• Follow Us on

Home တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြရန် န.စ.ကဥက္ကဋ္ဌ ပြောကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြရန် န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၈

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအသုံးစရိတ်များကို ဦးစားပေး သုံးစွဲ ကြရန်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

 

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တိုင်းဒေသကြီးနဲ့ ပြည်နယ်များအနေနဲ့လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကိုတိုက် ရိုက်အကျိုးပြုနိုင်တဲ့ လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်၊ အထောက်အကူပြု အသုံးစရိတ်‌တွေကို ဦးစားပေး သုံးစွဲကြ စေလိုပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဟန့်အတား၊ အနှောင့်အယှက်များရှိနေသော်လည်း မိမိတို့လျာထားသည့် ရငွေများကို လျာထား ချက်အတိုင်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အသုံးစရိတ်များကိုလည်း နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့်အသုံးစရိတ်များကိုသာ ဦးစားပေး လျာထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီမံကိန်းကြီးများနှင့်ပတ်သက်၍ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့်၊ နိုင်ငံအတွက်အကျိုးရှိစေမည့် စီမံကိန်းကြီးများကိုသာ ဦးစားပေး ဆောင်ရွက်ကြ ရန်လိုကြောင်း၊ လတ်တလောကာလအတွင်း ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို ‌လျှော့ချ ဆောင်ရွက်သွားရန်လိုကြောင်း၊ အရှုံးပေါ်လျက်ရှိနေသည့်လုပ်ငန်းများနှင့် စီမံကိန်းများကိုလည်း ပြန်လည်စိ စစ်ကြပ်မတ်သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့်လုပ်ငန်းများကို နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချမှတ်ပေးသည့်အဖွဲ့အစည်းဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်က အကောင်အထည်‌ဖော်ဆောင်ရွက်ရကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အနီး ကပ်ကြပ်မတ် အကောင်အထည်ဖော်ရခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ဖိဖိစီးစီးထိထိမိမိဖြင့် ဆောင် ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post