• Follow Us on
Latest News

Home တိုက္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္ အစင္း ၃၀ တင္ေဆာင္ႏိုင္သည့္ အိႏၵိယေရတပ္ပိုင္ေလယာဥ္တင္ သေဘၤာေရ ခ် စမ္းသပ္မယ့္ရက္ ထပ္မံေရႊ႕

တိုက္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္ အစင္း ၃၀ တင္ေဆာင္ႏိုင္သည့္ အိႏၵိယေရတပ္ပိုင္ေလယာဥ္တင္ သေဘၤာေရ ခ် စမ္းသပ္မယ့္ရက္ ထပ္မံေရႊ႕

Share this post

နယူးေဒလီ၊ ေမ ၂၆

အိႏၵိယျပည္တြင္းထုတ္ေလယာဥ္တင္သေဘၤာ INS Vikrant ကို ပင္လယ္ျပင္မွာ ေရခ်စမ္းသပ္မယ့္ရက္ကို ထပ္ၿပီး ေနာက္ေရႊ႕လိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကမၻာ့ကပ္ေရာဂါေၾကာင့္ ပင္လယ္ျပင္မွာေရခ်စမ္းသပ္ဖို႔ကို အနည္းဆုံး ၆ လေနာက္ဆုတ္လိုက္ တယ္လို႔ အိႏၵိယေရတပ္အႀကီးတန္းအရာရွိေတြကေျပာပါတယ္။

သေဘၤာတည္ေဆာက္ေနတဲ့ကိုခ်င္သေဘၤာက်င္းမွာ မတ္ ၁၂ ရက္ကစၿပီး ပထမအဆင့္ေရခ်စမ္းသပ္မႈေတြ လုပ္ဖို႔ရည္ရြယ္ထားေပမဲ့ ေဆာက္လုပ္ေရးေႏွာင့္ေႏွးမႈေတြေၾကာင့္ ဧၿပီလအထိ ေနာက္ဆုတ္ခဲ့ၿပီး ေနာက္ပိုင္း မွာေတာ့ COVID-19 အၾကပ္အတည္းေၾကာင့္ ေရခ်စမ္းသပ္မႈဟာ စက္တင္ဘာ(ဒါမွမဟုတ္) ေအာက္တိုဘာ မေရာက္ခင္မွာစဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ အိႏၵိယေရတပ္ကေျပာပါတယ္။

စစ္သေဘၤာတည္ေဆာက္မႈ ၂၀၁၈ ခုႏွစ္အကုန္မွာၿပီးမယ္လို႔ စီစဥ္ထားေပမဲ့ ႐ုရွားႏိုင္ငံကေနေလေၾကာင္း ပစၥည္းေတြေရာက္တာေနာက္က်လို႔ ေရခ်မယ့္ရက္ေနာက္ဆုတ္ခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္မကုန္ခင္ INS Vikrant အျပည့္အ၀လည္ပတ္ႏိုင္မယ္လို႔ ၿပီးခဲ့တဲ့ဒီဇင္ဘာက ေရတပ္ေန႔သတင္း စာရွင္းလင္းပြဲမွာ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ကာရန္ဘာ ဆင္းကေျပာပါတယ္။

အခုေတာ့ COVID-19 ေၾကာင့္ ၂၀၂၃ ခုႏွစ္အထိထပ္ၿပီးေနာက္ဆုတ္လိုက္ရသလို ထပ္ၿပီးေနာက္ဆုတ္ရႏိုင္ေခ် လည္းရွိေနပါတယ္။
INS Vikrant ဟာ အိႏၵိယျပည္တြင္းမွာတင္ ဒီဇိုင္းထုတ္တည္ေဆာက္မယ့္ Vikrant အမ်ိဳးအစားစစ္သေဘၤာ ၂ စင္းထဲက ၁ စင္းျဖစ္ၿပီး ၂၀၀၉ ခုႏွစ္မွာစတင္တည္ေဆာက္ေနတာပါ။

တည္ေဆာက္မႈတတိယအဆင့္ေရာက္ေနပါၿပီ။ မီတာ ၂၆၀ ရွည္ၿပီး မီတာ ၆၀ က်ယ္တဲ့ဒီသေဘၤာဟာ တန္ ၃၇၅၀၀ ေလးပါတယ္။

တစ္နာရီကိုအျမန္ဆုံးေရမိုင္ ၂၈ မိုင္သြားႏိုင္ၿပီး တစ္နာရီ ၁၈ မိုင္ႏႈန္းနဲ႔ ေရမိုင္ ၇၅၀၀ အထိသြားႏိုင္ပါတယ္။

အမႈထမ္းစုစုေပါင္း ၁၆၀၀ ေလာက္ပါ၀င္ၿပီး တိုက္ေလယာဥ္နဲ႔ ရဟတ္ယာဥ္အစင္း ၃၀ ေလာက္တင္ႏိုင္ပါတယ္။

ႏွစ္မ်ိဳးသုံးအေျမာက္ေတြနဲ႔ ေျမျပင္ကေနေဝဟင္ပစ္ဒုံးက်ည္စနစ္လည္းပါ၀င္ပါတယ္။

Ref : Delivery date of Indian Navy Aircraft Carrier INS Vikrant once again delayed

#PeopleMedia

(Unicode)
တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် အစင်း ၃၀ တင်ဆောင်နိုင်သည့် အိန္ဒိယရေတပ်ပိုင်လေယာဉ်တင် သင်္ဘောရေ ချ စမ်းသပ်မယ့်ရက် ထပ်မံရွှေ့
………………………………………………….

နယူးဒေလီ၊ မေ ၂၆

အိန္ဒိယပြည်တွင်းထုတ်လေယာဉ်တင်သင်္ဘော INS Vikrant ကို ပင်လယ်ပြင်မှာ ရေချစမ်းသပ်မယ့်ရက်ကို ထပ်ပြီး နောက်ရွှေ့လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် ပင်လယ်ပြင်မှာရေချစမ်းသပ်ဖို့ကို အနည်းဆုံး ၆ လနောက်ဆုတ်လိုက် တယ်လို့ အိန္ဒိယရေတပ်အကြီးတန်းအရာရှိတွေကပြောပါတယ်။

သင်္ဘောတည်ဆောက်နေတဲ့ကိုချင်သင်္ဘောကျင်းမှာ မတ် ၁၂ ရက်ကစပြီး ပထမအဆင့်ရေချစမ်းသပ်မှုတွေ လုပ်ဖို့ရည်ရွယ်ထားပေမဲ့ ဆောက်လုပ်ရေးနှောင့်နှေးမှုတွေကြောင့် ဧပြီလအထိ နောက်ဆုတ်ခဲ့ပြီး နောက်ပိုင်း မှာတော့ COVID-19 အကြပ်အတည်းကြောင့် ရေချစမ်းသပ်မှုဟာ စက်တင်ဘာ(ဒါမှမဟုတ်) အောက်တိုဘာ မရောက်ခင်မှာစဖို့ မဖြစ်နိုင်သေးဘူးလို့ အိန္ဒိယရေတပ်ကပြောပါတယ်။

စစ်သင်္ဘောတည်ဆောက်မှု ၂၀၁၈ ခုနှစ်အကုန်မှာပြီးမယ်လို့ စီစဉ်ထားပေမဲ့ ရုရှားနိုင်ငံကနေလေကြောင်း ပစ္စည်းတွေရောက်တာနောက်ကျလို့ ရေချမယ့်ရက်နောက်ဆုတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မကုန်ခင် INS Vikrant အပြည့်အဝလည်ပတ်နိုင်မယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာက ရေတပ်နေ့သတင်း စာရှင်းလင်းပွဲမှာ အိန္ဒိယရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကာရန်ဘာ ဆင်းကပြောပါတယ်။

အခုတော့ COVID-19 ကြောင့် ၂၀၂၃ ခုနှစ်အထိထပ်ပြီးနောက်ဆုတ်လိုက်ရသလို ထပ်ပြီးနောက်ဆုတ်ရနိုင်ချေ လည်းရှိနေပါတယ်။
INS Vikrant ဟာ အိန္ဒိယပြည်တွင်းမှာတင် ဒီဇိုင်းထုတ်တည်ဆောက်မယ့် Vikrant အမျိုးအစားစစ်သင်္ဘော ၂ စင်းထဲက ၁ စင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာစတင်တည်ဆောက်နေတာပါ။

တည်ဆောက်မှုတတိယအဆင့်ရောက်နေပါပြီ။ မီတာ ၂၆၀ ရှည်ပြီး မီတာ ၆၀ ကျယ်တဲ့ဒီသင်္ဘောဟာ တန် ၃၇၅၀၀ လေးပါတယ်။

တစ်နာရီကိုအမြန်ဆုံးရေမိုင် ၂၈ မိုင်သွားနိုင်ပြီး တစ်နာရီ ၁၈ မိုင်နှုန်းနဲ့ ရေမိုင် ၇၅၀၀ အထိသွားနိုင်ပါတယ်။

အမှုထမ်းစုစုပေါင်း ၁၆၀၀ လောက်ပါဝင်ပြီး တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်အစင်း ၃၀ လောက်တင်နိုင်ပါတယ်။

နှစ်မျိုးသုံးအမြောက်တွေနဲ့ မြေပြင်ကနေဝေဟင်ပစ်ဒုံးကျည်စနစ်လည်းပါဝင်ပါတယ်။

Ref : Delivery date of Indian Navy Aircraft Carrier INS Vikrant once again delayed

#PeopleMedia


Share this post