• Follow Us on
Latest News

Home တိုင်ဖွန်းမုန်တိုင်းဟိုင်ရှန် တောင်ကိုရီးယားနိုင်ငံသို့ဝင်ရောက်


Share this post

ဆိုးလ်၊ စက်တင်ဘာ ၇








#PeopleMedia

(Unicode)
တိုင်ဖွန်းမုန်တိုင်းဟိုင်ရှန် တောင်ကိုရီးယားနိုင်ငံသို့ဝင်ရောက်
………………………………………..

ဆိုးလ်၊ စက်တင်ဘာ ၇

ဂျပန်နိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခတ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်းဟိုင်ရှန်ဝင်ရောက်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောအူဆန်မြို့ကို မုန်တိုင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လေဆိပ် ၁၀ ခုမှလေကြောင်းခရီးစဉ် ၃၀၀ ကျော်ဖျက်သိမ်းခဲ့ပြီး ရထားလမ်းတချို့လည်း အချိန်ရွှေ့ခဲ့သည်။

အစောပိုင်းအပျက်အစီးစာရင်းများအရ မျှော်မှန်းထားသည့်ထက် အပျက်အစီးပိုနည်းသော်လည်း ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လူသိန်းချီဘေးလွတ်ရာရွှေ့ပြောင်းခဲ့သည်။

ယာယီအခြေချစခန်းတွင် ပြတင်းပေါက်မှန်ကွဲသဖြင့် ထိခိုက်သူ ၄ ယောက်အပါအဝင် လူ ၃၂ ယောက်ဒဏ်ရာရခဲ့သည်ဟု ဂျပန်ရုပ်သံ NHK ကဖော်ပြသည်။

မုန်တိုင်းကြောင့် ဂျပန်တွင် လူ ၈ သန်းခန့်ကိုရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားသည်။

Ref : Typhoon Haishen batters South Korea after slamming Japan

#PeopleMedia


Share this post