• Follow Us on

Home တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပင်တဂွန်မျှော်လင့်

တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပင်တဂွန်မျှော်လင့်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇ (People Media)

 

အကြမ်းဖက်သမားများလက်ချက်ဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးသွားခဲ့သော်လည်း ဘေးကင်းလုံခြုံရာ သို့ပြောင်းရွှေ့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု များကို ကြိုတင်မျှော်လင့်ပြင်ဆင်ထားကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

 

“အာဖဂန်နစ္စတန်မှာ အိုင်အက်စ်အိုင်အက်စ်တွေကို စစ်ရေးအရတုံ့ပြန်ဆောင်ရွက်ဖို့ အခွင့်အရေးကို ကျွန်တော် တို့ ထိန်းသိမ်းထားပါတယ်။ လောလောဆယ် ကျွန်တော်တို့ သတင်းအချက်အလက်တွေရှာဖွေဖို့၊ ဒီသူရဲဘော ကြောင်တဲ့တိုက်ခိုက်မှုမှာ ဘယ်သူတွေပါဝင်သလဲဆိုတာသိဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီတိုက်ခိုက်မှုအ တွက်တန်ပြန်အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။” ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီးကန် နိသ်မက်ကင်းဇိက ပြောသည်။

 

ယင်းတိုက်ခိုက်မှုမျိုးထပ်မံကြုံတွေ့လာရဦးမည်ဟု မျှော်လင့်ထားကြောင်း၊ အမေရိကန်တပ်မတော်အနေဖြင့် ပြင်ဆင်သင့်ထားသည်များကို တတ်နိုင်သလောက်ပြင်ဆင်ထားကြောင်း ၎င်းကဖြည့်စွက်ပြောသည်။ အိုင် အက်စ်အိုင်အက်စ်များသည် အမေရိကန်စစ်သည် ၆၀၀၀ နီးပါး ဘေးကင်းရာသို့ရွှေ့ပြောင်းပို့ဆောင်ပေးရန် စီ စဉ်နေသည့် ကဘူးလေဆိပ်တွင် အသေခံကားဗုံးခွဲရန် ကြံစီနေသည်ကို စိုးရိမ်ပူပန်မိကြောင်း နာရီဝက်ကြာ သ တင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီးကန် နိသ်မက်ကင်းဇိက ပြောသည်။

 

ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကိုကန့်သတ်ထားသည့်အနေဖြင့် တာလီဘန်များ၏လုံခြုံရေးနယ်မြေကို တိုး ချဲ့ထားရန်နှင့် လေဆိပ်သွားရာလမ်းများကို ပိတ်ဆို့ထားရန် အမေရိကန်အစိုးရက တာလီဘန်များအားပြော ကြားခဲ့စည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာ အမေရိကန်များကို ပံ့ပိုးကူညီခဲ့သည့် အာဖဂန်လူမျိုးများအတွက် လေ ဆိပ်သို့သွားရာတွင် ပိုမိုခက်ခဲစေမည်ဖြစ်ကြောင်း လေ့လာသူအချို့ကပြောသည်။

 

“တာလီဘန်တွေက ဒီတိုက်ခိုက်မှုတွေကိုဖြစ်ခွင့်ပြုထားတယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ ကျွန်တော်တို့တပ် တွေ သြဂုတ်လ ၃၁ ရက်နောက်ဆုံးထွက်ခွာသွားတာကို သူတို့ဖြစ်စေချင်နေကြတာပါ။ ကျွန်တော်တို့နှစ်ဖွဲ့စလုံး လိုချင်တဲ့ဘုံရည်ရွယ်ချက်ရှိပါတယ်။ အဲဒီဘုံရည်ရွယ်ချက်အတိုင်း ကျွန်တော်တို့မပြောင်းလဲသ၍ သူတို့လည်း ကျွန်တော်တို့နဲ့လက်တွဲအလုပ်လုပ်ဖို့ အသုံးဝင်နေမှာပါပဲ။” ဟု မက်ကင်းဇိက ပြောသည်။

 

ပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် ဘတ်စ်ကားများက လေယာဉ်ပြေးလမ်းအထိ အရပ်သားများကို သယ်ဆောင် လာပြီးရွှေ့ပြောင်းပေးနေကြောင်း၊ ရွှေ့ပြောင်းမှုကို ဘေးကင်းလုံခြုံအောင်ဆောင်ရွက်ရန် နည်းလမ်းမရှိကြောင်း မက်ကင်းဇိက ပြောသည်။

 

“ဒါဟာ မြင့်မြတ်တဲ့လုပ်ငန်းပါပဲ။ ဒီလုပ်ငန်း ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ ဒီကနေ့ ကျွန်တော်တို့ ကိုယ် တွေ့ကြုံလိုက်ရပြီမဟုတ်လား” ဟု ၎င်းကပြောသည်။

 

Ref: Pentagon ‘Expects’ More Attacks After 12 Americans Killed In Kabul

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 

Ref: Pentagon ‘Expects’ More Attacks After 12 Americans Killed In Kabul

 

#PeopleMedia


Share this post