• Follow Us on

Home တိုက်လေယာဉ်များဝယ်ယူရန် ကန်ဒေါ်လာ ၁.၄ ဘီလျံ ထိုင်ဝမ်အစိုးရခွင့်ပြု

တိုက်လေယာဉ်များဝယ်ယူရန် ကန်ဒေါ်လာ ၁.၄ ဘီလျံ ထိုင်ဝမ်အစိုးရခွင့်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀ (People Media)

 

တရုတ်နိုင်ငံ၏ ဖိအားပေးမှုများမြင့်တက်လာစဉ်အတွင်း ထိုင်ဝမ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များတိုးမြှင့်သည့် အနေဖြင့် လာမည့်နှစ်တွင် တိုက်လေယာဉ်များဝယ်ယူရန် ထိုင်ဝမ်အစိုးရက အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံခွင့် ပြုလိုက်ကြောင်းသိရသည်။

 

ယင်းခွင့်ပြုငွေမှာ သြဂုတ်လ ၂၆ ရက်နေ့က အစိုးရအဖွဲ့အစည်းအဝေးတွင် ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က အ တည်ပြုပေးလိုက်သည့် ၂၀၂၂ ခုနှစ်ကာကွယ်ရေးဘတ်ဂျက် ၁၆.၈ ဘီလျံထဲမှ တစ်စိတ်တစ်ပိုင်ဖြစ်သည်။ ယင်း ဘတ်ဂျက်ခွင့်ပြုမှုမှာ ယနေ့အချိန်အထိ ကာကွယ်ရေးဘတ်ဂျက်အမြင့်ဆုံးခွင့်ပြုမှုဖြစ်သည်။

 

တိုက်လေယာဉ်သစ်များဝယ်ယူမည့်အစီအစဉ်နှင့်ပတ်သက်၍ ထိုင်ဝမ်အစိုးရက အသေးစိတ်ပြောကြားခြင်းမရှိ သော်လည်း ထိုင်ဝမ်အစိုးရအနေဖြင့် F-16 ဂျက်တိုက်လေယာဉ်များကို စိတ်ဝင်စားလျက်ရှိကြောင်းသိရသည်။

 

သို့သော် MH-60R Seahawk ရဟတ်ယာဉ် ၁၀ စင်း၊ ခေတ်မီဆိုနာများ၊  အီလက်ထရောနစ်စနစ်များ၊ ဟဲလ်ဖိုင်း ဒုံးကျည်များ၊ MK 54 သို့မဟုတ် MK 50 တော်ပီဒိုများ၊ လေဆာပဲ့ထိန်းဒုံးကျည်များနှင့် စွမ်းအားမြင့်စက်သေနတ် များဝယ်ယူရန် အဆိုပါဘတ်ဂျက်အား အသုံးပြုမည်ဖြစ်ကြောင်း ထိုင်ဝမ်သတင်းဌာနကဖော်ပြခဲ့သည်။

 

ယင်းဘတ်ဂျက်အား နိုင်ငံ၏ ထိပ်တန်းလက်နက်ထုတ်လုပ်ရေးဌာနဖြစ်သည့် အမျိုးသားချောင်ရှန်း သိပ္ပံနှင့် နည်းပညာဌာန၏ ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာအချို့က ရေးသားဖော်ပြကြသည်။

 

တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာသဖြင့် ထိုင်ဝမ်အစိုးရက ကာကွယ်ရေးဘတ်ဂျက်ကိုတိုးမြှင့်သုံး စွဲလာခြင်းဖြစ်သည်။ ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံနှင့် တရုတ် နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် အင်အားအသုံးပြုတိုက်ခိုက်သွားရန် အဆင်သင့်ရှိကြောင်း တရုတ်အစိုးရ က တောက်လျှောက်ပြောဆိုလျက်ရှိသည်။

 

ဇွန်လအတွင်းက ဂျက်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ရေငုပ်သင်္ဘောတိုက်ခိုက်ရေးလေယာဉ်များနှင့် ရှေ့ပြေးအချက်ပေးလေယာဉ်များပါဝင်သော တရုတ်စ်လေယာဉ် ၂၈ စင်းသည် ထိုင်ဝမ်လေပိုင်နက်အတွင်း ဖြတ်ကျော်ပံျသန်းခဲ့ကြသည်။

 

လတ်တလောကာလ ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ်လေယာဉ်များဝင်ရောက်ကျူးကျော်မှုသည် ထိုင်ဝမ် လွတ်လပ်ရေးအတွက် ကြားဝင်ထောက်ပံ့သည့် မည်သည့်အနောက်တိုင်းနိုင်ငံကိုမဆို စစ်ရေးအရတုံ့ပြန်သွား မည်ဖြစ်ကြောင်း တရုတ်အစိုးရ၏သဘောထားကို ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ထိပ်တန်းကာကွယ် ရေးလေ့လာသူ တင်မိုသီဟဲလ်တ်ကပြောသည်။

 

ထိုင်ဝမ်အစိုးရ၏ လေယာဉ်ဝယ်ယူမည့် ၁.၄ ဘီလျံဘတ်ဂျက်မှာ ထိုင်ဝမ်လွှတ်တော်၏ခွင့်ပြုချက်လိုအပ်ဦးမည် ဖြစ်သော်လည်း သမ္မတစိုင်းအင်ဝန်၏ပါတီဖြစ်သော Democratic Progressive Party ဒီမိုကရက်တစ်တိုးတက် ရေးပါတီမှာ လွှတ်တော်ထဲ၌ မဲအများဆုံးရထားသောပါတီဖြစ်၍ ဘတ်ဂျက်ခွင့်ပြုရေးမှာ အလွယ်တကူပြီးဆုံး သွားနိုင်ကြောင်းသိရသည်။

 

Ref: Taiwan Allocates $1.4 Billion for New Warplanes

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Taiwan Allocates $1.4 Billion for New Warplanes

 

#PeopleMedia


Share this post