• Follow Us on
Latest News

Home တိုင္းဧရာ၌ ၁၀ ရက္ အတြင္း ညမထြက္ရ အမိန္႔ခ်ိဳးေဖါက္သူ ၁၅၈ ဦးကိုေထာင္ခ်

တိုင္းဧရာ၌ ၁၀ ရက္ အတြင္း ညမထြက္ရ အမိန္႔ခ်ိဳးေဖါက္သူ ၁၅၈ ဦးကိုေထာင္ခ်

Share this post

ပုသိမ္၊ ဧၿပီလ ၂၉

ဧရာ၀တီတိုင္း ေဒသႀကီး၌ Covid-19 ကာလ ညမထြက္ရအမိန္႔ ထုတ္ျပန္အၿပီး ၁၀ ရက္အၾကာတြင္ အမိန္႔ မလိုက္နာသူ ၁၅၈ ဦးကို ဖမ္းဆီးအေရးယူ တရားစြဲဆိုခဲ့ရာ တရား႐ုံးအသီသီးက ေထာင္ဒဏ္ မ်ားခ်မွတ္ခဲ့ ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ သိရသည္။

ဧရာ၀တီတိုင္းအတြင္း ညမထြက္ရအမိန္႔ထုတ္ျပန္ခဲ့ၿပီးေနာက္ ပထမ ၂ ရက္ကို ပညာေပးကာလအျဖစ္ သတ္ မွတ္၍ တတိယေျမာက္ေန႔မွ စတင္ကာ အေရးယူခဲ့ျခင္းျဖစ္သည္။ ဖမ္းဆီးရမိသူမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္ တရား႐ုံးမ်ားတြင္ တရားစြဲဆိုခဲ့ၿပီး အလုပ္မဲ့ေထာင္ဒဏ္ ၁ လမွ ၃ လအထိ ခ်မွတ္ခဲ့ျခင္းမ်ားရွိေၾကာင္း တိုင္း ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ဒုရဲမွဴးႀကီးထြန္းေရႊကေျပာသည္။

“ညမထြက္ရအမိန္႔ကို မလိုက္နာလို႔ ဖမ္းဆီးအမွုဖြင့္အေရးယူထားရတာ ဧၿပီလ ၂၇ ရက္ တစ္ေန႔တည္းမွာကို ၇၁ ဦးဖမ္းဆီးမိတယ္၊ အမိန္႔ထုတ္ျပန္ၿပီးေနာက္ ရဲတပ္ဖြဲ႕ကဖမ္းဆီးခဲ့သူေပါင္း ၁၆၀ ဦးရွိတယ္၊ အဲဒီထဲကမွ ႏွစ္ ဦးကေတာ့ အသက္မျပည့္လို႔ မိဘအုပ္ထိန္းသူေတြဆီကို ခံဝန္နဲ႔ ျပန္အပ္ခဲ့တယ္” ဟု ၄င္းက ဆက္လက္ ေျပာ ဆိုသည္။

ညမထြက္ရအမိန္႔ကို မလိုက္နာသျဖင့္ ဖမ္းဆီးအေရးယူခံရသူ ပုသိမ္ခ႐ုိင္ ၆၄ ဦး၊ ဟသၤာတခရိုင္ ၄၃ ဦး၊ မအူ ပင္ခ႐ုိင္ ၅ ဦး၊ ဖ်ာပုံခ႐ုိင္ ၁၉ ဦး၊ ေျမာင္းျမခရိုင္ ၁၆ ဦးႏွင့္ လပြတၱာခရိုင္တြင္ ၁၃ ဦး၊ စုစုေပါင္း ၁၅၈ ဦးကို ဖမ္းဆီး အေရးယူထားေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ သိရသည္။

ဧရာဝတီတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ ၂၆ ၿမိဳ႕နယ္တြင္ ည ၁ဝ နာရီမွကေန နံနက္ ၄ နာရီအထိ ညမထြက္ရ အမိန္႔ကို ဧၿပီလ(၁၈)ရက္ေန႔ စတင္ထုတ္ျပန္ခဲ့ၿပီး ဧၿပီလ ၂၃ ရက္ ရက္စြဲျဖင့္ ေဒသႏၲရအမိန္႔ ၃/၂ဝ၂ဝ ျဖင့္ ညမထြက္ရအမိန္႔ကို အခ်ိန္(၂) လ တိုးျမႇင့္သတ္မွတ္ခဲ့ေၾကာင္း တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွသိရသည္။

စိုးျမင့္စိုး

#PeopleMedia #COVID #ဧရာဝတီတိုင္း

(Unicode)
တိုင်းဧရာ၌ ၁၀ ရက် အတွင်း ညမထွက်ရ အမိန့်ချိုးဖေါက်သူ ၁၅၈ ဦးကိုထောင်ချ
………………………………………………………

ပုသိမ်၊ ဧပြီလ ၂၉

ဧရာဝတီတိုင်း ဒေသကြီး၌ Covid-19 ကာလ ညမထွက်ရအမိန့် ထုတ်ပြန်အပြီး ၁၀ ရက်အကြာတွင် အမိန့် မလိုက်နာသူ ၁၅၈ ဦးကို ဖမ်းဆီးအရေးယူ တရားစွဲဆိုခဲ့ရာ တရားရုံးအသီသီးက ထောင်ဒဏ် များချမှတ်ခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ပထမ ၂ ရက်ကို ပညာပေးကာလအဖြစ် သတ် မှတ်၍ တတိယမြောက်နေ့မှ စတင်ကာ အရေးယူခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် တရားစွဲဆိုခဲ့ပြီး အလုပ်မဲ့ထောင်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်ခဲ့ခြင်းများရှိကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေကပြောသည်။

“ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးအမှုဖွင့်အရေးယူထားရတာ ဧပြီလ ၂၇ ရက် တစ်နေ့တည်းမှာကို ၇၁ ဦးဖမ်းဆီးမိတယ်၊ အမိန့်ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သူပေါင်း ၁၆၀ ဦးရှိတယ်၊ အဲဒီထဲကမှ နှစ် ဦးကတော့ အသက်မပြည့်လို့ မိဘအုပ်ထိန်းသူတွေဆီကို ခံဝန်နဲ့ ပြန်အပ်ခဲ့တယ်” ဟု ၄င်းက ဆက်လက် ပြော ဆိုသည်။

ညမထွက်ရအမိန့်ကို မလိုက်နာသဖြင့် ဖမ်းဆီးအရေးယူခံရသူ ပုသိမ်ခရိုင် ၆၄ ဦး၊ ဟင်္သာတခရိုင် ၄၃ ဦး၊ မအူ ပင်ခရိုင် ၅ ဦး၊ ဖျာပုံခရိုင် ၁၉ ဦး၊ မြောင်းမြခရိုင် ၁၆ ဦးနှင့် လပွတ္တာခရိုင်တွင် ၁၃ ဦး၊ စုစုပေါင်း ၁၅၈ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်တွင် ည ၁ဝ နာရီမှကနေ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ဧပြီလ(၁၈)ရက်နေ့ စတင်ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ဒေသန္တရအမိန့် ၃/၂ဝ၂ဝ ဖြင့် ညမထွက်ရအမိန့်ကို အချိန်(၂) လ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။

စိုးမြင့်စိုး

#PeopleMedia #COVID #ဧရာဝတီတိုင်း


Share this post