• Follow Us on

Home တိုက်ခိုက်ရေးဒရုန်းမှန်သမျှကို ပစ်ချနိုင်ရန် Pantsyr လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အား ရုရှား အဆင်မြှင့်တင်

တိုက်ခိုက်ရေးဒရုန်းမှန်သမျှကို ပစ်ချနိုင်ရန် Pantsyr လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အား ရုရှား အဆင်မြှင့်တင်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀ (People Media)

 

အဆင့်မြှင့်တင်ထားသော Pantsyr -S1M မြေပြင်-ဝေဟင်ပစ် ဒုံးကျည်စနစ်သည် တိုက်ခိုက်ရေးဒရုန်းများအပါ အဝင် မောင်းသူမဲ့လေယာဉ်အမျိုးအစားအားလုံးကို ပစ်ချနိုင်စွမ်းရှိကြောင်း ရုရှားအစိုးရပိုင်နည်းပညာကော်ပို ရေးရှင်း Rostec Bekkhan Ozdoyev မှ Armaments Cluster ထုတ်လုပ်ရေးညွှန်ကြားရေးမှူးက ရုရှားအစိုးရ ပိုင်မီဒီယာ TASS ကို နိုဝင်ဘာလ ၃၀ ရက်နေ့က ပြောကြားလိုက်သည်။

 

“လက်နက်စနစ်အဆင့်မြှင့်တင်မှုဟာ ဒရုန်းအမျိုးအစားအားလုံးကို တိုက်ခိုက်နိုင်တဲ့အထိ Pantsyr ဒုံးကျည်စ နစ်ကို ကြီးကြီးမားမား အဆင့်မြှင့်တင်ပေးထားတာပါ။ အထူးသဖြင့် ဒီအဆင့်မြှင့်တင်ထားတဲ့ဒုံးကျည်စနစ်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ တိုက်ခိုက်ရေးဒရုန်းအမျိုးအစားအားလုံးကို ထိထိရောက်ရောက် စုံစမ်းထောက်လှမ်းနိုင်ပြီး တိုက်ခိုက်ဖျက်ဆီးပစ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။” ဟု ၎င်းကပြောသည်။

 

အဆင့်မြှင့်တင်ထားသော Pantsyr -S1M ဒုံးကျည်စနစ်သည် နည်းဗျူဟာမြောက် လေကြောင်းရန်ကာကွယ် ရေးအတွက် အခြေခံတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း High Precision Weapons Company မှ ဒုတိယအမှု ဆောင်အရာရှိချုပ် ဆာဂျီမစ်ခေးလဗ်က EDEX 2021 နိုင်ငံတကာလက်နက်ပြပွဲတွင် TASS ကိုပြောသည်။

 

“ရန်သူ့ဆီက အငယ်စားတိုက်ခိုက်ရေးဒရုန်းတွေ၊ ပစ်မှတ်ကိုထိရောက်စွာပစ်ခတ်နိုင်တဲ့လက်နက်တွေ၊ ရန်သူ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေအားလုံးကို ထိရောက်စွာပစ်ခတ်နိုင်တဲ့ ဒုံး ကျည်အဖြစ် အခြေခံစနစ်တစ်ခုတည်ဆောက်ရာမှာ Pantsyr -S1M ဒုံးကျည်စနစ်ကို အသုံးပြုနိုင်ပါတယ်။” ဟု ဆာဂျီမစ်ခေးလဗ်က ပြောသည်။

 

Pantsyr -S1M ဒုံးကျည်စနစ်သည် ၎င်း၏ပစ်ခတ်နိုင်သည့်အကွာအဝေးကို ကီလိုမီတာ ၂၀ မှ ကီလိုမီတာ ၃၀ အထိတိုးချဲ့ထားသလို အမြင့် ၁၅ ကီလိုမီတာမှ ၁၈ ကီလိုမီတာအထိ တိုးချဲ့ထားသည့်အပြင် ထိရောက်မှုအ ကွာအဝေးကို သုံးဆအထိ တိုးချဲ့ထားသည့် ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များကို ထည့်သွင်းတပ်ဆင်ထားခြင်း ဖြစ်သည်။

 

ရုရှားအစိုးရ လက်နက်ပို့ဆောင်ရေးကုမ္ပဏီ Rosoboronexport သည် Pantsyr -S1M လေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်စနစ်ကို ရုရှားတပ်မတော်သို့ ပို့ဆောင်ရန် ပထမဦးဆုံးကန်ထရိုက်စာချုပ်ကို သြဂုတ်လ ၂၅ ရက်နေ့ကကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံတကာလက်နက်ပြပွဲတွင် လက်မှတ်ရေးထိုးခဲ့သည်။

 

အဆင့်မြှင့်တင်ထားသော Pantsyr -S1M မြေပြင်-ဝေဟင်ပစ် ဒုံးကျည်စနစ်သည် ရုရှားတပ်မတော်၏ တန်ပြန် ဒရုန်းတိုက်ဖျက်ရေးအဆင့်များတွင် အဓိကလက်နက်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း High Precision Weapons Company မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဆာဂျီမစ်ခေးလဗ်က ကိုင်ရိုမြို့တွင် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကျင်းပခဲ့သည့် EDEX နိုင်ငံတကာလက်နက်ပြပွဲတွင် ပြောသည်။

 

“ဒရုန်းတွေကို တန်ပြန်တိုက်ခိုက်တယ်ဆိုတာ မျက်မှောက်ခေတ်လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအ တွက် အဓိကတာဝန်တစ်ရပ်ပါ။ လက်ရှိအချိန်မှာ ရုရှားနိုင်ငံက တန်ပြန်ဒရုန်းတိုက်ဖျက်ရေးလက်နက် အမျိုးအ စားနှစ်မျိုးထုတ်လုပ်နေပါတယ်။ တစ်ခုက အီလက်ထရောနစ်စနစ်နဲ့ တန်ပြန်တိုက်ခိုက်တဲ့ soft-kill ဖြစ်ပြီး နောက်တစ်ခုကတော့ မောင်းသူမဲ့လေယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးပစ်တဲ့ hard-kill ပဲဖြစ်ပါတယ်။ ဒီလိုစနစ် နှစ်ခုပေါင်းစပ်ထားတာကို IDEX 2021 နိုင်ငံတကာလက်နက်ပြပွဲမှာ ထုတ်ဖော်ပြသပြီးဖြစ်ပါတယ်။ အထူးသ ဖြင့် Pantsyr -S1M ဒုံးကျည်စနစ်ဟာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာမှာပါ။” ဟု ဆာဂျီမစ်ခေးလဗ်က ပြောသည်။

 

Ref: Russia’s upgraded Pantsyr anti-aircraft missile/gun system can fight any strike drones

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Russia’s upgraded Pantsyr anti-aircraft missile/gun system can fight any strike drones

 

#PeopleMedia


Share this post