• Follow Us on

Home တိုက်ပွဲများအပေါ် တစ်ဖက်ပိတ်၍ ကြိုဆိုနေသူများအနေဖြင့် လစ်ဗျား၊ အီရတ်၊ ဆီးရီးယားနိုင်ငံများကဲ့သို့ မြို့ပြ စစ်ပွဲများ ပေါ်ပေါက်ပါက အသက်ကိုဖက်ဖြင့်ထုတ်ပြီး ပြေးလွှားနေရမည်ကို မစဉ်းစားကြကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရထုတ်ပြန်

တိုက်ပွဲများအပေါ် တစ်ဖက်ပိတ်၍ ကြိုဆိုနေသူများအနေဖြင့် လစ်ဗျား၊ အီရတ်၊ ဆီးရီးယားနိုင်ငံများကဲ့သို့ မြို့ပြ စစ်ပွဲများ ပေါ်ပေါက်ပါက အသက်ကိုဖက်ဖြင့်ထုတ်ပြီး ပြေးလွှားနေရမည်ကို မစဉ်းစားကြကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရထုတ်ပြန်

Share this post

မကွေး၊ စက်တင်ဘာ ၂၄ (People Media)

 

လက်ရှိ ဖြစ်ပေါ်နေလျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ NUG မှ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီးနောက်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအပေါ်တွင် တစ်ဖက်ပိတ်၍ ကြိုဆိုနေသူများအနေဖြင့် လစ်ဗျား၊ အီရတ်၊ ဆီးရီးယားနိုင်ငံများကဲ့သို့ မြို့ပြစစ်ပွဲများ ပေါ်ပေါက်ပါက အသက်ကိုဖက်ဖြင့်ထုတ်ပြီး ပြေး လွှားနေရမည်ကို မစဉ်းစားကြကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုကွန်ယက်စာမျက်နာမှတစ်ဆင့် ထုတ်ပြန်ကြေငြာသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုညီနောင်ဖွားစဉ်းစားကြစေလိုဟု ထုတ်ပြန်ချက်အား အမည်ပေး ထားပြီး အကြမ်းဖက် NUG အဖွဲ့၏ တော်လှန်ရေးနေ့ (D Day) နေ့အဖြစ် သတ်မှတ်ကြေငြာလိုက်သည့်နှင့် မန္တလေး၊ စစ်ကိုင်း၊ ကယားနှင့် ရှမ်းပြည်နယ်များမှ ဆက်သွယ်ရေးတာဝါတိုင်တချို့ကို ဖျက်ဆီးခြင်း၊ ရဲစခန်း များကို တိုက်ခိုက်ခြင်း၊ အများပြည်သူ သွားလာနေသည့်လမ်းများ၊ အဆောက်အုံများကို ဖောက်ခွဲခြင်းများ အပြင် လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

 

ထုတ်ပြန်ချက်၌ ဆက်လက်ရေးထားရာတွင် မြန်မာနိုင်ငံတွင် တော်လှန်ရေးဆိုသည့် စကားလုံးသည် မျိုး ဆက်အလိုက် ရင်းနှီးသော အသုံးအနှုန်းတစ်ရပ်ဖြစ်ပြီး နိုင်ငံရေးစစ်ရေးတို့တွင် ဗဟုသုတနည်းပါးသူ တစ် ဖက်ပိတ်များက လူမှုကွန်ယက်စာမျက်နာများတွင် အားရဝမ်းသာခေါင်းထောင်လာကြပြီး စစ်ကိုကြိုဆိုသည့် သဘောမျိုးဆောင်ရွက်လာများရှိလာကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ယင်းသို့ စစ်ကိုကြိုဆိုသည့်သူများအနေဖြင့် လစ်ဗျား၊ အီရတ်၊ ဆီးရီးယားနိုင်ငံများကဲ့သို့ မြို့ပြစစ်ပွဲများ ပေါ်ပေါက်ပါက စစ်တလင်းကြားဝယ် အသက်ကိုဖက်ဖြင့်ထုတ်ပြီး ပြေးလွှားနေရမည်ကို ပြေးလွှားနေရ မည်ကိုမစဉ်းစားကြကြောင်း ဖော်ပြပါရှိသည်။

 

ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြရာတွင် တောမီးလောင်နေစဉ် တောကြောင်များက လက်ခမောင်းခတ်၍ မိတ်ဆွေတို့မှာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အရိန်အာဝါသကို ပြန်လည်တမ်းတမိလိမ့် မည်ဖြစ်ကြောင်း ယင်းအချိန်တွင် နောင်တသည် နိဂုံးသွားမည်ဖြစ်၍ စဉ်းစားကြရန်လိုအပ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

#PeopleMedia #မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 



Share this post