• Follow Us on

Home တိုင္းရင္းသားနယ္ေျမမ်ား၌ NLD ပါတီကို မဲမေပးရန္ ေျပာဆိုျခင္းသည္ ေရြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေျမာက္ ေၾကာင္း ေဒါက္တာမ်ိဳးၫြန္႔ေျပာဆို

တိုင္းရင္းသားနယ္ေျမမ်ား၌ NLD ပါတီကို မဲမေပးရန္ ေျပာဆိုျခင္းသည္ ေရြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေျမာက္ ေၾကာင္း ေဒါက္တာမ်ိဳးၫြန္႔ေျပာဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၇

တိုင္းရင္းသားနယ္ေျမမ်ား၌ NLD ပါတီကို မဲမေပးရန္ ေျပာဆိုျခင္းသည္ ေရြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေျမာက္ ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ ေဒါက္တာမ်ိဳးၫြန္႔မွ ေျပာသည္။

ေရြးေကာက္ပြဲမဲဆြယ္စည္း႐ုံးရာတြင္ တိုင္းရင္းသားကိုယ္စားလွယ္ေလာင္းအခ်ိဳ႕က အထက္ပါအတိုင္း မဲဆြယ္ ေျပာ ဆိုမႈမ်ားအေပၚ People Media မွဆက္သြယ္ေမးျမန္းရာတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CEC အဖြဲ႕ ၀င္ျဖစ္သူ ေဒါက္တာမ်ိဳးၫြန္႔ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။

“ေရြးေကာက္ပြဲမွာ မဲမေပးဖို႔ေျပာဆိုတာက အထူးသျဖင့္ ေရြးေကာက္ပြဲေန႔မွာဆိုရင္ ဒါဟာေရြးေကာက္ပြဲျပစ္မႈ ေျမာက္ပါတယ္ခင္ဗ်။ အခုေရြးေကာက္ပြဲမတိုင္ခင္မွာလည္း ဘယ္လိုအေၾကာင္းကိုျပၿပီးေတာ့ မဲမေပးဖို႔ေျပာဆို တယ္ဆိုတာရွိပါတယ္။ အထူးသျဖင့္ ဒါဟာ ေရြးေကာက္ပြဲဆိုင္ရာ ျပစ္မႈေျမာက္ပါတယ္။ ကြၽန္ေတာ္တို႔ ေရြး ေကာက္ပြဲဆိုတာ ငါးႏွစ္မွာတစ္ခါႀကဳံရတယ္။ မိမိတို႔နဲ႔ မိမိတို႔ရဲ႕ အနာဂတ္မ်ိဳးဆက္အတြက္ ေရြးခ်ယ္ပိုင္ခြင့္ ေတြကို ဆုံးရႈံးေအာင္လို႔ တိုက္တြန္းတာ၊ ႏႈိးေဆာ္တာမ်ိဳးဟာ မသင့္ေတာ္ဘူး။ ေရြးေကာက္ပြဲကို မွန္မွန္ကန္ကန္ နဲ႔ ေအာင္ေအာင္ျမင္ျမင္ က်င္းပေရးအတြက္က ႏိုင္ငံသားအားလုံးေရာ၊ တိုင္းရင္းသားအားလုံး၊ ႏိုင္ငံေရးပါတီ အားလုံးက ေဆာင္ရြက္သင့္တယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္။ တစ္စုတည္း လုပ္ေဆာင္သင့္တယ္လို႔ ထင္ပါတယ္။ မဲမေပးျခင္းအားျဖင့္ မဲဆႏၵရွင္ျပည္သူမ်ားဟာ မိမိတို႔ရဲ႕အခြင့္အေရးကိုဆုံးရႈံးေအာင္တိုက္တြန္း တာ မသင့္ေလ်ာ္ဘူးလို႔ ေျပာခ်င္ပါတယ္”ဟု ၎မွေျပာသည္။

ဆက္လက္ၿပီး ၎တို႔ပါတီအေနႏွင့္ “ျပည္နယ္ေတြမွာလည္း ကြၽန္ေတာ္တို႔၀င္ေရာက္ယွဉ္ၿပိဳင္သြားမွာျဖစ္ပါ တယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အစိုးရဖြဲ႕ႏိုင္ဖို႔လိုအပ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာဟာ အင္မတန္ကိုမ်ားပါတယ္။ အဲဒီလို ရာႏႈန္းမ်ားမ်ား ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ေရြးေကာက္ပြဲမဲဆႏၵနယ္ရွိတဲ့ ေနရာတိုင္းမွာ ၀င္ေရာက္ယွဉ္ၿပိဳင္ရျခင္းျဖစ္ပါတယ္။ အဲဒီလိုယွဉ္ၿပိဳင္မွလည္း အစိုးရဖြဲ႕ႏိုင္မွာျဖစ္ပါတယ္။ ႏိုင္ငံ လုံးဆိုင္ရာ ေအာင္ႏိုင္မႈရွိႏိုင္တဲ့ ကြၽန္ေတာ္တို႔ ပါတီတစ္ခုအေနနဲ႔က ႏိုင္ငံအတြက္အေရးႀကီး ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရး၊ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရးလုပ္ငန္းမ်ားကို ပိုင္ပိုင္ႏိုင္ႏိုင္ေဆာင္ရြက္ႏိုင္မွာျဖစ္တဲ့အတြက္ အခုလိုျပည္နယ္မ်ားမွာ ၀င္ေရာက္ယွဉ္ၿပိဳင္ရျခင္းျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္”ဟုဆိုသည္။

အလားတူ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သည္ ၂၀၂၀ေရြးေကာက္ပြဲကို ေသာင္ၿပိဳ၊ကမ္းၿပိဳ အႏိုင္ရလိုေၾကာင္း တရားဝင္ေျပာဆိုထားသည္။

#PeopleMedia #2020election #NLD

(unicode)
တိုင်းရင်းသားနယ်မြေများ၌ NLD ပါတီကို မဲမပေးရန် ပြောဆိုခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက် ကြောင်း ဒေါက်တာမျိုးညွန့်ပြောဆို
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၇

တိုင်းရင်းသားနယ်မြေများ၌ NLD ပါတီကို မဲမပေးရန် ပြောဆိုခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက် ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်မှ ပြောသည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် တိုင်းရင်းသားကိုယ်စားလှယ်လောင်းအချို့က အထက်ပါအတိုင်း မဲဆွယ် ပြော ဆိုမှုများအပေါ် People Media မှဆက်သွယ်မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ ဝင်ဖြစ်သူ ဒေါက်တာမျိုးညွန့်ထံ ဆက်သွယ်မေးမြန်းခဲ့သည်။

“ရွေးကောက်ပွဲမှာ မဲမပေးဖို့ပြောဆိုတာက အထူးသဖြင့် ရွေးကောက်ပွဲနေ့မှာဆိုရင် ဒါဟာရွေးကောက်ပွဲပြစ်မှု မြောက်ပါတယ်ခင်ဗျ။ အခုရွေးကောက်ပွဲမတိုင်ခင်မှာလည်း ဘယ်လိုအကြောင်းကိုပြပြီးတော့ မဲမပေးဖို့ပြောဆို တယ်ဆိုတာရှိပါတယ်။ အထူးသဖြင့် ဒါဟာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက်ပါတယ်။ ကျွန်တော်တို့ ရွေး ကောက်ပွဲဆိုတာ ငါးနှစ်မှာတစ်ခါကြုံရတယ်။ မိမိတို့နဲ့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်အတွက် ရွေးချယ်ပိုင်ခွင့် တွေကို ဆုံးရှုံးအောင်လို့ တိုက်တွန်းတာ၊ နှိုးဆော်တာမျိုးဟာ မသင့်တော်ဘူး။ ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် နဲ့ အောင်အောင်မြင်မြင် ကျင်းပရေးအတွက်က နိုင်ငံသားအားလုံးရော၊ တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီ အားလုံးက ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ တစ်စုတည်း လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ မဲမပေးခြင်းအားဖြင့် မဲဆန္ဒရှင်ပြည်သူများဟာ မိမိတို့ရဲ့အခွင့်အရေးကိုဆုံးရှုံးအောင်တိုက်တွန်း တာ မသင့်လျော်ဘူးလို့ ပြောချင်ပါတယ်”ဟု ၎င်းမှပြောသည်။

ဆက်လက်ပြီး ၎င်းတို့ပါတီအနေနှင့် “ပြည်နယ်တွေမှာလည်း ကျွန်တော်တို့ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရဖွဲ့နိုင်ဖို့လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာဟာ အင်မတန်ကိုများပါတယ်။ အဲဒီလို ရာနှုန်းများများ နိုင်ဖို့အတွက် ကျွန်တော်တို့ရွေးကောက်ပွဲမဲဆန္ဒနယ်ရှိတဲ့ နေရာတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ အဲဒီလိုယှဉ်ပြိုင်မှလည်း အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ နိုင်ငံ လုံးဆိုင်ရာ အောင်နိုင်မှုရှိနိုင်တဲ့ ကျွန်တော်တို့ ပါတီတစ်ခုအနေနဲ့က နိုင်ငံအတွက်အရေးကြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးလုပ်ငန်းများကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အခုလိုပြည်နယ်များမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟုဆိုသည်။

အလားတူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ရွေးကောက်ပွဲကို သောင်ပြို၊ကမ်းပြို အနိုင်ရလိုကြောင်း တရားဝင်ပြောဆိုထားသည်။

#PeopleMedia #2020election #NLD


Share this post