• Follow Us on

Home တိုင်းပြည်နှင့် လူမျိုးအားချစ်ပါက မည်သူမှ တိုက်ပွဲမဖန်တီးရန် BGF တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူး စော မုတ်သုန် ပြောဆို

တိုင်းပြည်နှင့် လူမျိုးအားချစ်ပါက မည်သူမှ တိုက်ပွဲမဖန်တီးရန် BGF တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူး စော မုတ်သုန် ပြောဆို

Share this post

မြဝတီ၊ ဒီဇင်ဘာ ၂၀ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ယခုရက်ပိုင်းအတွင်း လေးကေ့ကော်၊ မဲထော်သလေးအပါအဝင် နယ်မြေ အသီးသီး၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာမှုနှင့်ပတ်သက်၍ တိုင်းပြည်နှင့် လူမျိုးအားချစ်ပါက မည်သူမှ တိုက်ပွဲ မဖန်တီးရန် BGF တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်က ဒီဇင်ဘာ ၁၉ ရက်နေ့က ပြောပါတယ်။

 

တစ်ဖက်နှင့် တစ်ဖက် တိုက်ပွဲများဖြစ်ပွားခြင်းသည် ကောင်းမွန်သည့်ရလဒ်မရှိဘဲ ရန်ငြိုးများ ပိုမိုဖြစ်ပွားလာမှု သာရှိမည်ဖြစ်ကြောင်း ဗိုလ်မှူးစောမုတ်သုန်က ပြောပါတယ်။

 

“ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုချစ်ရင် ဘယ်သူမှ တိုက်ပွဲမဖန်တီးတာက အကောင်းဆုံးပဲ တိုက်ပွဲဖြစ်ရင် သေ ကြေပျက်စီးမယ်၊ တစ်ဖက်မှ မကောင်းဘူး၊ ကျွန်တော်အမြင်ကိုပြောတာ လူတကာကို အနိုင်လိုချင်တဲ့သူက ရန်ငြိုးပွားစေတယ်” ဟု ဗိုလ်မှူးစောမုတ်သုန် ကပြောပါတယ်။

 

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအပေါ်တွင် ပေါင်းစပ်ညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်ပြီး သေကြေပျက်ဆီးရမည့် ကိစ္စများအား မဖော်ဆောင်ရန် လိုအပ်ကြောင်း ဗိုလ်မှူးစောမုတ်သုန်က ဆိုပါတယ်။

 

“လူတစ်ယောက် ဖြစ်လာဖို့ဆိုတာ မလွယ်ဘူး။ သူအမျိုးသေမယ်။ သူမိဘတွေစိတ်ဆင်းရဲမယ်။ ကိုယ့်အမျိုးသေ လည်း ကိုယ့်အမျိုးတွေ စိတ်ဆင်းရဲမယ်။ အများအတွက် တစ်ယောက်နဲ့တစ်ယောက် ကိုယ့်နိုင်ငံသူနိုင်ငံသား တွေ အချင်းချင်း ဝမ်နည်းကြေကွဲမယ့်ဟာမျိုးတွေ မလုပ်ကြဖို့ပြောချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းစပ်ညှိနှိုင်းလို့ရရင် ညှိနှိုင်းပြီးတော့ အေးအေးချမ်းချမ်း သာသာယာယာ ပျော်ပျော်ရွင်ရွင်ပဲဖြစ်ချင်တယ်” ဟု ဗိုလ်မှူးစောမုတ်သုန်ကပြောပါတယ်။

 

လက်ရှိတွင် ကရင်ပြည်နယ် မြဝတီမြို့ အနီးတစ်ဝိုက်တွင် KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်ကြားတိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင် ၃၀၀၀ သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

 

#PeopleMedia #KNU #BGF

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #KNU #BGF


Share this post