• Follow Us on

Home တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ထားရန် စစ်တပ်ကို တရုတ်သမ္မတတိုက်တွန်း

တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ထားရန် စစ်တပ်ကို တရုတ်သမ္မတတိုက်တွန်း

Share this post

ဘေကျင်း၊ ဒီဇင်ဘာ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

စစ်ဆင်ရေးစွမ်းရည်နှင့်တိုက်ခိုက်ရေးပြင်ဆင်မှုမြှင့်တင်နိုင်စေရန် ၂၀၂၁ ခုနှစ်အတွက် လေ့ကျင့်မှုများနှင့် စစ် ရေးလေ့ကျင့်မှုများပိုမိုအားကောင်းရမည်ဟု တရုတ်သမ္မတ ရှီကျင့်ပင်က တနင်္လာနေ့တွင် စစ်တပ်ကို အမိန့် ပေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သည့် ရှီက ၂၀၂၁ ခုနှစ်အတွက် ကော်မရှင်၏ပထမဆုံးအမိန့်ကို လက်မှတ်ထိုးခဲ့ပြီး ထိုအမိန့်တွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့တို့၏လေ့ကျင့်ရေးလုပ်ငန်းများကို ဦးစားပေးထားသည်။

ပါတီအနေဖြင့် စစ်တပ်၏လေ့ကျင့်မှုများကို ထိန်းကျောင်းမှုမြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ပါဝင်သည်။

၂၀၂၁ ခုနှစ်သည် ဗဟိုစစ်ရေးကော်မရှင်မှပထမဆုံးညွှန်ကြားမှုအနေနှင့် စစ်တပ်အတွက်လေ့ကျင့်ရေးအမိန့်ကို ရှီကျင့်ပင်က ထုတ်ပြန်သည့် ၄ နှစ်ဆက်တိုက်မြောက်နှစ်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ရှီက ပထမဆုံးအမိန့်ထုတ်ခဲ့ပြီး တရုတ်နိုင်ငံမြောက်ပိုင်းရှိသေနတ်ပစ်ကွင်းတခုတွင် အကြီး အကျယ်စစ်ရေးလေ့ကျင့်မှုနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများကို ရှီကကြီးကြပ်ခဲ့သည်။

Ref : Military urged to hone its combat skills

#PeopleMedia

(unicode)
…………………………………….







Ref : Military urged to hone its combat skills

#PeopleMedia


Share this post