• Follow Us on

Home တိုင်းရင်းသားပါတီများကို လေးလေးစားစားနှင့် အသိအမှတ်ပြုသည့်အတွက် ပြည်နယ်အထိ ဆင်းတွေ့ခြင်း ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုပြောဆို

တိုင်းရင်းသားပါတီများကို လေးလေးစားစားနှင့် အသိအမှတ်ပြုသည့်အတွက် ပြည်နယ်အထိ ဆင်းတွေ့ခြင်း ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုပြောဆို

Share this post

ရှမ်း၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တိုင်းရင်းသားပါတီများကို လေးလေးစားစားနဲ့ အသိအမှတ်ပြုတဲ့အတွက် ပြည်နယ်အထိ ဆင်းတွေ့တာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်ရှိ NLD ပါတီရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီတို့နဲ့ တွေ့ဆုံမှုအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ် အထက်ပါအတိုင်းပြော ကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဒီမှာ ညီအကိုတွေ ပြောတာလို နားထောင်ချင်တာ။ နားထောင်ချင်လို့ တကူးတကကို သွား တယ်။ သူတို့ပြောတဲ့ အသံနားထောင်ချင်လို့။ တယ်လီဖုန်းဆက်ပြီး လှမ်းမေးလည်း ရတယ်။ ဖုန်းထဲက လှမ်းမေးလည်း ဘာဘာညာညာ ပြောရင် ရတာပေါ့။ သို့သော်လည်းပဲ သူတို့နိုင်ထားတယ်။ သူတို့ အနေ အထားကို အသိအမှတ်ပြုတဲ့အနေနဲ့ လေးစားတဲ့အနေနဲ့ ကျွန်တော်တို့က အောက်ခြေကို ဆင်းပြီးပြောတာ လေ”ဟု ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ဒေါက်တာအောင်မိုးညိုက ဆက်လက်ပြောကြားရာတွင် “တစ်ချို့အဖွဲ့တွေက သိတဲ့အတိုင်းပဲ ၃၄ ဖွဲ့ကို တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်မှ ၃၄ ဖွဲ့ကို ခေါ်တယ်ဆိုတော့ သွားတယ်။ သူကခေါ်တွေ့တာလေ ကျွန်တော်တို့ က နယ်မြေဆင်းတွေ့တာလေ။ ခေါ်တွေ့တာမဟုတ်ဘူး မင်းတို့ နေပြည်တော်လာခဲ့ ရန်ကုန်ကို လာခဲ့စမ်းကွာ ဆိုပြီး ခေါ်တွေ့တာ မဟုတ်ဘူး။ လေးလေးစားစားနဲ့ အသိအမှတ်ပြုပြီး ပြည်နယ်အထိတောင် ဆင်းပြီးတွေ့ တာ။ ခုလိုမျိုး သူတို့ပြောတာ နားထောင်ချင်တယ်။ ကျွန်တော်တို့က အထက်စီးက ဆက်ဆံသလား ညီလို အစ်ကိုလို လေးလေးစားစားနဲ့ ဆက်ဆံလား မဆက်ဆံဘူးလားဆိုတာ အခုတွေ့ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ ကို မေးကြည့်ပါလို့ ပြောကြားခဲ့ပါတယ်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေမြင့်နှင့် ကချင်ပြည်နယ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအင်တုံခါးနော်စံတို့အဖွဲ့ဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်းလို့မရတဲ့အတွက် တွေ့ဆုံပွဲပျက်ရခဲ့ပြီး၊ ကယားပြည်နယ်ဒီမိုက ရက်တစ်ပါတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့ပေမယ့်နေရာညှိနှိုင်းလို့မရတဲ့အတွက် တွေ့ဆုံပွဲ ထပ်မံပျက်ခဲ့ရပါတယ်။
Photo – credit
#PeopleMedia #တိုင်းရင်းသားအရေး #political
(unicode)
…………………………………………………..
Photo – credit


Share this post