• Follow Us on
Latest News

Home တာဝေးပစ်ခရုစ်ဒုံးကျည်များ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

တာဝေးပစ်ခရုစ်ဒုံးကျည်များ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃ (People Media)

 

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးရေးကို ဝေ့လည်ကြောင်ပတ်နှင့် အချိန်ဆွဲနေပြီး ၎င်း၏ လက်နက်ထုတ်လုပ်ရေးအစီအစဉ်များကို လျှို့ဝှက်စွာဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ယခု သီတင်းပတ်အတွင်း တာဝေးပစ်ခရုစ်ဒုံးကျည်အသစ်တစ်စင်းကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့သည်။

 

တာဝေးပစ်ခရုစ်ဒုံးကျည်သည် အကွာအဝေး ၉၃၂ မိုင်ကို နှစ်နာရီကျော်ကြာပျံသန်းသွားခဲ့ကြောင်း မြောက်ကိုရီး ယား၏ ဗဟိုသတင်းဌာနကကြေညာခဲ့ပြီး ယင်းအကွာအဝေးမှာ သမရိုးကျဒုံးကျည်ထိပ်ဖူးနှင့်ဖြစ်စေ နျူကလီး ယားဒုံးကျည်ထိပ်ဖူးနှင့်ဖြစ်စေ ဂျပန်နိုင်ငံသို့ပစ်ခတ်နိုင်သည့်အကွာအဝေးဖြစ်သည်။

 

စမ်းသပ်ပစ်ခတ်မှုများကို စနေ၊ တနင်္ဂနွေနှစ်ရက် ဆောင်ရွက်ခဲ့ပြီး ယင်းစမ်းသပ်ပစ်ခတ်မှုများမှာ မတ်လနောက် ပိုင်း ပထမဦးဆုံးစမ်းသပ်ပစ်ခတ်မှုဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် မတ်လအတွင်းကလည်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။

 

အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကိုသိရှိကြောင်း၊ အခြေအနေများ ကို တောင်ကိုရီးယား၊ ဂျပန်မဟာမိတ်နိုင်ငံများနှင့်အတူ စောင့်ကြည့်ထောက်လှမ်းနေကြောင်း အမေရိကန်စစ် ဘက်က ပြောသည်။

 

“မြောက်ကိုးရီးယားနိုင်ငံရဲ့ဆောင်ရွက်ချက်တွေက အဲဒီနိုင်ငံရဲ့စစ်အင်အားတိုးချဲ့ဖို့ ဆက်လက်အာရုံစိုက်ပြီး ဆောင်ရွက်နေပါတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ အဲဒီစမ်းသပ်ပစ်ခတ်မှုတွေဟာ မြောက်ကိုရီး ယားရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတာပါ” ဟု ဟာဝိုင်ယီအခြေစိုက် အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

 

ယင်းဒုံးကျည်သစ်မှာ မြောက်ကိုရီးယားတပ်မတော်၏ လက်နက်စွမ်းရည်ကိုမြှင့်တင်ရန်အတွက်ချမှတ်ထား သည့်အစီအစဉ်များထဲမှာ အဓိကအစီအစဉ်အဖြစ် နှစ်နှစ်ကြာဆောင်ရွက်ခဲ့သော “အလွန်အရေးပါသည့် မဟာ ဗျူဟာမြောက်ဒုံးကျည်” ဖြစ်ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာနကကြေညာခဲ့သည်။

 

ခရစ်ဒုံးကျည်များကို ဂျက်အင်ဂျင်ဖြင့်တွန်းပို့မောင်းနှင်ပြီး ပဲ့ထိန်းဒုံးကျည်များခြေရာခံရန် ခက်ခဲအောင် မြေပြင် နှင့် အလွန်နီးကပ်စွာပျံသန်းကြောင်းသိရသည်။ ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခြင်းအား ပိတ်ပင်ထားရန် ဆုံးဖြတ်ခဲ့သော်လည်း ခရုစ်ဒုံးကျည်များပစ်ခတ်မှုကို ပိတ်ပင်ထားခြင်း မရှိပေ။

 

Ref: North Korea test-fires long-range cruise missiles as arsenal continues to grow

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: North Korea test-fires long-range cruise missiles as arsenal continues to grow

 

#PeopleMedia


Share this post