• Follow Us on

Home တိမ်းရှောင်နေသည့် ငါန်းဇွန်းမြို့နယ် တိုင်းအမတ်(ဟောင်း) ဖမ်းဆီးခံခဲ့ရ

တိမ်းရှောင်နေသည့် ငါန်းဇွန်းမြို့နယ် တိုင်းအမတ်(ဟောင်း) ဖမ်းဆီးခံခဲ့ရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၀ (People Media)

 

ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်းမြို့နယ် တိုင်းအမတ်(ဟောင်း) ဦးကျော်နိုင်စိုးသည် ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းက စစ်ကိုင်းမြို့၊ ရွာသစ်ကြီးကျေးရွာရှိ နေအိမ်တစ်လုံး၌ ဖမ်းဆီးခံခဲ့ရသည်။

 

ငါန်းဇွန်းမြို့နယ် တိုင်းအမတ်(ဟောင်း) ဦးကျော်နိုင်စိုးသည် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

“အဖမ်းခံရတာမှန်ပါတယ်။ အသေးစိတ်တော့ မသိပါဘူး” လို့ စစ်ကိုင်းမြို့ NLD ပါတီဝင်တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ အဆိုပါဖြစ်စဉ်အပေါ် People Media အနေဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

 

#PeopleMedia #ငါန်းဇွန်းမြို့နယ်တိုင်းအမတ်

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post