• Follow Us on

Home တိုင်းရင်းဆေးကိုအသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ရန် သုတေသနဆောင်ရွက်လျက်ရှိသည့် နေရာတွင် တိုးတက်မှုများရရှိနေကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းဆေးကိုအသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ရန် သုတေသနဆောင်ရွက်လျက်ရှိသည့် နေရာတွင် တိုးတက်မှုများရရှိနေကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် သုတေသနဆောင်ရွက် လျက်ရှိတဲ့နေရာမှာ တိုးတက်မှုတွေရရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

အကြိမ် (၅၀) မြောက်ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ ပေးပို့ပြောကြားသည့် အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် သုတေသန ဆောင်ရွက် လျက်ရှိတဲ့နေရာမှာ တိုးတက်မှုတွေ ရရှိနေကြောင်းသိရှိရပါတယ်။ ဒီလိုသုတေသနပြုလုပ်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာခဲ့ရင် တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသ နိုင်မှာဖြစ်ပြီး မိမိတို့ပြည်သူများအတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကပြောပါတယ်။

 

ထို့အတူ ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်တတ်တဲ့ရောဂါတွေ၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာစတဲ့ မကူးစက်တတ်တဲ့ နာတာရှည်ရောဂါတွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွား ရမှာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

 

ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေး စီမံချက်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်များရဲ့ သုတေသန ဆောင်ရွက်နိုင်မှုစွမ်းရည်ကို ပိုမိုမြှင့်တင်နိုင်ရေး အလေးထားပူးပေါင်း ဆောင်ရွက်ပေးဖို့ မှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါ တယ်။

 

တိုင်းရင်းဆေးပညာနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချသုတေသန တွေကတစ်ဆင့် ပြည်သူများ လက်တွေ့ အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရေးအတွက် တိကျခိုင်မာတဲ့၊ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကို လည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post