• Follow Us on

Home တိုက်ကြီးမြို့နယ်၌ နှင်းဆီပါတီ မြို့နယ်အလုပ်အမှုဆောင် ပါတီဝင်ဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

တိုက်ကြီးမြို့နယ်၌ နှင်းဆီပါတီ မြို့နယ်အလုပ်အမှုဆောင် ပါတီဝင်ဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီပါတီ မြို့နယ်ပါတီဝင်ဟောင်းဖြစ်သူ ဦးသန်းနိုင်ဦးသည်  ဒီဇင်ဘာ ၅ ရက်နေ့က နာရေးပို့ပြီး အပြန်လမ်း၌ လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နေ ဦးသန်းနိုင်ဦးနှင့် ဇနီးဖြစ်သူတို့သည် ညောင်ကုန်းကျေးရွာရှိ နာရေးတစ်ခုကို လိုက်ပါပို့ဆောင်ပြီး အပြန်တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ပါတယ်။

 

“အခု လုပ်ကြံခံရတဲ့သူက နှင်းဆီပါတီကပါ ရွေးကောက်ပွဲလဲဝင်မယ်လုပ်သေးတယ်၊ ပါတီဖျက်ခံရတော့ သူလည်း ဝင်မပြိုင်ရတော့ဘူး၊ ပြီးတော့ ရာအိမ်မှူးဟောင်းလည်းဖြစ်တယ်၊ မနေ့က နာရေးမေးပြီးအပြန်မှာ လုပ်ကြံခံရတာ အခင်းဖြစ်တဲ့နေရာမှာပဲ ဦးသန်းနိုင်ဦးက ဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

အလားတူ တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

 

#PeopleMedia #နှင်းဆီပါတီ

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post