• Follow Us on

Home တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားရန် KNU ၏ အကြံပေးအဖွဲ့ တိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားရန် KNU ၏ အကြံပေးအဖွဲ့ တိုက်တွန်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)

 

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်နိုင်ရန် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ နှင့် PDF များပူးပေါင်းပြီး တိုက်ပွဲဝင်သွားရန် KNU ၏ အကြံပေးအဖွဲ့က စက်တင်ဘာ ၂ ရက်နေ့၌ ကြေငြာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်ပါတယ်။

 

အဆိုပါ ကြေငြာချက်တွင် တပ်မတော်မှ အာဏာသိမ်းယူမှုပြုလုပ်ပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် NCA သည် ပျက်ပြယ်သွားပြီဟု မှတ်ယူလိုက်ပြီဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်ပါတယ်။

 

ယင်းအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းကြောင်း ကြေငြာထားသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း နစက ကောင်စီအပါအဝင် ၎င်းတို့နှင့်ဆက်စပ်သူအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေငြာထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

 

KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသည် CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံရေး ရပ်တည်ချက်ဖြစ်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး အပြင် တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သောကြောင့် KNU အကြံပေးအဖွဲ့အနေဖြင့် CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ကြိုဆို ထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေးနှင့် နိုင်ငံရေးများကို သံရေးသမန်ရေးများကို စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ်တည်ဆောက်နိုင်ရေးတို့အတွက် နွေဦး တော်လှန်ရေးတွင် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

 

Photo – KNU

 

#PeopleMedia #KNU #CRPH #NUG

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 

Photo – KNU

 

#PeopleMedia #KNU #CRPH #NUG


Share this post