• Follow Us on
Latest News

Home တိုင်းပြည်အုပ်ချုပ်သောပုဂ္ဂိုလ်တို့သည် သာသနာတော်ကိုကြည်ညိုတက်၊ ပူဇော်တက်၊ ချီးမြှောက်တက်သော ပုဂ္ဂိုလ်များဖြစ်ပါက သာသနာတော်သည်လည်း ထက်ဖျားသို့တိုင့်မြင့်၍တင့်၍ စည်ပင်ပြန့်ပွားလေ့ရှိကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

တိုင်းပြည်အုပ်ချုပ်သောပုဂ္ဂိုလ်တို့သည် သာသနာတော်ကိုကြည်ညိုတက်၊ ပူဇော်တက်၊ ချီးမြှောက်တက်သော ပုဂ္ဂိုလ်များဖြစ်ပါက သာသနာတော်သည်လည်း ထက်ဖျားသို့တိုင့်မြင့်၍တင့်၍ စည်ပင်ပြန့်ပွားလေ့ရှိကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂ (People Media)

 

တိုင်းပြည်အုပ်ချုပ်သောပုဂ္ဂိုလ်တို့သည် သာသနာတော်ကို ကြည်ညိုတက်၊ မြတ်နိုးကော်ရော်ပူဇော်တက်၊ ချီး မြှောက်တက်သောပုဂ္ဂိုလ်များဖြစ်ပါက သာသနာတော်ဟာလည်း ထက်ဖျားသို့ တိုင့်မြင့်၍တင့်၍ စည်ပင်ပြန့်ပွား လေ့ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

 

၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

ခေတ်ကာလအလျောက် သာသနာတော် ထွန်းကားပြန့်ပွားခြင်း၊ ဆုတ်ယုတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆရာတော် ကြီးများက ခေါက်ရှာငှက်များ ပျံသန်းတဲ့အခါ နိမ့်ချည်းတစ်ခါ မြင့်ချည်တစ်လှည့် ပျံသန်းသကဲ့သို့ သာသနာ တော်၏ ဆုတ်ယုတ်ခြင်း၊ စည်ပင်ပြန့်ပွားခြင်း သဘောသဘာဝသည် လောကဓံသဘောပင်ဖြစ်သည့်အတွက် ခေါက်ရှာငှက်တို့၏ ပျံသန်းပုံနှင့်တူကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောသည်။

 

တိုင်းပြည်အုပ်ချုပ်သော ပုဂ္ဂိုလ်တို့သည် သာသနာတော်ကို ကြည်ညိုတက်၊ မြတ်နိုးကော်ရော်ပူဇော်တက်၊ ချီးမြှောက်တက်သော ပုဂ္ဂိုလ်များ ဖြစ်ပါက သာသနာတော်ဟာလည်း ထက်ဖျားသို့ တိုင့်မြင့်၍ တင့်၍ စည်ပင် ပြန့်ပွားလေ့ရှိကြောင်း ထိုသို့ မဟုတ်ပါက နိမ့်ကျကာ ဆုတ်ယုတ်တက်ကြောင်း စသည်ဖြင့် ခေါက်ရှာငှက်များ ၏ ပျံသန်းတက်သည့် အခြင်းအရာကို ပမာပြု၍ နှိုင်းယှဉ်မိန်းကြားလေ့ရှိသည်ကို သတိပြုအမှတ်ရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့ကြောင့် မိမိတို့အနေဖြင့် ဗုဒ္ဓဘာသာဝင် နိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ လှူဒါန်းထောက်ပံရေးနှင့် အခြားပံ့ပိုး ဆောင်ရွက်ဖွယ်ရာများကို အထူးအလေးထားကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှူးပြုသည့် ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့နှင့်တကွ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲတံဆိပ်ရ ပုဂ္ဂိုလ်များသည် မြတ်စွာဘုရားရှင်၏ အနှိုင်းမဲ့သည်းခံခွင့် လွှတ်ခြင်းနှင့် ငြိမ်းချမ်းရေးတရားဒေသနာတော်များကို ထွန်းသစ်စပမာ မြန်မာမှသည် ကမ္ဘာသို့တိုင်အောင် ထွန်းလင်းတောက်ပစေရေး အစဉ်အားပေးနိုင်ကြပါစေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစကဥက္ကဋ္ဌ #သာသနာရေး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #နစကဥက်ကဋ်ဌ #သာသနာရေး


Share this post