• Follow Us on

Home တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများ၌ အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြား

တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများ၌ အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြား

Share this post

ပဲခူး၊ ဒီဇင်ဘာ ၂၉ (People Media)

 

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်လျက်ရှိသလို အင်း၊ ဆည်၊ ရေလှောင်တမံ များမှာလည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ပဲခူး တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၂၁) ၌ ဝန်ကြီးချုပ်က  ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သကဲ့သို့ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ပြောသည်။

 

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ဟို တယ်လုပ်ငန်း လိုင်စင်အသစ် လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပိုင်ရှင်အမည်ပြောင်းလဲခြင်းတို့ကို ရှင်းလင်းတင်ပြရာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသအသစ်အနေဖြင့် ပဲခူးရိုးမဖြတ်လမ်း (အုတ်တွင်း-ပေါက်ခေါင်းလမ်း) မိုင်တိုင် အမှတ်(၅၈/၄)ရှိ ခပေါင်း(ECO RESORT)ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)အဖြစ် ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ လည်းကောင်း၊ အုတ်တွင်းမြို့နယ် ဘုန်းတောင် ကြိုးဝိုင်းအတွင်း ဆင်ဆေးရုံကို အခြေပြု၍လည်းကောင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post