• Follow Us on

Home တိုင်းရင်းသားစာပေသင်ကြားရေးအတွက်ဖြစ်အောင်ဆောင်ရွက်ပေးမယ်လို့ န-စ-ကဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားစာပေသင်ကြားရေးအတွက်ဖြစ်အောင်ဆောင်ရွက်ပေးမယ်လို့ န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

တိုင်းရင်းသားစာပေသင်ကြားရေးအတွက် ဖြစ်အောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့မွန်းလွဲပိုင်းတွင် ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပညာတတ်ကျွမ်းစေရန်အတွက်လည်း ပညာများအား အမှန်တစ်ကယ်သင်ကြားကြရန်လိုပြီး လက်တွေ့ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အားငယ်သည့်စိတ်ဖြင့် ဆောင်ရွက်ခြင်းမရှိဘဲ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်တန်းပညာနှင့် အဆင့်မြင့်ပညာများသင်ကြားရန် မဖြစ်မနေလိုအပ်ပြီး တက္ကသိုလ်ပညာသင်ကြားရေးနှင့် ပတ်သက်၍ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဆင့်မြင့် အတန်းပညာတတ်မြောက်သူ အရေ အတွက်သည် ရာခိုင်နှုန်းအရ အလွန်နည်းပါးနေကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာများနည်းပါးပြီး စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အတွေ့အကြုံမှလွဲ၍ အဆင့်မြင့် နည်းပညာများ တတ်ကျွမ်းမှုမရှိကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုပြီး မိမိတို့၏ ကလေးများ၏ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

 

ဟဲဟိုးလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလေဆိပ်မှ တစ်ဆင့် ဒေသထွက်ပစ္စည်းများအား ပြည်တွင်းရှိ အခြားဒေသများအပြင် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင် မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် ဒေသတွင်းလူသားအရင်းအမြစ်များ လိုအပ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်ဆောင်ရွက်နိုင်မှသာ ဒေသ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 



Share this post