• Follow Us on

Home “တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အတတ်နိုင်ဆုံးကြိုးစားပြီး ကာကွယ်ခဲ့ပါတယ်။” ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး)

“တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အတတ်နိုင်ဆုံးကြိုးစားပြီး ကာကွယ်ခဲ့ပါတယ်။” ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး)

Share this post

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်း တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာခေါင်းဆောင်းများ၏ ပြည်တော်ပြန် ခရီးစဉ်၌ မြန်မာနိုင်ငံသားများက ထောင်သောင်းချီစွာ ကြိုဆိုမှု ပြုလုပ်ခဲ့သည်။ အဆိုပါ အပြန်ခရီးစဉ်၌ မြန်မာ ခေါင်းဆောင်နှစ်ဦး၏ ပြောစကားများကို People Media က ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

 

ဦးကိုကိုလှိုင်

(ပြည်ထောင်စုဝန်ကြီး)

 

ကျွန်တော်တို့အနေနဲ့ကတော့ အခုလိုတိုင်းပြည်အတွက် တစ်တပ်တစ်အား ICJ သည်ဟိဂ်မြို့မှာ သွားပြီး အစွမ်း ကုန်ကြိုးစားဆောင်ရွက်ခဲ့ပြီးတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွား ကို အတတ်နိုင်ဆုံးကြိုးစားပြီး ကာကွယ်ခဲ့ပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာလည်းပဲ တစ်နိုင်ငံလုံးက ဝိုင်းပြီး ထောက်ခံအားပေးကြပါတယ်။ အဲ့ဒီလို အားပေးထောက်ခံကြတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံကို ကြားရ တဲ့အခါ ကျွန်တော်အနေနဲ့ အများကြီးအားရှိခဲ့ပါတယ်။ ခုလည်းပဲ ဒီလိုမျိုး အများကြီးလာပြီး ကြိုဆိုကြတယ်။ သောင်းသောင်းဖြဖြ ထောက်ခံအားပေးကြတယ်ဆိုတဲ့အခါ တကယ်လည်း ကျွန်တော်အနေနဲ့ ဝမ်းသာပါတယ်။ အတိုင်းထက်အလွန်ကိုပဲ ပိုပြီးဆက်လုပ်ဖို့အတွက် အားရှိသွားပါတယ်လို့ ပြောချင်ပါတယ်။

 

ဒေါက်တာသီတာဦး

(ပြည်ထောင်စုရှေ့နေချုပ်)

 

နိုင်ငံတော်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသေရွေ့ ကျွန်မ အစွမ်းကုန်ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ဒီအတွက် အလွန်ကျေနပ်အားရပါတယ်။ ယခုဒီကိစ္စက ဥပဒေကြောင်း သက်သက်သွားတာဖြစ်ပါတယ်။ Genocide Convention ရဲ့ အောက်မှာ အငြင်းပွားခွင့်မရှိဘူး၊ တရားစွဲဆိုခွင့်မရှိဘူး။ တရားရုံးက စီရင်ပိုင်ခွင့် မရှိဘူး။ အမှုကို လက်မခံရဘူးဆိုတဲ့ ဥပဒေပိုင်းသက်သက်ကိုပဲ သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်မကတော့ ဥပဒေပိုင်းနဲ့ ပတ်သက်တာ အကုန်လုံးကို တကယ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်က တကယ်ကို နိုင်ငံတော်အတွက် ဆောင်ရွက်တဲ့အခါမှာ ဝိုင်းပြီး ထောက်ခံအားပေးကြတဲ့အတွက် အများကြီး ဝမ်းသာတာပေါ့။

 

#PeopleMedia

 

(unicode)


 


 



 


 



 


 

#PeopleMedia


Share this post