• Follow Us on

Home တိုက်ကြီးမြို့၌ အိမ်ရှင်မှ ဒလန်မဟုတ်ကြောင်း အိမ်ရှေ့ဆိုင်းဘုတ်ထောင်၍ PDF ပြောဆိုချက်အတိုင်း ဆောင်ရွက်ခဲ့ရ

တိုက်ကြီးမြို့၌ အိမ်ရှင်မှ ဒလန်မဟုတ်ကြောင်း အိမ်ရှေ့ဆိုင်းဘုတ်ထောင်၍ PDF ပြောဆိုချက်အတိုင်း ဆောင်ရွက်ခဲ့ရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်၌ အိမ်ရှင်ဖြစ်သူတို့သည် ဒလန်မဟုတ်ကြောင်း နေအိမ်ရှေ့၌ ဆိုင်းဘုတ်ထောင်၌ PDF ပြောဆိုချက်အတိုင်း ဆောင်ရွက်ခဲ့ရသည်။

 

အဆိုပါ နေအိမ်သည် ဒလန်ဖြစ်ကြောင်း တိုက်ကြီးမြို့ PDF အဖွဲ့က စွပ်စွဲခံရပြီးနောက် အိမ်ရှင်များသည် ယခုကဲ့သို့ ဒလန်မဟုတ်ကြောင်း နေအိမ်၌ စာချိတ်ခဲ့ရခြင်းဖြစ်သည်။

 

ထိုကဲ့သို့ ဒလန်ဟု စွပ်စွဲခံရသည့်အိမ်ရှင်သည် ၎င်းတို့အနေဖြင့် ဒလန်မဟုတ်ကြောင်းကို တိုက်ကြီးမြို့ PDF အဖွဲ့ Page သို့ ဆက်သွယ်ရှင်းပြရာ၌ အဆိုပါအဖွဲ့က ဒလန်မဟုတ်ကြောင်း နေအိမ်ရှေ့ ဆိုင်းဘုတ်ထောင်ရန် ပြောဆိုခဲ့သည်။

 

အဆိုပါ နေအိမ်ရှိ အိမ်ရှင်အမျိုးသားသည် တာဝန်မှ နုတ်ထွက်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သလို အိမ်ရှင်အမျိုးသမီးသည် ပြည်သူ့ရှေ့ဆောင်ပါတီမှ ပါတီဝင်အဖြစ် နှုတ်ထွက်ထားသူဖြစ်သည်။

 

Photo – တိုက်ကြီးမြို့ PDF

 

#PeopleMedia #တရားဥပဒေစိုးမိုးရေး #တိုက်ကြီးမြို့ #PDF

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 



Share this post