• Follow Us on

Home တိုင္းျပည္ေကာင္းက်ိဳးေဆာင္သည့္ပါတီကိုၾကည့္ၿပီး မဲေပးၾကဖို႔လိုအပ္ေၾကာင္း မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေျပာဆို

တိုင္းျပည္ေကာင္းက်ိဳးေဆာင္သည့္ပါတီကိုၾကည့္ၿပီး မဲေပးၾကဖို႔လိုအပ္ေၾကာင္း မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၇

မေကြးတိုင္းေဒသႀကီးအထက္မင္းလွၿမိဳ႕ ေတာင္ဦးေက်းရြာမွ အေျခခံပညာအထက္တန္းေက်ာင္းဖြင့္ပြဲ
ႏွင့္ ေက်းရြာလွ်ပ္စစ္မီးလင္းျခင္းဖြင့္ပြဲတြင္ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳက ေျပာဆို
ခဲ့ျခင္းျဖစ္သည္။

အေျခခံပညာအထက္တန္းေက်ာင္းဖြင့္ပြဲႏွင့္ ေက်းရြာလွ်ပ္စစ္မီးလင္းျခင္းဖြင့္ပြဲကို ဒီဇင္ဘာလ ၆ ရက္ နံနက္
ပိုင္းက က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အခမ္းအနားတြင္မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳမွ
မိန္႔ခြန္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳက ၫြန္႔ေပါင္းအစိုးရျဖစ္ေနသည့္အတြက္
ျပည္တြင္းမွစိန္ေခၚမႈမ်ားႏွင့္ ျပည္ပမွစိန္ေခၚမႈမ်ားကို ႀကံ့ႀကံ့ခံႏိုင္ဖို႔ မလြယ္ကူေၾကာင္းေျပာၾကားခဲ့သည္။

ျပည္သူတစ္ရပ္လုံးမွ ႀကံ့ႀကံခံ၍ အမွန္တစ္ကယ္စစ္မွန္သည့္ဖက္ထရယ္ျပည္ေထာင္စု၊ ဒီမိုကေရစီျပည္ေထာင္စု
ျဖစ္ရန္အတြက္ မည္သည့္အဖြဲ႕ မည္သည့္ပါတီမွ လုပ္ေဆာင္ေနသည္ကိုသိရန္ႀကိဳးစားၿပီး ေထာက္ခံအားေပး
ရန္လိုအပ္ေၾကာင္းေျပာဆိုခဲ့သည္။

၎အျပင္အပ်က္သေဘာမ်ိဳးျဖင့္ ႏိုင္ငံေရးပါတီေထာင္၍ မွတ္ပုံတင္ထားၾကၿပီး ပါတီမူဝါဒမ်ားကို ျပည္သူ
လူထုထံေျပာဆိုၾကရာတြင္ ျပည္သူလူထုအေနျဖင့္ လုပ္ပိုင္ခြင့္အျပည့္အဝရရွိေစရန္ အာဏာရေရးအတြက္
မႀကိဳးပမ္းၾကဘဲ မဲမေပးၾကဖို႔ေျပာဆိုမဲဆြယ္စည္း႐ုံးေနျခင္းမ်ားရွိေနေၾကာင္းေျပာဆိုခဲ့သည္။
မနာလိုဝန္တိုမႈမ်ားျဖင့္လုပ္ကိုင္ေနၾကျခင္းမ်ားကိုျပည္သူလူထုကသိရွိရန္လိုအပ္ၿပီး တိုင္းျပည္ေကာင္းက်ိဳး ေဆာင္သည့္ပါတီကိုၾကည့္ၿပီး မဲေပးၾကဖို႔လိုအပ္ေၾကာင္း၊ ေက်းရြာအတြင္း အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူတိုင္း ေရြးေကာက္ပြဲတြင္မဲေပးၾကဖို႔လိုအပ္ေၾကာင္း ေျပာဆိုခဲ့သည္။

သက္ေနာင္

#PeopleMedia

(Unicode)
တိုင်းပြည်ကောင်းကျိုးဆောင်သည့်ပါတီကိုကြည့်ပြီး မဲပေးကြဖို့လိုအပ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ်ပြောဆို
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ရ

မကွေးတိုင်းဒေသကြီးအထက်မင်းလှမြို့ တောင်ဦးကျေးရွာမှ အခြေခံပညာအထက်တန်းကျောင်းဖွင့်ပွဲ
နှင့် ကျေးရွာလျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲတွင် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောဆို
ခဲ့ခြင်းဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်းဖွင့်ပွဲနှင့် ကျေးရွာလျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲကို ဒီဇင်ဘာလ ၆ ရက် နံနက်
ပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင်မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ
မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ညွန့်ပေါင်းအစိုးရဖြစ်နေသည့်အတွက်
ပြည်တွင်းမှစိန်ခေါ်မှုများနှင့် ပြည်ပမှစိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်ဖို့ မလွယ်ကူကြောင်းပြောကြားခဲ့သည်။

ပြည်သူတစ်ရပ်လုံးမှ ကြံ့ကြံခံ၍ အမှန်တစ်ကယ်စစ်မှန်သည့်ဖက်ထရယ်ပြည်ထောင်စု၊ ဒီမိုကရေစီပြည်ထောင်စု
ဖြစ်ရန်အတွက် မည်သည့်အဖွဲ့ မည်သည့်ပါတီမှ လုပ်ဆောင်နေသည်ကိုသိရန်ကြိုးစားပြီး ထောက်ခံအားပေး
ရန်လိုအပ်ကြောင်းပြောဆိုခဲ့သည်။

၎င်းအပြင်အပျက်သဘောမျိုးဖြင့် နိုင်ငံရေးပါတီထောင်၍ မှတ်ပုံတင်ထားကြပြီး ပါတီမူဝါဒများကို ပြည်သူ
လူထုထံပြောဆိုကြရာတွင် ပြည်သူလူထုအနေဖြင့် လုပ်ပိုင်ခွင့်အပြည့်အဝရရှိစေရန် အာဏာရရေးအတွက်
မကြိုးပမ်းကြဘဲ မဲမပေးကြဖို့ပြောဆိုမဲဆွယ်စည်းရုံးနေခြင်းများရှိနေကြောင်းပြောဆိုခဲ့သည်။
မနာလိုဝန်တိုမှုများဖြင့်လုပ်ကိုင်နေကြခြင်းများကိုပြည်သူလူထုကသိရှိရန်လိုအပ်ပြီး တိုင်းပြည်ကောင်းကျိုး ဆောင်သည့်ပါတီကိုကြည့်ပြီး မဲပေးကြဖို့လိုအပ်ကြောင်း၊ ကျေးရွာအတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲတွင်မဲပေးကြဖို့လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

သက်နောင်

#PeopleMedia


Share this post