• Follow Us on

Home တာေ၀းပိုေျပးႏိုင္သည့္ BrahMos ခ႐ုဇ္ဒံုးပ်ံမ်ားကို ယခုႏွစ္အတြင္း စမ္းသပ္မည္

တာေ၀းပိုေျပးႏိုင္သည့္ BrahMos ခ႐ုဇ္ဒံုးပ်ံမ်ားကို ယခုႏွစ္အတြင္း စမ္းသပ္မည္

Share this post

ေမာ္စကို၊ ၾသဂုတ္ ၂၆

႐ု႐ွား-အိႏၵိယပူးေပါင္းထုတ္လုပ္ၿပီး တာေ၀းပိုေပးႏိုင္ရန္အဆင့္ႁမွင့္ထားသည့္ BrahMos ခ႐ုဇ္ဒံုးပ်ံမ်ားကို ယခုႏွစ္အတြင္း စမ္းသ ပ္မႈမ်ားျပဳလုပ္ရန္ ရည္႐ြယ္ထားေၾကာင္း Tactical Missiles ေကာ္ပိုေရး႐ွင္းမွ အမႈေဆာင္အရာ႐ွိခ်ဳပ္ ဘိုးရစ္ ေအာ့ႏိုေဆာ့ဗ္က တနလၤာေန႔တြင္ေျပာသည္။

“အကြာအေ၀းပိုေရာက္ေအာင္အဆင့္ႁမွင့္ထားတဲ့ BrahMos ေတြကိုစမ္းသပ္မႈေတြ ဒီႏွစ္မွာျပဳလုပ္ဖို႔စီစဥ္ထားပါတယ္” ဟု Army-2020 ႏိုင္ငံတကာစစ္ဘက္ဆိုင္ရာဖိုရမ္တြင္ ေအာ့ႏိုေဆာ့ဗ္က ေျပာသည္။

ယခုေႏြရာသီတြင္ BrahMos ေလေၾကာင္းအေျခစိုက္အဆင့္ႁမွင့္ဒံုးပ်ံကို အိႏၵိယႏိုင္ငံတြင္ ေအာင္ေအာင္ျမင္ ျမင္အသိ အမွတ္ျပဳခဲ့ေၾကာင္းလည္းေျပာသည္။

ထိုဒံုးပ်ံေၾကာင့္ အိႏၵိယေလတပ္စြမ္းရည္ သိသိသာသာျမင့္တက္ႏိုင္မည္ဟုလည္းေျပာသည္။

“BrahMos ရဲ႕ပစ္လႊတ္အကြာအေ၀း ကီလိုမီတာ ၃၀၀ ႐ွိၿပီး Su-30MKI ေတြကလည္း ေလေၾကာင္းမွာဆီျဖည့္ရင္း နဲ႔သြားမယ္ဆိုရင္ ကီလိုမီတာ ၃၀၀၀ ေလာက္အထိသြားႏိုင္တဲ့အတြက္ ႏွစ္ခုေပါင္းရင္ အိႏိၵယသမုဒၶရာဇုန္ထဲမွာ အႀကီးအက်ယ္အားသာခ်က္ျဖစ္လာမွာပါ။”ဟု ေအာ့ႏိုေဆာ့ဗ္က ေျပာသည္။

႐ု႐ွား-အိႏၵိယပူးေပါင္းလုပ္ငန္း BrahMos ကိုလည္း သူက ခ်ီးက်ဴးခဲ့ၿပီး ယခုလ်င္လ်င္ျမန္ျမန္တိုးတက္လာသ ည့္ပူးေပါင္းလုပ္ငန္းသည္ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္မႈအေကာင္းဆံုးမ်ားထဲမွာ နမူနာ ၁ ခုျဖစ္သည္ဟုလည္း သူကေ ျပာသည္။

Ref : Tests of increased-range BrahMos cruise missiles set for 2020

#PeopleMedia

(unicode)
တာဝေးပိုပြေးနိုင်သည့် BrahMos ခရုဇ်ဒုံးပျံများကို ယခုနှစ်အတွင်း စမ်းသပ်မည်
……………………………………………………

မော်စကို၊ ဩဂုတ် ၂၆

ရုရှား-အိန္ဒိယပူးပေါင်းထုတ်လုပ်ပြီး တာဝေးပိုပေးနိုင်ရန်အဆင့်မြှင့်ထားသည့် BrahMos ခရုဇ်ဒုံးပျံများကို ယခုနှစ်အတွင်း စမ်းသ ပ်မှုများပြုလုပ်ရန် ရည်ရွယ်ထားကြောင်း Tactical Missiles ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဘိုးရစ် အော့နိုဆော့ဗ်က တနင်္လာနေ့တွင်ပြောသည်။

“အကွာအဝေးပိုရောက်အောင်အဆင့်မြှင့်ထားတဲ့ BrahMos တွေကိုစမ်းသပ်မှုတွေ ဒီနှစ်မှာပြုလုပ်ဖို့စီစဉ်ထားပါတယ်” ဟု Army-2020 နိုင်ငံတကာစစ်ဘက်ဆိုင်ရာဖိုရမ်တွင် အော့နိုဆော့ဗ်က ပြောသည်။

ယခုနွေရာသီတွင် BrahMos လေကြောင်းအခြေစိုက်အဆင့်မြှင့်ဒုံးပျံကို အိန္ဒိယနိုင်ငံတွင် အောင်အောင်မြင် မြင်အသိ အမှတ်ပြုခဲ့ကြောင်းလည်းပြောသည်။

ထိုဒုံးပျံကြောင့် အိန္ဒိယလေတပ်စွမ်းရည် သိသိသာသာမြင့်တက်နိုင်မည်ဟုလည်းပြောသည်။

“BrahMos ရဲ့ပစ်လွှတ်အကွာအဝေး ကီလိုမီတာ ၃၀၀ ရှိပြီး Su-30MKI တွေကလည်း လေကြောင်းမှာဆီဖြည့်ရင်း နဲ့သွားမယ်ဆိုရင် ကီလိုမီတာ ၃၀၀၀ လောက်အထိသွားနိုင်တဲ့အတွက် နှစ်ခုပေါင်းရင် အိန္ဒိယသမုဒ္ဓရာဇုန်ထဲမှာ အကြီးအကျယ်အားသာချက်ဖြစ်လာမှာပါ။”ဟု အော့နိုဆော့ဗ်က ပြောသည်။

ရုရှား-အိန္ဒိယပူးပေါင်းလုပ်ငန်း BrahMos ကိုလည်း သူက ချီးကျူးခဲ့ပြီး ယခုလျင်လျင်မြန်မြန်တိုးတက်လာသ ည့်ပူးပေါင်းလုပ်ငန်းသည် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုအကောင်းဆုံးများထဲမှာ နမူနာ ၁ ခုဖြစ်သည်ဟုလည်း သူက ေပြာသည်။

Ref : Tests of increased-range BrahMos cruise missiles set for 2020

#PeopleMedia

Ðîññèÿ. Ñàíêò-Ïåòåðáóðã. Ïðîòèâîêîðàáåëüíàÿ ñâåðõçâóêîâàÿ ðàêåòà “Áðàìîñ” (BRAHMOS) íà IX Ìåæäóíàðîäíîì âîåííî-ìîðñêîì ñàëîíå ÌÂÌÑ-2019. Ëàäèñëàâ Êàðïîâ/ÒÀÑÑ


Share this post