• Follow Us on

Home တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ားဖြံ့ၿဖိဳးတိုးတက္ေရးပါတီမွ ျမစ္ႀကီးနား၊ ဝိုင္းေမာ္ဧရာဝတီ ျမစ္ကမ္းအတြင္း မဲဆြယ္စည္း႐ုံးေရး Campaign ျပဳလုပ္

တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ားဖြံ့ၿဖိဳးတိုးတက္ေရးပါတီမွ ျမစ္ႀကီးနား၊ ဝိုင္းေမာ္ဧရာဝတီ ျမစ္ကမ္းအတြင္း မဲဆြယ္စည္း႐ုံးေရး Campaign ျပဳလုပ္

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာလ ၂၅

တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ားဖြံ့ၿဖိဳးတိုးတက္ေရးပါတီမွ ယေန႔၊ စက္တင္ဘာလ ၂၄ ရက္ေန႔က ျမစ္ႀကီးနား၊ ဝိုင္းေမာ္ ဧရာဝတီ ျမစ္ကမ္းအတြင္း မဲဆြယ္စည္း႐ုံးေရး Campaign ျပဳလုပ္ခဲ့သည္။
အဆိုပါ မဲဆြယ္ Campaign ကို တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ့ၿဖိဳးတိုးတက္ေရးပါတီ ျမစ္ႀကီးနားၿမိဳ႕နယ္ ဥကၠ႒ ဦးစိုင္းဇင္ေမာင္လြင္ ဦးစီး၍ လူငယ္ေခါင္းေဆာင္ ကိုစိုင္းမ်ိဳးေအာင္တို႔က ဦးစီး ျပဳလုပ္ခဲ့ၿပီး စက္ေလွ အစီး ၅၀ ႏွင့္ ပါတီဝင္မ်ား ဝန္းရံသူ ရွမ္းနီလူငယ္မ်ား အင္အား၂၀၀ နီးပါး ပါဝင္ေၾကာင္း သိရသည္။
ယေန႔ျပဳလုပ္ခဲ့သည့္ အဆိုပါ Campaign ကို ျမစ္ႀကီးနားၿမိဳ႕ လယ္ကုန္းရပ္ကြက္ ဇီးကၽြန္း ဆိပ္ကမ္းမွ တဆင့္ ဧရာဝတီ ျမစ္ကမ္းတစ္ေလၽွာက္ ျမစ္ႀကီးနား ျပည္သူ႔အားကစားကြင္း ထိုမွ တဆင့္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနား၊ ခတ္ခ်ိဳေက်းရြာ အထိ စက္ေလွမ်ားျဖင့္ ယေန႔ ညေနပိုင္း အထိ ျပဳလုပ္ခဲ့သည္။
သတင္း/ဓါတ္ပုံ – ညီညီ
#PeopleMedia #EPN #ျမစ္ႀကီးနား #ရွမ္းနီ

(unicode)

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ မြစ်ကြီးနား၊ ဝိုင်းမော် ဧရာဝတီ မြစ်ကမ်းအတွင်း မဲဆွယ်စည်းရုံးရေး Campaign ပြုလုပ်
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၅
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ယနေ့၊ စက်တင်ဘာလ ၂၄ ရက်နေ့က မြစ်ကြီးနား၊ ဝိုင်းမော် ဧရာဝတီ မြစ်ကမ်းအတွင်း မဲဆွယ်စည်းရုံးရေး Campaign ပြုလုပ်ခဲ့သည်။
အဆိုပါ မဲဆွယ် Campaign ကို တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ မြစ်ကြီးနားမြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဇင်မောင်လွင် ဦးစီး၍ လူငယ်ခေါင်းဆောင် ကိုစိုင်းမျိုးအောင်တို့က ဦးစီး ပြုလုပ်ခဲ့ပြီး စက်လှေ အစီး ၅၀ နှင့် ပါတီဝင်များ ဝန်းရံသူ ရှမ်းနီလူငယ်များ အင်အား၂၀၀ နီးပါး ပါဝင်ကြောင်း သိရသည်။
ယနေ့ပြုလုပ်ခဲ့သည့် အဆိုပါ Campaign ကို မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ဇီးကျွန်း ဆိပ်ကမ်းမှ တဆင့် ဧရာဝတီ မြစ်ကမ်းတစ်လျှောက် မြစ်ကြီးနား ပြည်သူ့အားကစားကွင်း ထိုမှ တဆင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနား၊ ခတ်ချိုကျေးရွာ အထိ စက်လှေများဖြင့် ယနေ့ ညနေပိုင်း အထိ ပြုလုပ်ခဲ့သည်။
သတင်း/ဓါတ်ပုံ – ညီညီ
#PeopleMedia #EPN #မြစ်ကြီးနား #ရှမ်းနီ

 


Share this post