• Follow Us on

Home တာဝေးပစ်အမြောက်ပစ်လေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကြည့်ရှုစစ်ဆေး


Share this post

ဆိုးလ်၊ မတ် ၃









(Unicode)
တာဝေးပစ်အမြောက်ပစ်လေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကြည့်ရှုစစ်ဆေး
…………………………………………………………

ဆိုးလ်၊ မတ် ၃

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ဟာ တာဝေးအမြောက်ပစ်လေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။

လက်နက်သစ်သရုပ်ပြမယ်လို့ပြောခဲ့ပြီးတဲ့နောက် အခုလိုစမ်းသပ်လေ့ကျင့်တာပါ။

ကင်က လေ့ကျင့်မှုကို ထိန်းကျောင်းပေးခဲ့တယ်လို့ KCNA ကဖော်ပြတာပါ။

တနင်္လာနေ့မှာ မြောက်ကိုရီးယားဘက်က တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်ခတ်တယ်လို့ တောင်ကိုရီးယားဘက် ကလည်း ပြောခဲ့ပေမဲ့ ဒီဖြစ်ရပ်နှစ်ခုဟာ တစ်ခုတည်းလားဆိုတာတော့ မရှင်းလင်းသေးပါဘူး။

အမေရိကန်နဲ့နျူကလီယားဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေတစ်ဆို့နေပြီး အခုနှစ် ၃ လအတွင်း မြောက်ကိုရီးယား ရဲ့ပထမဆုံးလက်နက်စမ်းသပ်မှုလည်းဖြစ်ပါတယ်။

နျူကလီးယားနဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံစမ်းသပ်မှုဆိုင်ရာစာချုပ်စာတမ်းတွေမှာပါဝင်တော့မခြင်းမရှိဘူးလို့ နိုဝင် ဘာမှာကင်က ကြေညာခဲ့ပြီး မကြာခင်မှာ မဟာဗျူဟာမြောက်လက်နက်တစ်ခုကို သရုပ်ပြသွားမယ်လို့ လည်းပြောပါတယ်။

Ref : North Korean leader Kim oversees long-range artillery drill

#PeopleMedia #KimJongUn #ArtilleryDrill


Share this post