• Follow Us on

Home တိုင်းရင်းသားအခွင့်အရေးရန် ဆန္ဒထုတ်ဖော်သူသုံးဦးကို အမှုဖွင့်

တိုင်းရင်းသားအခွင့်အရေးရန် ဆန္ဒထုတ်ဖော်သူသုံးဦးကို အမှုဖွင့်

Share this post

ရန်ကုန်၊ အောက်တိုဘာ ၅

ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံ၌ ကရင်အာဇာနည်နေ့ အခမ်းအနားပြုလုပ်ရာမှာ ဦးဆောင်ပါဝင်ခဲ့သည့်ဒေါ်နော်အုန်းလှနှင့် အတူ အခြားအမှုတွဲနှစ်ဦးအားရုံးထုတ်ခဲ့သည့် စက်တင်ဘာ၂၇ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီး အဖွဲ့မှ ဒေါ်စိန်ထွေး၊ ဇာခြည်လင်းနှင့် နော်လာရှီးထူးတို့အပါအ၀င် လူဦးရေတစ်ရာကျော် ၀န်းရံဆန္ဒပြကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြကြွေးကြော်ရာတွင် တိုင်းရင်းသားတန်းတူ အခွင့်အရေးရရှိရေး၊ ဒေါ်နော်အုံးလှင့် အခြားအမှုတွဲနှစ်ဦးချက်ချင်းလွှတ်၊ တိုင်းရင်းသားများ ကိုဖိနှိပ်မှုရပ်စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

ယင်းကြောင့် ဒေါ်စိန်ထွေး၊ ဇာခြည်လင်းနှင့် နော်လာရှီးထူးတို့သုံးဦးအား တရားရုံးရှေ့ခွင့်ပြုချက်မရှိပဲ ဆန္ဒထုတ်ဖော်သဖြင့် ကျောက်တံတားမြို့ နယ်ရဲစခန်းက အမှုဖွင့် အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း အကြောင်းကြားစာကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ရုံး သို့ပေးပို့ခဲ့သည်။

ဒေါ်နော်အုန်းလှနှင့် အမှုတွဲနှစ်ဦးကို ငြိမ်းစုစီပုဒ်မ – ၂၀ ဖြင့် ယခုလ ၂ ရက်နေ့ကထောင်ဒဏ်၁၅ ရက်ရက်ကျခံစေရန် အပြီးသတ်အမိန့်ချ မှတ်ခဲ့ပြီး ချုပ်ရက်များ ထုတ်ရက်များ ထုတ်နှုတ်ခံစားခွင့်ပြုသဖြင့် ၄င်းတို့လွတ်မြောက်ခဲ့သည်။

#PeopleMedia


Share this post