• Follow Us on

Home တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာ၌ နေထိုင်သည့် တပ်မတော်သား မိသားစုဝင်များဖြစ်သည့် တစ်လသား ကလေးငယ်အပါအဝင် မိသားစုဝင် လေးဦးကို CDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာ၌ နေထိုင်သည့် တပ်မတော်သား မိသားစုဝင်များဖြစ်သည့် တစ်လသား ကလေးငယ်အပါအဝင် မိသားစုဝင် လေးဦးကို CDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

Share this post

မုံရွာ၊ ဒီဇင်ဘာ ၃၀ (People Media)

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာ၌ နေထိုင်သည့် တပ်မတော်သားတစ်ဦး၏ မိသားစုဝင်များ ဖြစ်သည် တစ်လသား ကလေးငယ်အပါအဝင် မိသားစုဝင် လေးဦးကို CDF အဖွဲ့မှ ဒီဇင်ဘာ၂၈ ရက်နေ့ ညနေ ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်။

 

ဖြစ်စဉ်မှာ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာ၌ နေထိုင်သည့် တပ်မတော်သားတစ်ဦး၏ မိသားစုဝင်များဖြစ် သည့် တစ်လသားအရွယ် ကလေးငယ်အပါအဝင် ၎င်း၏ မိသားစုဝင် ၄ ဦးကို CDF အဖွဲ့မှ ဒီဇင်ဘာ ၂၈ ရက် နေ့ ညနေ ၅ နာရီအချိန်ခန့်က ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

 

လက်ရှိအချိန်၌ တပ်မတော်သား၏ မိသားစုဝင် ၄ ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ များက ရှာဖွေနေကြောင်း သိရသည်။

 

တီးတိန်မြို့နယ်သည် CDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများသည် လုံခြုံရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိသည်။

 

Photo – CDF

 

#PeopleMedia #တီးတိန်မြို့နယ် #ဆွောင်းပီးကျေးရွာ

 

(unicode)


………………………………………………….

 


 


 


 


 


 

Photo – CDF

 



Share this post