• Follow Us on

Home တိုက်ကြီးမြို့နယ်၌ သားဖြစ်သူကို ဆိုင်ကယ်ဖြင့် ကျောင်းသို့ လိုက်ပို့စဉ် လမ်းခရီး၌ ဖခင်ဖြစ်သူ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

တိုက်ကြီးမြို့နယ်၌ သားဖြစ်သူကို ဆိုင်ကယ်ဖြင့် ကျောင်းသို့ လိုက်ပို့စဉ် လမ်းခရီး၌ ဖခင်ဖြစ်သူ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

တိုက်ကြီး၊ ဖေဖော်ဝါရီ ၃ (People Media)

 

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ရန်ကုန်-ပြည် ကားလမ်း တွင် သားဖြစ်သူကို ဆိုင်ကယ်ဖြင့် ကျောင်းသို့လိုက်ပို့စဉ် လမ်းခရီးစဉ် ဖခင်ဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံ ခံရ၍ သေဆုံးခဲ့သည်။

 

လုပ်ကြံခံရသူသည် တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာစံပြ (၃)လမ်းတွင် နေထိုင်သည့် ကိုမျိုးမင်းထွန်းဖြစ် ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

“ကိုမျိုးမင်းထွန်းရယ် သူ့ရဲ့ အမျိုးသမီးရယ် သူ့ရဲ့သားရယ် ဆိုင်ကယ်တစ်စီးထဲ စီးပြီး သားဖြစ်သူကို ကျောင်း လိုက်ပို့တာ။ လမ်းမှာ သေနတ်သမားနှစ်ယောက်က ဆိုင်ကယ်နဲ့ စောင့်နေပြီး အနီးကပ် လုပ်ကြံ သတ်ဖြတ်ခဲ့ တာ” လို့ ကိုမျိုးမင်းထွန်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

 

ကိုမျိုးမင်းထွန်းသည် ရင်ဘက်နှင့် ဂျိုင်းအောက်တို့ သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် ကွယ်လွန်ခဲ့ပြီး သားဖြစ်သူနှင့် ဇနီးဖြစ်သူတို့မှ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #တိုက်ကြီးမြို့

 

(unicode)


………………………………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post