• Follow Us on

Home တိုင်းဒေသကြီး/ပြည်နယ်များရှိ က-ည-န ရုံးများ ပြန်လည်ဖွင့်လှစ်ပြီးနောက် အတွင်းစည်း/အပြင်စည်းများ၌ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထား

တိုင်းဒေသကြီး/ပြည်နယ်များရှိ က-ည-န ရုံးများ ပြန်လည်ဖွင့်လှစ်ပြီးနောက် အတွင်းစည်း/အပြင်စည်းများ၌ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ က-ည-န ရုံးများကို ယနေ့၌ ပြန်ဖွင့်လှစ်ပြီးနောက် ရုံးဧရိယာနှင့်ဆက်စပ်သည့် နေရာများ၌ အတွင်းစည်း/အပြင်စည်း လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ များက People Media သို့ အတည်ပြုပြောဆိုသည်။

 

ကိုဗစ်ရောဂါကြောင့် ရပ်နားထားရသည့် က-ည-န ဝန်ဆောင်မှုများကို ကနဦးအနေဖြင့် ယာဉ်မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် နှစ်လဲသက်တမ်းတိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ က-ည-န ရုံးများသို့ ယာဉ်မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရာတွင် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်လျက်ရှိတယ်လို့ ယာဉ်သက်တမ်းတိုးမည့် ယာဉ်ပိုင်ရှင်တစ်ဦးက People Media သို့ ပြောဆိုသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီးပြည်နယ်များရှိ စာသင်ကျောင်းများ၊ လျှပ်စစ်ရုံးများအပါဝင် အစိုးရရုံးနေရာများ၌ ဗုံးပေါက်ကွဲခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #ကညန #လုံခြုံရေး

 

(unicode)


……………………………………………………………………………

 


 


 


 


 


 



Share this post