• Follow Us on

Home တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ CDF အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်ခဲ့ပြီး ပင်စင်စားများကို ထုတ် ပေးမည့် ငွေကျပ် ၃၈၈ သိန်းကျော် ယူဆောင်

တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ CDF အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်ခဲ့ပြီး ပင်စင်စားများကို ထုတ် ပေးမည့် ငွေကျပ် ၃၈၈ သိန်းကျော် ယူဆောင်

Share this post

နေပြည်တော်၊ သြဂုတ် ၂၆ (People Media)

 

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို CDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ပင်စင်စားများကို ထုတ်ပေးမည့် ငွေကျပ် ၃၈၈ သိန်းကျော် ယူဆောင် သွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ ရက်နေ့၌ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဘဏ်လုံခြုံရေးဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် CDF အဖွဲ့မှ ဘဏ်တွင် ငွေလာ ရောက်ထုတ်ယူသည့် သာမန် ငွေထုတ်သူအသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနီး ချဉ်းကပ် ကာ ပစ္စတိုသေနတ်များဖြင့် ပစ်သတ်ခဲ့ပြီး ပင်စင်စားများကို ထုတ်ပေးမည့်ငွေများကို ယူဆောင်သွားခြင်း ဖြစ် သည်။

 

ယင်းသို့ တိုက်ခိုက်ခဲ့ပြီးနောက် CDF အဖွဲ့သည် ဘဏ်အတွင်းရှိ ရုံးလုပ်ငန်းသုံးပစ္စည်းများကို ဖျက်ဆီးကာ ကွန်ပျူတာနှင့် CCTV များကို ပစ်ခတ်ဖျက်ဆီးခဲ့သည်။

 

#PeopleMedia #တီးတိန် #မြန်မာ့စီးပွားရေးဘဏ်

 

(unicode)


………………………………………………………………….

 


 


 


 


 



Share this post