• Follow Us on

Home တိုက်တန်နီယမ်အင်္ဂါတုအစိတ်အပိုင်းများ အာမေးနီးယား စတင်ထုတ်လုပ်

တိုက်တန်နီယမ်အင်္ဂါတုအစိတ်အပိုင်းများ အာမေးနီးယား စတင်ထုတ်လုပ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

၂၀၂၀ ပြည့်နှစ် ဆောင်းဦးရာသီတွင်ဖြစ်ပွားခဲ့သော အတ်ဆာ့ (နာဂိုနို-ကရာဘက်ခ်) ဒေသကို အဇာဘိုင်ဂျန်က တိုက်ခိုက်ခဲ့သည့် ၄၄ ရက်ကြာစစ်ပွဲတွင် ဒဏ်ရာရရှိခဲ့သော အားမေးနီးယန်းစစ်သားများအတွက် တိုက်တန်နီ ယမ်အင်္ဂါတုအစိတ်အပိုင်းများကို အာမေးနီးယားနိုင်ငံက စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဒိုင်ယာစပိုရာ (ရှေး ကပါလက်စတိုင်းနိုင်ငံကိုစွန့်ခွာသွားကြပြီး အခြားနိုင်ငံများတွင်နေထိုင်ကြသော ဂျူးလူမျိုးများ) အာမေးနီးယန်း ဂျူးများမဟာမင်းကြီးရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

 

အာမေးနီးယားဇာတိ အာမေးနီးယန်းများနှင့် ပြင်သစ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ လက်ဘနွန်နိုင် ငံများမှ ရောက်ရှိလာသော အာမေးနီးယန်းဂျူးများသည် ဒစ်ဂျစ်တယ်ရောဂါဖော်ထုတ်ရေးစင်တာ DDC (Digital Diagnostic Center)၊ ဆေးဘက်ဆိုင်ရာသွားလုပ်ငန်းဌာန MDS (Medical Dental Shop)၊ နှင့် ပေါင်း စပ်ဓာတ်ခွဲခန်း Hybrid Laboratory (Medical & Health) တို့ကို စုပေါင်းတည်ထောင်ခဲ့ကြသည်။

 

မတူကွဲပြားသော အာမေးနီးယန်းဂျူးများကြား ပူးပေါင်းဆောင်ရွက်မှု၏ အကောင်းဆုံးစံနမူနာဟု ခေါ်ဆိုသော စွန့်စားရသည့်အလုပ်ဖြစ်သည့် ယင်းအင်စတီကျူးရှင်းဖွင့်ပွဲအခမ်းအနားသို့ အာမေးနီးယန်း ဂျူးများမဟာမင်း ကြီးဇာရစ်စီနန်ယန်းတက်ရောက်ခဲ့သည်။

 

ဒဏ်ရာရအားမေးနီးယန်းစစ်သည် ၁၁ ဦးမှာ ၎င်းတို့စွန့်လွှတ်ခဲ့ရသည့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများအ တွက် တိုက်တန်နီယမ်အင်္ဂါတုအစိတ်အပိုင်းများ ခွဲစိတ်တပ်ဆင်ပြီးဖြစ်ကြောင်းသိရသည်။

 

Ref: Armenia starts producing titanium prostheses for injured soldiers

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 

Ref: Armenia starts producing titanium prostheses for injured soldiers

 

#PeopleMedia


Share this post