• Follow Us on

Home တိုင်းရင်းသားများ NLD အစိုးရအဖွဲ့သစ်ထဲတွင်ပါဝင်နိုင်ရန် အရည်အသွေးနှိုင်းယှဉ်ကာ ပြည်သူလက်ခံနိုင် သည့်သူကို ရွေးချယ်သွားမည်

တိုင်းရင်းသားများ NLD အစိုးရအဖွဲ့သစ်ထဲတွင်ပါဝင်နိုင်ရန် အရည်အသွေးနှိုင်းယှဉ်ကာ ပြည်သူလက်ခံနိုင် သည့်သူကို ရွေးချယ်သွားမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တိုင်းရင်းသားများ NLD အစိုးရအဖွဲ့သစ်ထဲတွင် ပါဝင်နိုင်ရန် တိုင်းရင်းသားများ၏အရည်အသွေးကို နှိုင်း ယှဉ်ကာ ပြည်သူလက်ခံနိုင်သည့်သူကို ရွေးချယ်သွားမည်ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။

“အစိုးရအဖွဲ့မှာ အရေးကြီးတာကတော့ အရည်အချင်းပြည့်မှီရင် တိုင်းရင်းသားထဲက ရနိုင်ရင် ထည့်သွင်းစဉ်း စားမယ် ပြောထားတယ်၊ အဲ့တော့ အရည်အသွေးက နှိုင်းယှဉ်ကြည့်ရအုန်းမှာပေါ့၊ ဘယ်သူပိုပြီးလုပ်နိုင်မလဲ၊ ကျွန်တော်ရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူကို အလုပ်အကျွေးပြုဖို့ကို၊ အဲ့တော့ ပြည်သူကို အလုပ်အကျွေး ပြုနိုင်ဖို့အတွက် အရည်အချင်းပြည့်မှီတယ် ပြည်သူလက်ခံနိုင်တယ်၊ ဒီစံနှုန်းတွေနဲ့ ကြည့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

NLD အစိုးရအဖွဲ့သစ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးရာထူးနှင့်ပတ်သက်ပြီး မေးမြန်ရာမှာလည်း တိုင်းရင်း သားရေးရာဝန်ကြီးဌာနကိစ္စမှာလည်း တော်တော်ဝေဖန်ခံရသည့်ကိစ္စဖြစ်၍ လောလောဆယ် မဆုံးဖြတ်ရ ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

NLD ပါတီအနေဖြင့် အစိုးရအဖွဲ့သစ်ထဲတွင် တိုင်းရင်းသားများ ပါဝင်လာစေရန်အတွက် စူးစမ်းခြင်း၊ မေးမြန်း ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး အတိအကျကိုတော့ အစည်းအဝေး ဆုံးဖြတ်ပြီးမှသာ ပြောဆိုနိုင်မည်ဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီမှ ရွေးကောက်ပွဲအနိုင်ရပြီးနောက် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက် မည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေဆုံဆွေးနွေးရန် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ပါဝင်သည့် ကော်မတီအဖွဲ့ကို NLD ပါတီဗဟိုက ဒီဇင်ဘာ ၁၂ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

ထိုသို့ ဖွဲ့စည်းပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်အဖွဲ့မှ ကချင်တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့ပြီး၊ ဇန်နဝါလ ၄ ရက်နေ့တွင် မွန်တိုင်းရင်းသားပါတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နေရာညှိနှိုင်း၍ မရသည့်အတွက် တွေ့ဆုံမှု ပျက်ခဲ့ရသည်။

Photo – Credit

#PeopleMedia

(unicode)
………………………………………………….








Photo – Credit

#PeopleMedia


Share this post