• Follow Us on

Home တိုင်းဖျက်ပြည်ဖျက်လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက အမှန်ကိုအမှန်အတိုင်းအရှိအတိုင်း နားလည်သ ဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ဟန့်တားကြရန် န-စ-ကဥက္ကဋ္ဌ မှာကြား

တိုင်းဖျက်ပြည်ဖျက်လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက အမှန်ကိုအမှန်အတိုင်းအရှိအတိုင်း နားလည်သ ဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ဟန့်တားကြရန် န-စ-ကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ (People Media)

 

တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း နား လည်သဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ဟန့်တားပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်း ချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင်ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် ပြည်ပပယောဂအနှောင့် အယှက်များကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို တရားဥပဒေဘောင်အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်သကဲ့သို့ ဆူပူအုံကြွမှုများဖန်တီးပြီး အကြမ်းဖက်လမ်းစဉ်များဖြင့် တိုင်းဖျက်ပြည်ဖျက်လုပ်ဆောင်နေမှုများကို ပြည်သူ အားလုံးက အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်း နားလည် သဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင် ဟန့်တားပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း” ပြောသည်။

 

“မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိ စေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရပ်တည်နိုင်ရန်၊ ခေတ် ပညာတတ်လူငယ်များ ဖြစ်အောင်ပံ့ပိုးပေးမှု၊ စေ့ဆော်တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှုတို့ဖြင့် လုပ်ဆောင် ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်ထုတ်လွှင့်မှုများ မပြု လုပ်ကြရန် ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရမည်ဖြစ်ပြီး၊ မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူ လူထုထံရောက်အောင် ထုတ်လွှင့်ဖော်ပြ ပေးနိုင်ရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောသည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post