• Follow Us on

Home တိုင္ဖြန္းမုန္တိုင္း ေမဆတ္ခ္ တိုက္ခတ္မႈေၾကာင့္ အမႈထမ္း ၄၃ ဦးပါ ကုန္တင္သေဘၤာတစ္စင္း ေပ်ာက္ဆုံးေန

တိုင္ဖြန္းမုန္တိုင္း ေမဆတ္ခ္ တိုက္ခတ္မႈေၾကာင့္ အမႈထမ္း ၄၃ ဦးပါ ကုန္တင္သေဘၤာတစ္စင္း ေပ်ာက္ဆုံးေန

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၃

ေဒသတြင္း တိုင္ဖြန္းမုန္တိုင္းတစ္ခု ဝင္ေရာက္တိုက္ခတ္ခ်ိန္တြင္ အေရွ႕တ႐ုတ္ပင္လယ္အတြင္းမွ ေဘး အႏၲရာယ္က်ေရာက္ျခင္း အခ်က္ေပးမႈတစ္ခု ေပးပို႔ခဲ့သည့္ အမႈထမ္း ၄၃ ဦးႏွင့္ တိရစာၧန္ေကာင္ေရ ၅၈၀၀ တင္ ေဆာင္လာသည့္ ေပ်ာက္ဆုံးေနေသာ ကုန္တင္သေဘၤာတစ္စင္းကို ဂ်ပန္ႏိုင္ငံက ဆက္လက္ရွာေဖြေနသည္။

ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕က စက္တင္ဘာလ ၁ ရက္တြင္ ဖိလစ္ပိုင္သေဘၤာသားတစ္ဦးကို ကယ္တင္ခဲ့ ၿပီး ရွာေဖြေရးျပဳလုပ္ရန္ ကင္းလွည့္ေရယာဉ္ေလးစင္းႏွင့္ ေလယာဉ္သုံးစင္း ေစလႊတ္ခဲ့ေၾကာင္း အဆိုပါအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူက ဖုန္းျဖင့္ ေျပာၾကားခဲ့သည္။

ေပ်ာက္ဆုံးေနေသာ Gulf Livestock 1 ေရယာဉ္က ဂ်ပန္ႏိုင္ငံ၊ အမာမီကြၽန္း၏အေနာက္ဘက္ ကီလိုမီ တာ ၁၈၅ (၁၁၅ မိုင္) ခန္႔အကြာ ေရာက္ရွိေနခ်ိန္တြင္ အဆိုပါသေဘၤာထံမွ ေဘးအႏၲရာယ္က်ေရာက္ျခင္း အခ်က္ ေပးမႈတစ္ခု ရရွိခဲ့သည္။

ေပ်ာက္ဆုံးသေဘၤာအမႈထမ္းမ်ားတြင္ ဖိလစ္ပိုင္လူမ်ိဳး ၃၉ ဦး၊ ျသစေၾတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံမွ ႏွစ္ဦး စီ ပါဝင္ခဲ့ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕၏ ေျပာၾကားခ်က္အရ သိရသည္။ အဆိုပါကုန္တင္သေဘၤာက နယူး ဇီလန္ႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ေနျခင္းျဖစ္သည္။

ေရာ္ဘာေလွတစ္စင္းကို ျမင္ေတြ႕ခဲ့ရေသာ္လည္း ေပ်ာက္ဆုံးသေဘၤာမွ ေလွ ဟုတ္ မဟုတ္ကို တာဝန္ရွိ သူမ်ားက အတည္မျပဳခဲ့ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕အား ကိုးကား၍ ေဖာ္ျပခဲ့သည္။

ဘလြန္းဘာဂ္သတင္းဌာနက ျပဳစုထားေသာ သေဘၤာသြားလာမႈ အခ်က္အလက္မ်ားအရ Gulf Livestock 1 ေရယာဉ္က စက္တင္ဘာလ ၁ ရက္ နံနက္ ၁၁ နာရီ ၃၅ မိနစ္တြင္ ေနာက္ဆုံးအႀကိမ္ အခ်က္ျပခဲ့ေၾကာင္း သိရ သည္။

တိုင္ဖြန္းမုန္တိုင္း ေမဆတ္ခ္က ယေန႔နံနက္ပိုင္းတြင္ ေတာင္ကိုရီးယားႏိုင္ငံ၌ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ၂၀၀၃ ခုႏွစ္က တိုက္ခတ္ခဲ့သည့္ တိုင္ဖြန္းမုန္တိုင္း မဲမီကဲ့သို႔ အင္အားျပင္းထန္ေၾကာင္း ေတာင္ကိုရီးယားဝန္ႀကီး ခ်ဳပ္၏ ေျပာၾကားခ်က္အရ သိရသည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; Cargo Ship Carrying 43 Crew and 5,800 Cows Missing in Typhoon

#PeopleMedia

(unicode)
တိုင်ဖွန်းမုန်တိုင်း မေဆတ်ခ် တိုက်ခတ်မှုကြောင့် အမှုထမ်း ၄၃ ဦးပါ ကုန်တင်သင်္ဘောတစ်စင်း ပျောက်ဆုံးနေ
……………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၃

ဒေသတွင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ချိန်တွင် အရှေ့တရုတ်ပင်လယ်အတွင်းမှ ဘေး အန္တရာယ်ကျရောက်ခြင်း အချက်ပေးမှုတစ်ခု ပေးပို့ခဲ့သည့် အမှုထမ်း ၄၃ ဦးနှင့် တိရစာ္ဆန်ကောင်ရေ ၅၈၀၀ တင် ဆောင်လာသည့် ပျောက်ဆုံးနေသော ကုန်တင်သင်္ဘောတစ်စင်းကို ဂျပန်နိုင်ငံက ဆက်လက်ရှာဖွေနေသည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်တွင် ဖိလစ်ပိုင်သင်္ဘောသားတစ်ဦးကို ကယ်တင်ခဲ့ ပြီး ရှာဖွေရေးပြုလုပ်ရန် ကင်းလှည့်ရေယာဉ်လေးစင်းနှင့် လေယာဉ်သုံးစင်း စေလွှတ်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဖုန်းဖြင့် ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသော Gulf Livestock 1 ရေယာဉ်က ဂျပန်နိုင်ငံ၊ အမာမီကျွန်း၏အနောက်ဘက် ကီလိုမီ တာ ၁၈၅ (၁၁၅ မိုင်) ခန့်အကွာ ရောက်ရှိနေချိန်တွင် အဆိုပါသင်္ဘောထံမှ ဘေးအန္တရာယ်ကျရောက်ခြင်း အချက် ပေးမှုတစ်ခု ရရှိခဲ့သည်။

ပျောက်ဆုံးသင်္ဘောအမှုထမ်းများတွင် ဖိလစ်ပိုင်လူမျိုး ၃၉ ဦး၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံမှ နှစ်ဦး စီ ပါဝင်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါကုန်တင်သင်္ဘောက နယူး ဇီလန်နိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်နေခြင်းဖြစ်သည်။

ရော်ဘာလှေတစ်စင်းကို မြင်တွေ့ခဲ့ရသော်လည်း ပျောက်ဆုံးသင်္ဘောမှ လှေ ဟုတ် မဟုတ်ကို တာဝန်ရှိ သူများက အတည်မပြုခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့အား ကိုးကား၍ ဖော်ပြခဲ့သည်။

ဘလွန်းဘာဂ်သတင်းဌာနက ပြုစုထားသော သင်္ဘောသွားလာမှု အချက်အလက်များအရ Gulf Livestock 1 ရေယာဉ်က စက်တင်ဘာလ ၁ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် နောက်ဆုံးအကြိမ် အချက်ပြခဲ့ကြောင်း သိရ သည်။

တိုင်ဖွန်းမုန်တိုင်း မေဆတ်ခ်က ယနေ့နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း မဲမီကဲ့သို့ အင်အားပြင်းထန်ကြောင်း တောင်ကိုရီးယားဝန်ကြီး ချုပ်၏ ပြောကြားချက်အရ သိရသည်။

ကိုးကား – အေအက်ဖ်ပီ

Ref; Cargo Ship Carrying 43 Crew and 5,800 Cows Missing in Typhoon

#PeopleMedia


Share this post