• Follow Us on

Home တုိက္ခုိက္ေရးေလယာဥ္မ်ား ပ်ံသန္းရန္ရွိျခင္းေၾကာင့္ ရဟန္း/ရွင္လူမ်ား စုိးရိမ္ထိပ္လန္႔မႈ မျဖစ္ရန္ တပ္မေတာ္ (ေလ) အသိေပး

တုိက္ခုိက္ေရးေလယာဥ္မ်ား ပ်ံသန္းရန္ရွိျခင္းေၾကာင့္ ရဟန္း/ရွင္လူမ်ား စုိးရိမ္ထိပ္လန္႔မႈ မျဖစ္ရန္ တပ္မေတာ္ (ေလ) အသိေပး

Share this post

ရန္ကုန္၊ ဇန္နဝါရီ – ၂၀

ျမန္မာတပ္မေတာ္(ေလ)မွ တုိက္ခုိက္ေရးေလယာဥ္မ်ားသည္ ရာသီဥတုေကာင္းမြန္ခ်ိန္၌ ပ်ံသန္းရန္ရွိျခင္း ေၾကာင့္ ရဟန္း/ရွင္လူမ်ား စုိးရိမ္ထိပ္လန္႔မႈမျဖစ္ရန္ တပ္မေတာ္(ေလ)ႏွင့္ သက္ဆုိင္ရာ အာဏာပုိင္မ်ားက အသိေပးစာထုတ္ျပန္ထားပါတယ္။

မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္ ေလတပ္ဆြယ္(ေမွာ္ဘီ)မွ တုိက္ခုိက္ေရးေလယာဥ္မ်ားသည္ ဇန္နဝါရီ(၂၀) မွ (၂၄)ရက္အတြင္း၌ ရာသီဥတုေကာင္းမြန္ခ်ိန္မွ အသံထက္ျမန္ေသာႏႈန္းျဖင့္ အျမင့္ေပ (၁၂၀၀၀)မီတာမွ ပ်ံသန္း ၾကမွာလည္းျဖစ္ပါတယ္။

ထုိသုိ႔ပ်ံသန္းမႈေၾကာင့္ ဟသၤာတ၊ ဇလြန္၊ ေလးမ်က္ႏွာ၊ ၾကံခင္း၊ ျမန္ေအာင္၊ အဂၤပူၿမိဳ႕နယ္ေတြကုိ ျဖတ္သန္းပ်ံ သန္းမွာလည္းျဖစ္ပါတယ္။

ထုိ႔ေၾကာင့္ အဆုိပါေဒသရွိ ရဟန္း/ရွင္လူမ်ား စုိးရိမ္ထိပ္လန္႔မႈမျဖစ္ရန္ တပ္မေတာ္(ေလ) အသိေပးလုိက္တာ လည္း ျဖစ္ပါတယ္။

#PeopleMedia #တပ္မေတာ္-ေလ

(Unicode)
တိုက်ခိုက်ရေးလေယာဉ်များ ပျံသန်းရန်ရှိခြင်းကြောင့် ရဟန်း/ရှင်လူများ စိုးရိမ်ထိပ်လန့်မှု မဖြစ်ရန် တပ်မတော် (လေ) အသိပေး
…………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၀

မြန်မာတပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်များသည် ရာသီဥတုကောင်းမွန်ချိန်၌ ပျံသန်းရန်ရှိခြင်း ကြောင့် ရဟန်း/ရှင်လူများ စိုးရိမ်ထိပ်လန့်မှုမဖြစ်ရန် တပ်မတော်(လေ)နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အသိပေးစာထုတ်ပြန်ထားပါတယ်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် လေတပ်ဆွယ်(မှော်ဘီ)မှ တိုက်ခိုက်ရေးလေယာဉ်များသည် ဇန်နဝါရီ(၂၀) မှ (၂၄)ရက်အတွင်း၌ ရာသီဥတုကောင်းမွန်ချိန်မှ အသံထက်မြန်သောနှုန်းဖြင့် အမြင့်ပေ (၁၂၀၀၀)မီတာမှ ပျံသန်း ကြမှာလည်းဖြစ်ပါတယ်။

ထိုသို့ပျံသန်းမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်တွေကို ဖြတ်သန်းပျံ သန်းမှာလည်းဖြစ်ပါတယ်။

ထို့ကြောင့် အဆိုပါဒေသရှိ ရဟန်း/ရှင်လူများ စိုးရိမ်ထိပ်လန့်မှုမဖြစ်ရန် တပ်မတော်(လေ) အသိပေးလိုက်တာ လည်း ဖြစ်ပါတယ်။

#PeopleMedia #တပ်မတော်-လေ


Share this post