; US, UK reaction to return of Taliban

 

#PeopleMedia #EPN #international #အာဖဂန်နစ္စတန် #တာလီဘန်

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 

Ref; US, UK reaction to return of Taliban

 



Share this post