• Follow Us on

Home တိုင္းရင္းသားေတြနဲ႔ NLD ေပါင္းစပ္ဖို႔အေရး အလုပ္ျဖစ္ပါ့မလား

တိုင္းရင္းသားေတြနဲ႔ NLD ေပါင္းစပ္ဖို႔အေရး အလုပ္ျဖစ္ပါ့မလား

Share this post

ေဆာင္းပါး၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုဝင္ဘာ (၈) ရက္ ေရြးေကာက္ပြဲမွာ ေမၽွာ္မွန္းထားတာထက္ကို တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ အနိုင္ရရွိခဲ့တဲ့ အန္အယ္လ္ဒီဟာ ေရြးေကာက္ပြဲအၿပီး နိုဝင္ဘာ (၁၂) ရက္စြဲနဲ႔ တိုင္းရင္းသားပါတီေတြကို လိပ္မူေပးပို႔တဲ့ စာတစ္ေစာင္ကို ထုတ္ျပန္လာပါတယ္။ ဒီစာပါ အေၾကာင္းအရာကို ၾကည့္မယ္ဆိုရင္ ေရြးေကာက္ပြဲမွာ အမ်ားစုအနိုင္ရၿပီး လႊတ္ေတာ္မွာ ကိုယ္စားလွယ္ေနရာအမ်ားစုရရွိၿပီး လာမယ့္ ငါးႏွစ္တာကာလအတြက္ အစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းခြင့္ရရွိမယ့္ အန္အယ္လ္ဒီအေနနဲ႔ အနာဂတ္မွာ တိုင္းရင္းသား ပါတီေတြနဲ႔ ေပါင္းစပ္ၿပီး လုပ္ေဆာင္သြားမယ္လို႔ အဓိပၸာယ္ရတဲ့ ေဖာ္ျပခ်က္ကို ေတြ႕ရပါတယ္။

စာပါ အေၾကာင္းအရာအတိုင္း ေျပာရမယ္ဆိုရင္ေတာ့ (တစ္)အန္အယ္လ္ဒီအေနနဲ႔ ဘယ္လိုအေျခအေနေတြပဲ ရွိရွိ ေနာင္အနာဂတ္ မွာ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုေပၚထြန္းေရးကို မမွိတ္မသုန္ ဆက္လက္ႀကိဳးပမ္းသြားမယ္၊ (ႏွစ္) ဒီလိုေဆာင္ရြက္ရာမွာ တိုင္းရင္းသားပါတီေတြရဲ့ ရည္မွန္းခ်က္နဲ႔ အန္အယ္လ္ဒီရဲ့ ရည္မွန္းခ်က္တို႔ တူညီတဲ့အတြက္ အန္လ္အယ္ဒီအေနနဲ႔ တိုင္းရင္းသားလူ မ်ိဳးစုမ်ားရဲ့ ဆႏၵကို အေလးထားေဆာင္ရြက္သြားမယ္၊ (သုံး) တိုင္းရင္းသားပါတီေတြအေနနဲ႔လည္း အန္အယ္လ္ဒီက ေဖာ္ေဆာင္မယ့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအေရးကို တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ၾကလိမ့္မယ္လို႔ ေမၽွာ္လင့္တယ္လို႔ ေတြ႕ရပါတယ္။

ဒါဟာ ေရြးေကာက္ပြဲမွာ အမ်ားစုအနိုင္ရထားတဲ့ အန္အယ္လ္ဒီအေနနဲ႔ ေရြးေကာက္ပြဲၿပီးၿပီးခ်င္းမွာ ေဆာင္ရြက္လိုက္တဲ့ အမ်ိဳးသား စည္းလုံးညီညြတ္ေရးအတြက္ ႀကိဳဆိုရမယ့္ ေျခလွမ္းတစ္လွမ္းျဖစ္ပါတယ္။

ျမန္မာနိုင္ငံရဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ေရးအတြက္ အဓိကအင္အားစုျဖစ္တဲ့ အန္အယ္လ္ဒီနဲ႔ တိုင္းရင္းသားနိုင္ ငံေရး အင္အားစုေတြၾကား ေပါင္းစည္းေရး၊ ေပါင္းစပ္ေရးကို နိုင္ငံေရးအသိုင္းအဝိုင္းနဲ႔ နိုင္ငံေရးေလ့လာေစာင့္ၾကည့္အကဲျဖတ္သူေတြ ၾကားမွာ တိုက္တြန္းလာခဲ့ၾကတာ ၾကာခဲ့ၿပီျဖစ္ပါတယ္။ ပထမအႀကိမ္လႊတ္ေတာ္သက္တမ္းအတြင္းကလည္း တိုက္တြန္းေဆာ္ဩခဲ့ ၾကသလို၊ ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းျဖစ္တဲ့ အာဏာရအန္အယ္လ္ဒီပါတီအျဖစ္ကာလေတြ အတြင္းမွာလည္း တြန္းတြန္း တိုက္တိုက္ကို ေဆာ္ဩခဲ့ၾကပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲ နီးကပ္လာေလ ဒီတိုက္တြန္းေဆာ္ဩခ်က္ေတြဟာ ပိုလို႔ အားေကာင္း ေမာင္းသန္ျဖစ္ခဲ့တာကလည္း ထင္ထင္ရွားရွားပါ။

တကယ္ေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအၾကပ္အတည္းေအာက္ကေန ေရႊ႕ရွားေနရတဲ့ ျမန္မာ့နိုင္ငံေရးအေျပာင္းအလဲမွာ ဒီမိုကေရစီအဓိက အင္အားစုျဖစ္တဲ့ အန္အယ္လ္ဒီနဲ႔ တိုင္းရင္းသားနိုင္ငံေရးအင္အားစုေတြၾကား ေပါင္းစည္းညီညြတ္မႈ၊ မဟာမိတ္ အသြင္ေပါင္းစပ္နိုင္မႈ ရွိမွာသာ ဖြဲ႕စည္းပုံအေျခခံဥေပဒျပင္ဆင္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရးတို႔ကို ေအာင္ေအာင္ျမင္ျမင္ ထိထိေရာက္ေရာက္ေဆာင္ရြက္နိုင္မယ္ဆိုတာကို မမွိတ္မသုန္ ယုံၾကည္ခဲ့ၾကလို႔ ဒီလိုမ်ိဳး တြန္းတြန္းတိုက္တိုက္ ေဆာ္ဩေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီေဆာ္ဩခ်က္ေတြၾကားထဲမွာ အန္အယ္လ္ဒီအေနနဲ႔ ေရြးေကာက္ပြဲမတိုင္မီကာလက တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံးေဆြးေႏြး ေရးအတြက္ ရည္ရြယ္ၿပီး အဖြဲ႕တစ္ရပ္ကို ဖြဲ႕စည္းခဲ့ၾကတဲ့အခါမွာလည္း ေရြးေကာက္ပြဲမတိုင္မီကာလ ေပါင္းစပ္နိုင္ေရးကို ေမၽွာ္လင့္ခဲ့ ၾကပါတယ္။ ဒါေပမယ့္ ဒီလိုအဖြဲ႕သာ ဖြဲ႕လိုက္ေပမယ့္ ဘယ္လို ေတြ႕ဆုံေဆြးေႏြးမႈ၊ ေပါင္းစပ္ညႇိႏွိုင္းမႈတစ္ခုမွာ ျဖစ္လာတာကို မေတြ႕ ခဲ့ရပါဘူး။ အဲဒီတုန္းက ဖြဲ႕လိုက္တဲ့ အဖြဲ႕ဟာ ဘာလုပ္ငန္းရည္ရြယ္ခ်က္မွာ ရွိခဲ့တာ မေတြ႕ခဲ့ဘဲ တိုင္းရင္းသားပါတီေတြဘက္က တင္ၿပ စရာရွိရင္ လာတင္ျပပါဆိုတဲ့ ပုံစံနဲ႔ ေတြ႕ဆုံေပါင္းစပ္နိုင္ေရးကို အလွမ္းေဝးေစခဲ့တာကို ဝမ္းနည္းစြာ ျမင္ေတြ႕ခဲ့ရပါတယ္။

အခု ေရြးေကာက္ပြဲအၿပီးမွာေတာ့ အန္အယ္လ္ဒီအေနနဲ႔ တိုင္းရင္းသားပါတီေတြထံ အထက္ပါသေဘာထားအတိုင္း လိပ္မူတဲ့ စာကို ေပးပို႔လာတဲ့ အေပၚေတာ့ တစ္ခါထပ္ၿပီး ဝမ္းပမ္းတသာ ျဖစ္ရျပန္ပါတယ္။ ဒါေပမယ့္လည္း ဒီစာကို ေသခ်ာၾကည့္မယ္ဆိုရင္ ေရရာ ေသခ်ာလွျခင္းမရွိသလို ဒီစာပါ အေၾကာင္းအရာအေပၚ တိုင္းရင္းသားပါတီေတြဘက္က သေဘာထားတုံ႔ျပန္မႈကို ျပန္လည္ေတာင္းခံ ထားျခင္း မရွိတာကို ေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ပဲ လိပ္မူခံ တိုင္းရင္းသားပါတီေတြဘက္ အခ်ိဳ႕ပါတီေတြဘက္က ျပန္လည္ၿပီး ႀကိဳဆို တဲ့ သေဘာထားထုတ္ျပန္တာေတြကို ေတြ႕ရသလို၊ အခ်ိဳ႕လည္း ေစာင့္ၾကည့္ေနတဲ့ အေနအထား၊ အခ်ိဳ႕လည္း ဖာသိဖာသာပဲ ေန လိုက္တဲ့ အေနအထားကို ေတြ႕ရပါတယ္။

ဒီ့ေနာက္ အခုေရြးေကာက္ပြဲအၿပီး တစ္လေက်ာ္အၾကာ ဒီဇင္ဘာ (၁၂) ရက္မွာ ပထမဆုံး ျပန္လည္ျပဳလုပ္တဲ့ အန္အယ္လ္ဒီရဲ့ စီးအီး စီးအစည္းအေဝးကေန တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ စီးအီးစီအဖြဲ႕အတြင္းေရးမႉး (၃) ျဖစ္တဲ့ ေဒါက္တာေအာင္မိုးညိဳ၊ စီးအီးစီအဖြဲ႕ဝင္ေတြျဖစ္တဲ့ ေဒၚနန္းခင္ေထြးျမင့္၊ အင္ထုံးခန္းေနာ္ဆန္တို႔ကို တာဝန္ေပးလိုက္တယ္ဆိုတဲ့ သတင္းစကားကို ၾကားရတဲ့ အခါမွာေတာ့ ပိုလို႔ အားတက္စရာ ျဖစ္လာရျပန္ပါတယ္။

ဒါေပမယ့္ ဒီအဖြဲ႕ ဖြဲ႕စည္းမႈနဲ႔ ပတ္သက္ၿပီး ပါတီေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာမ်ိဳးညြန႔္က အစည္းအေဝးအၿပီးမွာပဲ ဒီအဖြဲ႕ဟာ တိုင္းရင္း သားပါတီေတြဘက္က တင္ျပလာခ်က္ေတြကို နားေထာင္ၿပီး ဘာေတြ ဆက္လုပ္မယ္၊ ဘယ္လိုညႇိႏွိုင္းသြားမယ္ဆိုတာ ဆက္လုပ္ သြားမွာ ျဖစ္တယ္ဆိုတဲ့ စကားကို ၾကားရျပန္ေတာ့လည္း ေရြးေကာက္ပြဲမတိုင္မီကာလက ဖြဲ႕ခဲ့တဲ့ အဖြဲ႕ပုံစံမ်ိဳးကို ျပန္သတိရၿပီး ရင္ထိတ္ရျပန္ပါတယ္။

ဒါ့အျပင္ ဒီဇင္ဘာ (၁၄) ရက္မွာ ဗြီအိုေအသတင္းဌာနနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ဒီအဖြဲ႕ရဲ့ လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး ေဒါက္တာ ေအာင္မိုးညိဳရဲ့ ေျဖၾကားခ်က္ေတြမွာလည္း ဘာမွ ေရေရရာရာ မရွိလာတာကို ေတြ႕ရျပန္ပါတယ္။ ေဒါက္တာေအာင္မိုးညိဳရဲ့ ေျဖၾကား ခ်က္ေတြကို ၾကည့္မယ္ဆိုရင္ အခုလို အဖြဲ႕ဖြဲ႕စည္းလိုက္ေပမယ့္ ဒီအဖြဲ႕အေနနဲ႔ ဘယ္လိုတာဝန္ေတြ၊ ဘယ္လိုလုပ္ပိုင္ခြင့္ေတြ ရွိတယ္ ဆိုတာကို မသတ္မွတ္ရေသးဘူးလို႔ သိရပါတယ္။ ပါတီဗဟိုက ဘာေတြ ဘယ္လို ေဆြးေႏြးခ်င္တာ၊ ညႊန္ၾကားတာေတြေပၚမူတည္ၿပီး အဖြဲ႕အေနနဲ႔ ရွမ္းသြားမလား၊ ဘယ္သြားမလဲဆိုတာကို စီစဥ္ေနပါတယ္လို႔လည္း ေဒါက္တာေအာင္မိုးညိဳက ေျပာပါတယ္။ ေနာက္တစ္ခါ ေဒါက္တာေအာင္မိုးညိဳက ေတြ႕ဆုံေဆြးေႏြးေရးဆိုရာမွာလည္း တိုင္းရင္းသားနိုင္ငံေရးပါတီေတြ အားလုံးနဲ႔ေတာ့ ေတြ႕နိုင္မွာ မဟုတ္ဘူး၊ ဒီေတာ့ ဘယ္အဖြဲ႕ေတြနဲ႔ ေတြ႕မယ္ဆိုတာ စိတ္ဝင္စားမႈရွိတဲ့ ပါတီေတြ၊ ကိုယ္ပိုင္အုပ္ခြင့္ရထားတဲ့ အဖြဲ႕ေတြ၊ ေရြးေကာက္ပြဲ အနိုင္ရထားတဲ့ ပါတီေတြလည္း ရွိေတာ့ ဘယ္အဖြဲ႕ေတြနဲ႔ေတြ႕၊ ဘယ္အဖြဲ႕ေတြနဲ႔ ညႇိႏွိုင္းၿပီး ဘာေတြ လိုက္ေလ်ာမယ္၊ ဘာေတြကေတာ့ မလိုက္ေလ်ာနိုင္ဘူးဆိုတာ လူႀကီးေတြရဲ့ လမ္းညႊန္မႈခံယူၿပီး ေဆာင္ရြက္ေနပါတယ္ဆိုတဲ့ ေဒါက္တာေအာင္မိုး ညိဳရဲ့ ေျဖၾကားခ်က္ကိုလည္း ေတြ႕ရပါတယ္။

ဒီေတာ့ ၾကည့္မယ္ဆိုရင္ အန္အယ္လ္ဒီအေနနဲ႔ အခုလို တိုင္းရင္းသားပါတီေတြနဲ႔ ေတြ႕ဆုံဖို႔ဆိုၿပီး အဖြဲ႕ဖြဲ႕လိုက္ေပမယ့္ ဘာမွ ႀကိဳတင္ ျပင္ဆင္ထားတာ၊ မူဝါဒေတြ၊ လုပ္ငန္းစဥ္ေတြ ခ်မွတ္ထားတာ မရွိဘူးဆိုတာကို ထင္ထင္ရွားရွားေတြ႕လိုက္ရပါတယ္။ တကယ္ေတာ့ ဒီလိုအဖြဲ႕မ်ိဳး ဖြဲ႕ဖို႔ဆိုတာဟာ အစည္းအေဝးအတိုင္ခင္ကတည္းက ႀကိဳတင္ၿပီး လုပ္ငန္းစဥ္ေတြ၊ မူဝါဒေတြ၊ လုပ္ငန္းစဥ္ေတြကို ခိုင္ခိုင္ မာမာခ်မွတ္ၿပီး ျပင္ဆင္ေဆာင္ရြက္ထားသင့္တာပါတယ္။ ၿပီးေတာ့ အခုေတြ႕ရတဲ့ သေဘာထားအရ ဆိုရင္လည္း တိုင္းရင္းသားပါတီ ေတြ အားလုံးနဲ႔ ေတြ႕ဆုံညႇိႏွိုင္းေရးဆိုတာထက္ အလ်ဥ္းသင့္သလို သင့္တဲ့ သူေတြနဲ႔ ေတြ႕သြားမယ္ဆိုတဲ့ ပုံစံေပါက္ေနတာကိလည္း မေသခ်ာမေရရာလွပါဘူး။ ဒီလို တိုင္းရင္းသား ပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးဆိုတာမွာ ရွမ္း၊ ရခိုင္၊ မြန္၊ ကယား စသည္လို တိုင္းရင္း သားနိုင္ငံေရးအင္အားႀကီးပါတီအစုအဖြဲ႕ေတြကို ေက်ာ္လႊားသြားလို႔ မျဖစ္သလို အျခားေသာတိုင္းရင္း သားနိုင္ငံေရးပါတီ အင္အားစု ေတြကိုလည္း ခ်န္လွပ္ထားလို႔ မရပါဘူး။

ေနာက္ၿပီးေတာ့ အထူးသျဖင့္ တိုင္းရင္းသားပါတီေတြကို တင္ျပစရာရွိတာ လာတင္ျပၾက၊ စဥ္းစားေပးမယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔လည္း ခိုင္မာတဲ့ ေတြ႕ဆုံေဆြးေႏြး ေပါင္းစပ္ညႇိႏွိုင္းေရးကို လုပ္ေဆာင္လို႔မရပါဘူး။ အခုေတာင္မွာ အဲဒီလိုမ်ိဳး ပုံစံ ခံစားေနရတယ္လို႔ တိုင္း ရင္းသားပါတီအခ်ိဳ႕က ထုတ္ေဖာ္ေျပာၾကားလာသံေတြကို ၾကားေနရပါတယ္။

ဒီေတာ့ အခုအေျခအေနေတြအရ ၾကည့္မယ္ဆိုရင္ အန္အယ္လ္ဒီရဲ့ တိုင္းရင္းသားပါတီေတြနဲ႔ ေပါင္းစပ္ညႇိႏွိုင္းေရးဆိုတဲ့ လုပ္ေဆာင္ ခ်က္ေတြဟာ ခ်ားရဟတ္စီးရသလိုပဲ အေပၚေျမႇာက္သြားလိုက္၊ ေအာက္ျပန္ျပဳတ္က်လာလိုက္နဲ႔ လုံးလည္လိုက္ရင္း ရင္ဖိုေနရတဲ့ နိုင္ငံေရးျဖစ္စဥ္ႀကီး တစ္ခုျဖစ္ေနပါတယ္။

လက္ရွိမွာ အန္အယ္လ္ဒီရဲ့ နိုဝင္ဘာ (၁၂) ရက္ လိပ္မူစာေရာ၊ ဒီဇင္ဘာ (၁၂) ရက္ စီးအီးစီအစည္းအေဝး ဆုံးျဖတ္ခ်က္ တိုင္းရင္းသား ပါတီေတြနဲ႔‌ေတြ႕ဆုံဖို႔ အဖြဲ႕ဖြဲ႕စည္းမႈေရာဟာ အခုေရြးေကာက္ပြဲအလြန္ကာလရဲ့ အင္မတန္ကို ေကာင္းမြန္တဲ့ အမ်ိဳးသားစည္းလုံးညီ ညြတ္ေရး ယုံၾကည္မႈတည္ေဆာက္ခ်က္အတြက္ အဓိကက်တဲ့ ေျခလွမ္းေတြျဖစ္ပါတယ္။ ဒါေတြကို အရင္လိုပဲ မေသခ်ာတဲ့၊ မေရ ရာတဲ့ ပုံစံမ်ိဳးနဲ႔ မဟုတ္ဘဲ ႏွစ္ဦးႏွစ္ဖက္ ေဆြးေႏြးညႇိႏွိုင္းဖက္ပုံစံမ်ိဳးနဲ႔ မူဝါဒက်က် လုပ္ငန္းစဥ္က်က် ဆက္လက္အေကာင္အထည္ ေဖာ္သြားဖို႔ လိုအပ္ပါတယ္။ ဒီလိုသာဆိုရင္ သိပ္မၾကာခင္ကာလမွာ အန္အယ္လ္ဒီရဲ့ လိပ္မူစာပါ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ႀကီးတည္ေဆာက္ေရးအတြက္ ခိုင္မာတဲ့ မဟာမိတ္တပ္ေပါင္းစု စုဖြဲ႕မႈႀကီးကို ရရွိမွာ ျဖစ္ပါတယ္။ သို႔မဟုတ္ရင္ေတာ့ အနာဂတ္ အေရးဆိုတာ ေမၽွာ္ေတြးေလ ေဝးေနအုံးမွာပဲ ျဖစ္တယ္ဆိုတာကေတာ့ လက္ရွိနိုင္ငံေရးအခင္းအက်င္းရဲ့ ပကတိေပးထားခ်က္ အေန အထားပဲ ျဖစ္ပါတယ္။ တိုင္းရင္းသားပါတီေတြနဲ႔ အန္အယ္လ္ဒီရဲ့ ေပါင္းစပ္ေရး အလုပ္ျဖစ္ဖို႔အေရးကိုသာ ေမၽွာ္လင့္ေနရေတာ့မွာပါ။

ေဆာင္းပါးရွင္ – အံ့ေခါင္မင္း(EPN)

(ေဆာင္းပါးရွင္၏ အာေဘာ္သာ ျဖစ္ပါသည္)

Photo – NLD

#PeopleMedia #NLD

(unicode)
တိုင်းရင်းသားတွေနဲ့ NLD ပေါင်းစပ်ဖို့အရေး အလုပ်ဖြစ်ပါ့မလား
…………………………………..

ဆောင်းပါး၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ မျှော်မှန်းထားတာထက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ (၁၂) ရက်စွဲနဲ့ တိုင်းရင်းသားပါတီတွေကို လိပ်မူပေးပို့တဲ့ စာတစ်စောင်ကို ထုတ်ပြန်လာပါတယ်။ ဒီစာပါ အကြောင်းအရာကို ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမှာ အများစုအနိုင်ရပြီး လွှတ်တော်မှာ ကိုယ်စားလှယ်နေရာအများစုရရှိပြီး လာမယ့် ငါးနှစ်တာကာလအတွက် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိမယ့် အန်အယ်လ်ဒီအနေနဲ့ အနာဂတ်မှာ တိုင်းရင်းသား ပါတီတွေနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်သွားမယ်လို့ အဓိပ္ပာယ်ရတဲ့ ဖော်ပြချက်ကို တွေ့ရပါတယ်။

စာပါ အကြောင်းအရာအတိုင်း ပြောရမယ်ဆိုရင်တော့ (တစ်)အန်အယ်လ်ဒီအနေနဲ့ ဘယ်လိုအခြေအနေတွေပဲ ရှိရှိ နောင်အနာဂတ် မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်၊ (နှစ်) ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်နဲ့ အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်တို့ တူညီတဲ့အတွက် အန်လ်အယ်ဒီအနေနဲ့ တိုင်းရင်းသားလူ မျိုးစုများရဲ့ ဆန္ဒကို အလေးထားဆောင်ရွက်သွားမယ်၊ (သုံး) တိုင်းရင်းသားပါတီတွေအနေနဲ့လည်း အန်အယ်လ်ဒီက ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ တွေ့ရပါတယ်။

ဒါဟာ ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲပြီးပြီးချင်းမှာ ဆောင်ရွက်လိုက်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ကြိုဆိုရမယ့် ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးအတွက် အဓိကအင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားနိုင် ငံရေး အင်အားစုတွေကြား ပေါင်းစည်းရေး၊ ပေါင်းစပ်ရေးကို နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်အကဲဖြတ်သူတွေ ကြားမှာ တိုက်တွန်းလာခဲ့ကြတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းကလည်း တိုက်တွန်းဆော်ဩခဲ့ ကြသလို၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းဖြစ်တဲ့ အာဏာရအန်အယ်လ်ဒီပါတီအဖြစ်ကာလတွေ အတွင်းမှာလည်း တွန်းတွန်း တိုက်တိုက်ကို ဆော်ဩခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာလေ ဒီတိုက်တွန်းဆော်ဩချက်တွေဟာ ပိုလို့ အားကောင်း မောင်းသန်ဖြစ်ခဲ့တာကလည်း ထင်ထင်ရှားရှားပါ။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းအောက်ကနေ ရွှေ့ရှားနေရတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ဒီမိုကရေစီအဓိက အင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေကြား ပေါင်းစည်းညီညွတ်မှု၊ မဟာမိတ် အသွင်ပေါင်းစပ်နိုင်မှု ရှိမှာသာ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ကို အောင်အောင်မြင်မြင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ဆိုတာကို မမှိတ်မသုန် ယုံကြည်ခဲ့ကြလို့ ဒီလိုမျိုး တွန်းတွန်းတိုက်တိုက် ဆော်ဩနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆော်ဩချက်တွေကြားထဲမှာ အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲမတိုင်မီကာလက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံးဆွေးနွေး ရေးအတွက် ရည်ရွယ်ပြီး အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြတဲ့အခါမှာလည်း ရွေးကောက်ပွဲမတိုင်မီကာလ ပေါင်းစပ်နိုင်ရေးကို မျှော်လင့်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီလိုအဖွဲ့သာ ဖွဲ့လိုက်ပေမယ့် ဘယ်လို တွေ့ဆုံဆွေးနွေးမှု၊ ပေါင်းစပ်ညှိနှိုင်းမှုတစ်ခုမှာ ဖြစ်လာတာကို မတွေ့ ခဲ့ရပါဘူး။ အဲဒီတုန်းက ဖွဲ့လိုက်တဲ့ အဖွဲ့ဟာ ဘာလုပ်ငန်းရည်ရွယ်ချက်မှာ ရှိခဲ့တာ မတွေ့ခဲ့ဘဲ တိုင်းရင်းသားပါတီတွေဘက်က တင်ပြ စရာရှိရင် လာတင်ပြပါဆိုတဲ့ ပုံစံနဲ့ တွေ့ဆုံပေါင်းစပ်နိုင်ရေးကို အလှမ်းဝေးစေခဲ့တာကို ဝမ်းနည်းစွာ မြင်တွေ့ခဲ့ရပါတယ်။

အခု ရွေးကောက်ပွဲအပြီးမှာတော့ အန်အယ်လ်ဒီအနေနဲ့ တိုင်းရင်းသားပါတီတွေထံ အထက်ပါသဘောထားအတိုင်း လိပ်မူတဲ့ စာကို ပေးပို့လာတဲ့ အပေါ်တော့ တစ်ခါထပ်ပြီး ဝမ်းပမ်းတသာ ဖြစ်ရပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီစာကို သေချာကြည့်မယ်ဆိုရင် ရေရာ သေချာလှခြင်းမရှိသလို ဒီစာပါ အကြောင်းအရာအပေါ် တိုင်းရင်းသားပါတီတွေဘက်က သဘောထားတုံ့ပြန်မှုကို ပြန်လည်တောင်းခံ ထားခြင်း မရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်ပဲ လိပ်မူခံ တိုင်းရင်းသားပါတီတွေဘက် အချို့ပါတီတွေဘက်က ပြန်လည်ပြီး ကြိုဆို တဲ့ သဘောထားထုတ်ပြန်တာတွေကို တွေ့ရသလို၊ အချို့လည်း စောင့်ကြည့်နေတဲ့ အနေအထား၊ အချို့လည်း ဖာသိဖာသာပဲ နေ လိုက်တဲ့ အနေအထားကို တွေ့ရပါတယ်။

ဒီ့နောက် အခုရွေးကောက်ပွဲအပြီး တစ်လကျော်အကြာ ဒီဇင်ဘာ (၁၂) ရက်မှာ ပထမဆုံး ပြန်လည်ပြုလုပ်တဲ့ အန်အယ်လ်ဒီရဲ့ စီးအီး စီးအစည်းအဝေးကနေ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီးအီးစီအဖွဲ့အတွင်းရေးမှူး (၃) ဖြစ်တဲ့ ဒေါက်တာအောင်မိုးညို၊ စီးအီးစီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်၊ အင်ထုံးခန်းနော်ဆန်တို့ကို တာဝန်ပေးလိုက်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတဲ့ အခါမှာတော့ ပိုလို့ အားတက်စရာ ဖြစ်လာရပြန်ပါတယ်။

ဒါပေမယ့် ဒီအဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က အစည်းအဝေးအပြီးမှာပဲ ဒီအဖွဲ့ဟာ တိုင်းရင်း သားပါတီတွေဘက်က တင်ပြလာချက်တွေကို နားထောင်ပြီး ဘာတွေ ဆက်လုပ်မယ်၊ ဘယ်လိုညှိနှိုင်းသွားမယ်ဆိုတာ ဆက်လုပ် သွားမှာ ဖြစ်တယ်ဆိုတဲ့ စကားကို ကြားရပြန်တော့လည်း ရွေးကောက်ပွဲမတိုင်မီကာလက ဖွဲ့ခဲ့တဲ့ အဖွဲ့ပုံစံမျိုးကို ပြန်သတိရပြီး ရင်ထိတ်ရပြန်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ (၁၄) ရက်မှာ ဗွီအိုအေသတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ဒီအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာ အောင်မိုးညိုရဲ့ ဖြေကြားချက်တွေမှာလည်း ဘာမှ ရေရေရာရာ မရှိလာတာကို တွေ့ရပြန်ပါတယ်။ ဒေါက်တာအောင်မိုးညိုရဲ့ ဖြေကြား ချက်တွေကို ကြည့်မယ်ဆိုရင် အခုလို အဖွဲ့ဖွဲ့စည်းလိုက်ပေမယ့် ဒီအဖွဲ့အနေနဲ့ ဘယ်လိုတာဝန်တွေ၊ ဘယ်လိုလုပ်ပိုင်ခွင့်တွေ ရှိတယ် ဆိုတာကို မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။ ပါတီဗဟိုက ဘာတွေ ဘယ်လို ဆွေးနွေးချင်တာ၊ ညွှန်ကြားတာတွေပေါ်မူတည်ပြီး အဖွဲ့အနေနဲ့ ရှမ်းသွားမလား၊ ဘယ်သွားမလဲဆိုတာကို စီစဉ်နေပါတယ်လို့လည်း ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ နောက်တစ်ခါ ဒေါက်တာအောင်မိုးညိုက တွေ့ဆုံဆွေးနွေးရေးဆိုရာမှာလည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အားလုံးနဲ့တော့ တွေ့နိုင်မှာ မဟုတ်ဘူး၊ ဒီတော့ ဘယ်အဖွဲ့တွေနဲ့ တွေ့မယ်ဆိုတာ စိတ်ဝင်စားမှုရှိတဲ့ ပါတီတွေ၊ ကိုယ်ပိုင်အုပ်ခွင့်ရထားတဲ့ အဖွဲ့တွေ၊ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ပါတီတွေလည်း ရှိတော့ ဘယ်အဖွဲ့တွေနဲ့တွေ့၊ ဘယ်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဘာတွေ လိုက်လျောမယ်၊ ဘာတွေကတော့ မလိုက်လျောနိုင်ဘူးဆိုတာ လူကြီးတွေရဲ့ လမ်းညွှန်မှုခံယူပြီး ဆောင်ရွက်နေပါတယ်ဆိုတဲ့ ဒေါက်တာအောင်မိုး ညိုရဲ့ ဖြေကြားချက်ကိုလည်း တွေ့ရပါတယ်။

ဒီတော့ ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီအနေနဲ့ အခုလို တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ဆိုပြီး အဖွဲ့ဖွဲ့လိုက်ပေမယ့် ဘာမှ ကြိုတင် ပြင်ဆင်ထားတာ၊ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်ထားတာ မရှိဘူးဆိုတာကို ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ တကယ်တော့ ဒီလိုအဖွဲ့မျိုး ဖွဲ့ဖို့ဆိုတာဟာ အစည်းအဝေးအတိုင်ခင်ကတည်းက ကြိုတင်ပြီး လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ခိုင်ခိုင် မာမာချမှတ်ပြီး ပြင်ဆင်ဆောင်ရွက်ထားသင့်တာပါတယ်။ ပြီးတော့ အခုတွေ့ရတဲ့ သဘောထားအရ ဆိုရင်လည်း တိုင်းရင်းသားပါတီ တွေ အားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေးဆိုတာထက် အလျဉ်းသင့်သလို သင့်တဲ့ သူတွေနဲ့ တွေ့သွားမယ်ဆိုတဲ့ ပုံစံပေါက်နေတာကိလည်း မသေချာမရေရာလှပါဘူး။ ဒီလို တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာမှာ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား စသည်လို တိုင်းရင်း သားနိုင်ငံရေးအင်အားကြီးပါတီအစုအဖွဲ့တွေကို ကျော်လွှားသွားလို့ မဖြစ်သလို အခြားသောတိုင်းရင်း သားနိုင်ငံရေးပါတီ အင်အားစု တွေကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။

နောက်ပြီးတော့ အထူးသဖြင့် တိုင်းရင်းသားပါတီတွေကို တင်ပြစရာရှိတာ လာတင်ပြကြ၊ စဉ်းစားပေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့လည်း ခိုင်မာတဲ့ တွေ့ဆုံဆွေးနွေး ပေါင်းစပ်ညှိနှိုင်းရေးကို လုပ်ဆောင်လို့မရပါဘူး။ အခုတောင်မှာ အဲဒီလိုမျိုး ပုံစံ ခံစားနေရတယ်လို့ တိုင်း ရင်းသားပါတီအချို့က ထုတ်ဖော်ပြောကြားလာသံတွေကို ကြားနေရပါတယ်။

ဒီတော့ အခုအခြေအနေတွေအရ ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီရဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေးဆိုတဲ့ လုပ်ဆောင် ချက်တွေဟာ ချားရဟတ်စီးရသလိုပဲ အပေါ်မြှောက်သွားလိုက်၊ အောက်ပြန်ပြုတ်ကျလာလိုက်နဲ့ လုံးလည်လိုက်ရင်း ရင်ဖိုနေရတဲ့ နိုင်ငံရေးဖြစ်စဉ်ကြီး တစ်ခုဖြစ်နေပါတယ်။

လက်ရှိမှာ အန်အယ်လ်ဒီရဲ့ နိုဝင်ဘာ (၁၂) ရက် လိပ်မူစာရော၊ ဒီဇင်ဘာ (၁၂) ရက် စီးအီးစီအစည်းအဝေး ဆုံးဖြတ်ချက် တိုင်းရင်းသား ပါတီတွေနဲ့‌တွေ့ဆုံဖို့ အဖွဲ့ဖွဲ့စည်းမှုရောဟာ အခုရွေးကောက်ပွဲအလွန်ကာလရဲ့ အင်မတန်ကို ကောင်းမွန်တဲ့ အမျိုးသားစည်းလုံးညီ ညွတ်ရေး ယုံကြည်မှုတည်ဆောက်ချက်အတွက် အဓိကကျတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။ ဒါတွေကို အရင်လိုပဲ မသေချာတဲ့၊ မရေ ရာတဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းဖက်ပုံစံမျိုးနဲ့ မူဝါဒကျကျ လုပ်ငန်းစဉ်ကျကျ ဆက်လက်အကောင်အထည် ဖော်သွားဖို့ လိုအပ်ပါတယ်။ ဒီလိုသာဆိုရင် သိပ်မကြာခင်ကာလမှာ အန်အယ်လ်ဒီရဲ့ လိပ်မူစာပါ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီးတည်ဆောက်ရေးအတွက် ခိုင်မာတဲ့ မဟာမိတ်တပ်ပေါင်းစု စုဖွဲ့မှုကြီးကို ရရှိမှာ ဖြစ်ပါတယ်။ သို့မဟုတ်ရင်တော့ အနာဂတ် အရေးဆိုတာ မျှော်တွေးလေ ဝေးနေအုံးမှာပဲ ဖြစ်တယ်ဆိုတာကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းရဲ့ ပကတိပေးထားချက် အနေ အထားပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်လ်ဒီရဲ့ ပေါင်းစပ်ရေး အလုပ်ဖြစ်ဖို့အရေးကိုသာ မျှော်လင့်နေရတော့မှာပါ။

ဆောင်းပါးရှင် – အံ့ခေါင်မင်း(EPN)

(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

Photo – NLD

#PeopleMedia #NLD


Share this post