• Follow Us on

Home တိုင်းရင်းသားလူမျိုးများ တစ်ဦးနှင့် တစ်ဦး ယုံယုံကြည်ကြည်ဆက်ဆံကြပြီး အပြန်အလှန်ရိုင်းပင်းကူညီကြမှ သာ တိုင်းပြည်အေးချမ်းမည်ဟု တိုင်းရင်းသားဝန်ကြီး ပြောကြား

တိုင်းရင်းသားလူမျိုးများ တစ်ဦးနှင့် တစ်ဦး ယုံယုံကြည်ကြည်ဆက်ဆံကြပြီး အပြန်အလှန်ရိုင်းပင်းကူညီကြမှ သာ တိုင်းပြည်အေးချမ်းမည်ဟု တိုင်းရင်းသားဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၅

 

တိုင်းရင်းသားလူမျိုးများသည် တစ်ဦးနှင့် တစ်ဦး ယုံယုံကြည်ကြည်ဆက်ဆံကြပြီး အပြန်အလှန် ရိုင်းပင်းကူညီ ကြမှသာ တိုင်းပြည်အေးချမ်းမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောသည်။

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို ပူးပေါင်းကျင်းပသည့် ဥပဒေရေးရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန် ကြီးက တက်ရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဥပဒေပညာရပ်ဟာ မိမိအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိတဲ့ပညာရပ်ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြစေလိုပါတယ်။ တစ်ဖက်မှာလည်း တိုင်းပြည်တိုး တက်ရေးကိစ္စရပ်တွေကို ဝိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည် ဆက်ဆံကြပြီး အပြန်အလှန်ရိုင်းပင်းကူညီကြမှဘဲ တိုင်းပြည်အေးချမ်းမှာဖြစ်ပါတယ်။ တိုင်း ပြည်အေးချမ်းမှ ငြိမ်းချမ်းရေးဟာလည်း ဖြစ်ထွန်းအောင်မြင်လာနိုင်မှာ ဖြစ်ပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီး က ပြောကြား သည်။

 

မိမိတိုအနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးကို ရှေးရှု၍ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘော တူညီချက်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်းသည် တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရေးကြီးသဖြင့် တိုင်းရင်းသား များအားလုံး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

(unicode)


………………………………………..

 


 


 


 


 



Share this post